အီရတ္တြင္ ျပန္ေပးဆြဲခံရသည့္ အေမရိကန္ ၃ ဦး ျပန္လည္လြတ္ေျမာက္

အီရတ္ႏိုင္ငံ၊ ဘဂၢဒတ္ ေျမပံုအား ေတြ႕ရစဥ္ (အင္တာနက္)
    ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၁၇ ရက္ (ဆင္ဟြာ)

    အီရတ္ႏိုင္ငံတြင္ လြန္ခဲ႔သည့္လက ေပ်ာက္ဆံုးေၾကာင္း ေၾကညာထားသည့္ အေမရိကန္ ၃ ဦးမွာ လြတ္ေျမာက္ လာၿပီးျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး႒ာနက ေဖေဖာ္ဝါရီလ ၁၆ ရက္ အတည္ျပဳေျပာၾကားလိုက္ သည္။

“သူတို႔ တစ္ေယာက္ခ်င္းစီ ေဘးအႏၱရာယ္ကင္းကင္းနဲ႔ လြတ္ေျမာက္ႏိုင္ေအာင္ အားထုတ္ႀကိဳးပမ္းေပးခဲ႔တဲ႔ အီရတ္ အစိုးရ၊ လံုျခံဳေရးတပ္ဖြဲ႕၊ ကာကြယ္ေရးဝန္ႀကီး႒ာနနဲ႔ ေထာက္လွမ္းေရး အဖြဲ႕တို႔ကို ေက်းဇူးတင္ပါ တယ္” ဟု ႏိုင္ငံျခားေရးဝန္ႀကီး ႒ာန ေျပာေရးဆိုခြင့္ရွိသူ မာ့ခ္တိုနာက သတင္းထုတ္ျပန္ခ်က္တြင္ ေျပာခဲ႔သည္။

လြတ္ေျမာက္လာသည့္ အေမရိကန္ ၃ ဦးမွာ မည္သူမည္ဝါျဖစ္ေၾကာင္းကိုမူ သတင္းထုတ္ျပန္ခ်က္၌ အေသး စိတ္ မေဖာ္ျပထားေပ။

စစ္ေရးနည္းျပမ်ား အျဖစ္လုပ္ကိုင္ေနေသာ အေမရိကန္ ၃ ဦးအား အီရတ္ ႏိုင္ငံ ၿမိဳ႕ေတာ္ ဘဂၢဒက္္ ၿမိဳ႕ ဒိုရာ (Doura) ခရိုင္ ေတာင္ဘက္ရွိ ဘာသာျပန္ တစ္ဦး ေနထိုင္လ်က္ ရွိေသာ ေနအိမ္တစ္ခုတြင္ ဇန္နယါရီလ ၁၇ ရက္က စစ္ယူနီေဖာင္းမ်ား ဝတ္ဆင္ထားသည့္ ေသနတ္သမား အုပ္စုက ဝင္ေရာက္ တိုက္ခိုက္ကာ ေခၚေဆာင္ သြားခဲ႔ျခင္း ျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
........
 အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ် မြေပုံအား တွေ့ရစဉ် (အင်တာနက်)
    ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

    အီရတ်နိုင်ငံတွင် လွန်ခဲ့သည့်လက ပျောက်ဆုံးကြောင်း ကြေညာထားသည့် အမေရိကန် ၃ ဦးမှာ လွတ်မြောက် လာပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီလ ၁၆ ရက် အတည်ပြုပြောကြားလိုက် သည်။

“သူတို့ တစ်ယောက်ချင်းစီ ဘေးအန္တရာယ်ကင်းကင်းနဲ့ လွတ်မြောက်နိုင်အောင် အားထုတ်ကြိုးပမ်းပေးခဲ့တဲ့ အီရတ် အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာနနဲ့ ထောက်လှမ်းရေး အဖွဲ့တို့ကို ကျေးဇူးတင်ပါ တယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက သတင်းထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

လွတ်မြောက်လာသည့် အမေရိကန် ၃ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကိုမူ သတင်းထုတ်ပြန်ချက်၌ အသေး စိတ် မဖော်ပြထားပေ။

စစ်ရေးနည်းပြများ အဖြစ်လုပ်ကိုင်နေသော အမေရိကန် ၃ ဦးအား အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက်် မြို့ ဒိုရာ (Doura) ခရိုင် တောင်ဘက်ရှိ ဘာသာပြန် တစ်ဦး နေထိုင်လျက် ရှိသော နေအိမ်တစ်ခုတွင် ဇန်နယါရီလ ၁၇ ရက်က စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် သေနတ်သမား အုပ်စုက ဝင်ရောက် တိုက်ခိုက်ကာ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment