ပင္လယ္ေရျမင့္လို႔ ကြ်န္းတုေဆာက္ဖို႔ စဥ္းစားေန

ကီရီဘာတီႏိုင္ငံ Fanning ကြ်န္း (Credit: AAP) 
ကမာၻႀကီး ​ပူေႏြးလာမႈေၾကာင့္ ​ပင္လယ္ေရ ​ျမင့္တက္လာေနတဲ့အတြက္ ​Kiribati ​ကီရီဘာတီ ​ကြ်န္းႏိုင္ငံ ​ေရေအာက္ ​မေရာက္သြားေအာင္ ​ကြ်န္းအတုေတြ ​တည္ေဆာက္ဖို႔ ​ကီရီဘာတီ ​အစိုးရက ​စီစဥ္ေနပါတယ္။

ကြ်န္းအတုကို ​တည္ေဆာက္ရာမွာလည္း ​UAE ​လို႔ေခၚတဲ့ ​အာရပ္ေစာ္ဘြားမ်ား ​ႏိုင္ငံက ​ပညာရွင္ေတြကို ​အကူအညီေတာင္းႏိုင္တယ္လို႔ ​ကီရီဘာတီ ​သမၼတက ​ေအဘီစီကို ​ေျပာပါတယ္။

ကမာၻ႔ႏိုင္ငံ ​ေခါင္းေဆာင္ေတြက ​ကမာၻ႔အပူခ်ိန္ကို ​ေလွ်ာ့ခ်ၾကမယ္လို႔ ​ေျပာဆိုေနၾကေပမယ့္ ​ႏွစ္ေပါင္း ​၁၀၀ ​က်ရင္ ​ကီရီဘာတီကြ်န္းဟာ ​ေရေအာက္ေရာက္မယ့္ ​အေနအထား ​ရွိတာေၾကာင့္ ​ကြ်န္းအတုေတြ ​ေဆာက္ဖို႔ ​စဥ္းစားေနတာလို႔ ​သမၼတ ​Anote ​Tong ​က ​ေျပာပါတယ္။ ​UAE ​ႏိုင္ငံဟာ ​ကြ်န္းအတုေတြကို ​တည္ေဆာက္ရာမွာ ​နာမည္ႀကီးတာေၾကာင့္ ​UAE ​ကို ​နည္းပညာ ​အကူအညီေတာင္းဖို႔ ​စဥ္းစားေနတာ ​ျဖစ္ပါတယ္။

ကီရီဘာတီ ​ကြ်န္းႏိုင္ငံကို ​ျမင့္တင္ဖို႔အတြက္ ​အေမရိကန္ ​ေဒၚလာ ​သန္း ​၁၀၀ ​ေလာက္ ​ကုန္ၾကႏိုင္တယ္လို႔ ​ဆိုပါတယ္။

UAE ​ႏိုင္ငံမွာ ​ျပဳလုပ္တဲ့ ​ကြ်န္းအတုကေတာ့ ​အေမရိကန္ ​ေဒၚလာ ​၁၂ ​ဘီလီယံေတာင္ ​ကုန္က်ခဲ့တယ္လို႔ ​သိရပါတယ္။ ​ကီရီဘာတီႏိုင္ငံက ​သႏာၱေက်ာက္တန္း ​ေရလက္ၾကား ​၃၃ ​ခုဟာ ​ ပင္လင္ေရရဲ့ ​၆ ​မီတာ ​အျမင့္မွာသာ ​တည္ရွိေနတာ ​ျဖစ္ပါတယ္။

ၾသစေၾတးလ်ႏိုင္ငံ ​မိုးေလဝသနဲ႔ ​ဇလေဗဒ ​ပညာရွင္ေတြရဲ့ ​အဆိုအရ ​၁၉၉၂ ​ခုႏွစ္ေနာက္ပိုင္း ​ကီရီဘာတီ ​ႏိုင္ငံရဲ့ ​ပင္လယ္ေရဟာ ​တစ္ႏွစ္ကို ​၇.၃ ​မီလီမီတာ ​ႏွဳန္းနဲ႔ ​ျမင့္တက္လာေနတယ္လို႔ ​ဆိုပါတယ္။ ​အခုေလာေလာဆယ္မွာေတာင္ ​ပင္လယ္ေရ ​ျမင့္တက္လာမႈေၾကာင့္ ​တခ်ဳိ႕လူေတြဟာ ​ေနရာေျပာင္းေရႊ႕မႈေတြ ​လုပ္ေနရၿပီ ​ျဖစ္ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
..........
 ကီရီဘာတီနိုင်ငံ Fanning ကျွန်း (Credit: AAP)
ကမ္ဘာကြီး ​ပူနွေးလာမှုကြောင့် ​ပင်လယ်ရေ ​မြင့်တက်လာနေတဲ့အတွက် ​Kiribati ​ကီရီဘာတီ ​ကျွန်းနိုင်ငံ ​ရေအောက် ​မရောက်သွားအောင် ​ကျွန်းအတုတွေ ​တည်ဆောက်ဖို့ ​ကီရီဘာတီ ​အစိုးရက ​စီစဉ်နေပါတယ်။

ကျွန်းအတုကို ​တည်ဆောက်ရာမှာလည်း ​UAE ​လို့ခေါ်တဲ့ ​အာရပ်စော်ဘွားများ ​နိုင်ငံက ​ပညာရှင်တွေကို ​အကူအညီတောင်းနိုင်တယ်လို့ ​ကီရီဘာတီ ​သမ္မတက ​အေဘီစီကို ​ပြောပါတယ်။

ကမ္ဘာ့နိုင်ငံ ​ခေါင်းဆောင်တွေက ​ကမ္ဘာ့အပူချိန်ကို ​လျှော့ချကြမယ်လို့ ​ပြောဆိုနေကြပေမယ့် ​နှစ်ပေါင်း ​၁၀၀ ​ကျရင် ​ကီရီဘာတီကျွန်းဟာ ​ရေအောက်ရောက်မယ့် ​အနေအထား ​ရှိတာကြောင့် ​ကျွန်းအတုတွေ ​ဆောက်ဖို့ ​စဉ်းစားနေတာလို့ ​သမ္မတ ​Anote ​Tong ​က ​ပြောပါတယ်။ ​UAE ​နိုင်ငံဟာ ​ကျွန်းအတုတွေကို ​တည်ဆောက်ရာမှာ ​နာမည်ကြီးတာကြောင့် ​UAE ​ကို ​နည်းပညာ ​အကူအညီတောင်းဖို့ ​စဉ်းစားနေတာ ​ဖြစ်ပါတယ်။

ကီရီဘာတီ ​ကျွန်းနိုင်ငံကို ​မြင့်တင်ဖို့အတွက် ​အမေရိကန် ​ဒေါ်လာ ​သန်း ​၁၀၀ ​လောက် ​ကုန်ကြနိုင်တယ်လို့ ​ဆိုပါတယ်။

UAE ​နိုင်ငံမှာ ​ပြုလုပ်တဲ့ ​ကျွန်းအတုကတော့ ​အမေရိကန် ​ဒေါ်လာ ​၁၂ ​ဘီလီယံတောင် ​ကုန်ကျခဲ့တယ်လို့ ​သိရပါတယ်။ ​ကီရီဘာတီနိုင်ငံက ​သန္တာကျောက်တန်း ​ရေလက်ကြား ​၃၃ ​ခုဟာ ​ ပင်လင်ရေရဲ့ ​၆ ​မီတာ ​အမြင့်မှာသာ ​တည်ရှိနေတာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ ​မိုးလေဝသနဲ့ ​ဇလဗေဒ ​ပညာရှင်တွေရဲ့ ​အဆိုအရ ​၁၉၉၂ ​ခုနှစ်နောက်ပိုင်း ​ကီရီဘာတီ ​နိုင်ငံရဲ့ ​ပင်လယ်ရေဟာ ​တစ်နှစ်ကို ​၇.၃ ​မီလီမီတာ ​နှုန်းနဲ့ ​မြင့်တက်လာနေတယ်လို့ ​ဆိုပါတယ်။ ​အခုလောလောဆယ်မှာတောင် ​ပင်လယ်ရေ ​မြင့်တက်လာမှုကြောင့် ​တချို့လူတွေဟာ ​နေရာပြောင်းရွှေ့မှုတွေ ​လုပ်နေရပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment