![]() |
ဆီးရီးယားႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူး သံတမန္ စတပ္ဖန္ ဒီ မစ္တူရာအား ေဖေဖာ္ဝါရီလ ၁၆ ရက္က သတင္းေထာက္မ်ား ေမးျမန္းေနစဥ္ (ဆင္ဟြာ) |
ဆီးရီးယားႏိုင္ငံေရးႏွင့္ပတ္သက္၍ ဆီးရီးယား၏ ၿပိဳင္ဘက္ အုပ္စုမ်ား ေဖေဖာ္ဝါရီလ ၂၅ ရက္ ေစ့စပ္ေဆြးေႏြး ေရး စားပြဲဝိုင္းမ်ားေပၚသို႔ ျပန္လည္္ေရာက္ရွိလာေရးအတြက္ ဆီးရီးယားႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူး သံတမန္ စတပ္ဖန္ ဒီ မစ္တူရာ ဆက္လက္ ႀကိဳးပမ္းလ်က္ရွိေၾကာင္း ကုလသမဂၢ ျပန္ၾကားေရး႒ာန ညႊန္ၾကား ေရးမွဴး အာမတ္ ေဖာဇီး (Ahmad Fawzi) က ေဖေဖာ္ဝါရီလ ၁၆ ရက္က သတင္းသမားမ်ားအား ေျပာခဲ႔သည္။
စစ္မက္ဒဏ္ခံစားေနရေသာ ဆီးရီးယားႏိုင္ငံ အေျခအေနမွာ ဆက္လက္ ဆိုးရြားေနေၾကာင္းႏွင့္ ကတိကဝတ္ မ်ားအား ေရွ႕ဆက္လုပ္ေဆာင္သြားရန္ လိုအပ္ေၾကာင္း ေဖာဇီးက ဆိုသည္။
အထူးသံ ဒီ မစ္တူရာ အေနျဖင့္ ဆီးရီးယား သမၼတ ဘာရွာ အယ္လ္-အာဆတ္အား ဆန္႔က်င္သည့္ အုပ္စုမ်ား ႏွင့္ ယံုၾကည္မႈ တည္ေဆာက္ႏိုင္ခဲ႔သလို ယခုလ အေစာပိုင္းက ေဆြးေႏြးပြဲသို႔ ေရာက္ရွိလာေအာင္ စည္းရံုးႏိုင္ခဲ႔ ေၾကာင္း ေဖာဇီးက ေျပာသည္။
ထို႔ျပင္ ဒီ မစ္တူရာသည္ ဆီးရီးယား ႏိုင္ငံျခားေရးဝန္ႀကီး Walid al-Muallem ဦးေဆာင္သည့္ အဖြဲ႕ႏွင့္အတူ ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ႒ာေန ညႇိႏိႈင္းေရးမွဴး Yacoub El Hillo တို႔ႏွင့္ ယေန႔ (ေဖေဖာ္ဝါရီလ ၁၇ ရက္) တြင္ ေတြ႕ဆံုခဲ႔သည္။
ယင္းသို႔ ေတြ႕ဆံုရာ၌ စစ္တပ္ဝန္းရံထားသည့္ ဧရိယာအတြင္းသို႔ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီ ေပးအပ္ႏိုင္ေရး၊ ဆီးရီးယား ႏိုင္ငံသား တစ္ဦးခ်င္းထံသို႔ အေထာက္အပံ့မ်ား ေရာက္ရွိေရး စသည့္ ကိစၥရပ္မ်ား ေဆြးေႏြးခဲ႔ေၾကာင္း ဒီ မစ္တူရာက ရွင္းျပခဲ႔သည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ ၁၈ ရက္တြင္ ဂ်ီနီဗာ၌ ႏိုင္ငံတကာ ဆီးရီးယား ေထာက္ပံ့ေရးအဖြဲ႕ (ISSG) ကိုယ္စား လွယ္မ်ား ပါဝင္သည့္ ဒုတိယ အႀကိမ္ေျမာက္ လူသားခ်င္းစာနာေထာက္ထားမႈ လုပ္ငန္းအဖြဲ႕ ႏွစ္ခု ေတြ႕ဆံုရန္ ရွ္ိေၾကာင္း ေဖာဇီက အတည္ျပဳေျပာၾကားလိုက္သည္။
အဆိုပါ အစည္းအေဝးတြင္ ဆီးရီးယားတြင္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား ေရာက္ရွိရန္ ခက္ခဲသည့္ ဧရိယာ အတြင္းရွိ ျပည္သူ ၄.၅ သန္းထံ အကူအညီ ေပးပို႔ျခင္းႏွင့္ ပက္သတ္၍ စိန္ေခၚမႈႏွင့္ လုပ္ထံုး လုပ္နည္းမ်ားအား ေဆြးေႏြးရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
.........
ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာအား ဖေဖော်ဝါရီလ ၁၆ ရက်က သတင်းထောက်များ မေးမြန်းနေစဉ် (ဆင်ဟွာ)
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံရေးနှင့်ပတ်သက်၍ ဆီးရီးယား၏ ပြိုင်ဘက် အုပ်စုများ ဖေဖော်ဝါရီလ ၂၅ ရက် စေ့စပ်ဆွေးနွေး ရေး စားပွဲဝိုင်းများပေါ်သို့ ပြန်လည််ရောက်ရှိလာရေးအတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတပ်ဖန် ဒီ မစ်တူရာ ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း ကုလသမဂ္ဂ ပြန်ကြားရေးဋ္ဌာန ညွှန်ကြား ရေးမှူး အာမတ် ဖောဇီး (Ahmad Fawzi) က ဖေဖော်ဝါရီလ ၁၆ ရက်က သတင်းသမားများအား ပြောခဲ့သည်။
စစ်မက်ဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံ အခြေအနေမှာ ဆက်လက် ဆိုးရွားနေကြောင်းနှင့် ကတိကဝတ် များအား ရှေ့ဆက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဖောဇီးက ဆိုသည်။
အထူးသံ ဒီ မစ်တူရာ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်-အာဆတ်အား ဆန့်ကျင်သည့် အုပ်စုများ နှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလို ယခုလ အစောပိုင်းက ဆွေးနွေးပွဲသို့ ရောက်ရှိလာအောင် စည်းရုံးနိုင်ခဲ့ ကြောင်း ဖောဇီးက ပြောသည်။
ထို့ပြင် ဒီ မစ်တူရာသည် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး Walid al-Muallem ဦးဆောင်သည့် အဖွဲ့နှင့်အတူ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဋ္ဌာနေ ညှိနှိုင်းရေးမှူး Yacoub El Hillo တို့နှင့် ယနေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) တွင် တွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံရာ၌ စစ်တပ်ဝန်းရံထားသည့် ဧရိယာအတွင်းသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်နိုင်ရေး၊ ဆီးရီးယား နိုင်ငံသား တစ်ဦးချင်းထံသို့ အထောက်အပံ့များ ရောက်ရှိရေး စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ဒီ မစ်တူရာက ရှင်းပြခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဂျီနီဗာ၌ နိုင်ငံတကာ ဆီးရီးယား ထောက်ပံ့ရေးအဖွဲ့ (ISSG) ကိုယ်စား လှယ်များ ပါဝင်သည့် ဒုတိယ အကြိမ်မြောက် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းအဖွဲ့ နှစ်ခု တွေ့ဆုံရန် ရှ်ိကြောင်း ဖောဇီက အတည်ပြုပြောကြားလိုက်သည်။
အဆိုပါ အစည်းအဝေးတွင် ဆီးရီးယားတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိရန် ခက်ခဲသည့် ဧရိယာ အတွင်းရှိ ပြည်သူ ၄.၅ သန်းထံ အကူအညီ ပေးပို့ခြင်းနှင့် ပက်သတ်၍ စိန်ခေါ်မှုနှင့် လုပ်ထုံး လုပ်နည်းများအား ဆွေးနွေးရန် ရည်ရွယ်ထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment