ဗုံးတိုက္ခိုက္မႈ ျဖစ္ေပၚၿပီးေနာက္ အလက္ပိုၿမိဳ႕က ကေလးေတြကို ေတြ႔ရစဥ္ (Credit: Reuters) |
အလက္ပိုၿမိဳ႕ကို သူပုန္တပ္ဖြဲ႔က သိမ္းပိုက္ထားတာျဖစ္ၿပီး အဲဒီၿမိဳ႕ကို ျပန္ရဖို႔ ရုရွားရဲ့ အကူအညီနဲ႔ ဆီးရီးယား တပ္ေတြက ထိုးစစ္ဆင္ေနတာ ျဖစ္ပါတယ္။
စစ္အတြင္းမွာ ထြက္ေျပးတိမ္းေရွာင္ႏိုင္တဲ့ လူေပါင္း ေသာင္းခ်ီကေတာ့ တူရကီ နယ္စပ္ဘက္ကို တိမ္းေရွာင္ႏိုင္ၾကပါတယ္။
ဒါ့အျပင္ လူေပါင္း တစ္ေသာင္းခြဲေလာက္ဟာ Kurdish တပ္ေတြရွိရာဘက္ကို အခ်ိန္မွီ တိမ္းေရွာင္ႏိုင္ခဲ့တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။
လူေပါင္း သုံးသိန္းေလာက္ ၿမိဳ႕မွာပဲ ပိတ္မိေနၿပီး တခ်ဳိ႕လူေတြ အစာအာဟာရ ျပတ္လတ္မႈေတြ ျဖစ္ေနတာေၾကာင့္ အလက္ပို ၿမိဳ႕ကို ဝိုင္းထားတဲ့ ဆီးရီးယား စစ္တပ္ေတြ အေနနဲ႔ ကူညီကယ္ဆယ္ေရး ပစၥည္းေတြကို ဝင္ခြင့္ေပးရမယ္လို႔လည္း ေျပာပါတယ္။
အခုေလာေလာဆယ္ တူရကီႏိုင္ငံထဲ ခိုလွဳံဖို႔ ႀကိဳးစားတဲ့ လူေတြကို တူရကီက ဝင္ခြင့္မေပးပဲ နယ္စပ္မွာ ေနထိုင္ႏိုင္ေအာင္ တဲအိမ္ေတြ၊ အစားအေသာက္ေတြကို ပို႔ေဆာင္ေပးေနပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
.............
ဗုံးတိုက်ခိုက်မှု ဖြစ်ပေါ်ပြီးနောက် အလက်ပိုမြို့က ကလေးတွေကို တွေ့ရစဉ် (Credit: Reuters)
ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ လူပေါင်း သုံးသိန်းလောက် ပိတ်မိနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အလက်ပိုမြို့ကို သူပုန်တပ်ဖွဲ့က သိမ်းပိုက်ထားတာဖြစ်ပြီး အဲဒီမြို့ကို ပြန်ရဖို့ ရုရှားရဲ့ အကူအညီနဲ့ ဆီးရီးယား တပ်တွေက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
စစ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နိုင်တဲ့ လူပေါင်း သောင်းချီကတော့ တူရကီ နယ်စပ်ဘက်ကို တိမ်းရှောင်နိုင်ကြပါတယ်။
ဒါ့အပြင် လူပေါင်း တစ်သောင်းခွဲလောက်ဟာ Kurdish တပ်တွေရှိရာဘက်ကို အချိန်မှီ တိမ်းရှောင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လူပေါင်း သုံးသိန်းလောက် မြို့မှာပဲ ပိတ်မိနေပြီး တချို့လူတွေ အစာအာဟာရ ပြတ်လတ်မှုတွေ ဖြစ်နေတာကြောင့် အလက်ပို မြို့ကို ဝိုင်းထားတဲ့ ဆီးရီးယား စစ်တပ်တွေ အနေနဲ့ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ဝင်ခွင့်ပေးရမယ်လို့လည်း ပြောပါတယ်။
အခုလောလောဆယ် တူရကီနိုင်ငံထဲ ခိုလှုံဖို့ ကြိုးစားတဲ့ လူတွေကို တူရကီက ဝင်ခွင့်မပေးပဲ နယ်စပ်မှာ နေထိုင်နိုင်အောင် တဲအိမ်တွေ၊ အစားအသောက်တွေကို ပို့ဆောင်ပေးနေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment