ေျမာက္ကုိရီးယား လႊတ္တင္ခဲ့ေသာ ၿဂိဳဟ္တုသည္ ကမၻာပတ္လမ္းေၾကာင္း အတြင္း လည္ပတ္မႈမရွိျဖစ္ေနဟု အေမရိကန္ ေျပာၾကား
၀ါရွင္တန္ ၊ ၁၀-၂-၂၀၁၆
ၿပီးခဲ့သည့္ ရက္သတၱပတ္ အကုန္ပိုင္းက ေျမာက္ကိုရီးယား ႏိုင္ငံက လႊတ္တင္ခဲ့ေသာ ၿဂိဳဟ္တုသည္ ၂ဝ၁၂ ခုႏွစ္ ဒီဇင္ဘာလတြင္ လႊတ္တင္ခဲ့ေသာ ၿဂိဳဟ္တုကဲ့သို႔ပင္ ကမၻာပတ္ လမ္းေၾကာင္း အတြင္း၌ လည္ပတ္မႈမရွိ ျဖစ္ေနေၾကာင္း အေမရိကန္ အာဏာပိုင္ အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။
ေျမာက္ကိုရီးယား က လႊတ္တင္လိုက္သည့္ Unha 3 ဒံုးပ်ံယာဥ္သည္ ကမၻာပတ္ လမ္းေၾကာင္းအတြင္း စတင္ဝင္ေရာက္ လာကတည္းက ပတ္လမ္းအတြင္း၌ လူးလိမ့္လ်က္ ရွိေၾကာင္း၊ ၄င္းႏွင့္အတူ သယ္ေဆာင္ လာခဲ့ေသာ ၿဂိဳဟ္တု သည္ ေကာင္းမြန္စြာ အလုပ္မလုပ္ ေသာ္လည္း ကမၻာပတ္ လမ္းေၾကာင္း အတြင္းသို႔ ေရာက္ရွိသြားၿပီ ျဖစ္ေသာေၾကာင့္ ၄င္းတို႔၏ လႊတ္တင္မႈမွာ ေအာင္ျမင္ သည္ဟု ေျမာက္ကိုရီး ယား အစိုးရက ယူဆလ်က္ ရွိေၾကာင္း သိရသည္။
ေျမာက္ကိုရီးယား အစိုးရသည္ ၿဂိဳဟ္တု လႊတ္တင္မႈ နည္းပညာကို အသံုးျပဳ၍ ႏိုင္ငံ အတြင္းသို႔ ႏ်ဴကလီးယား ပဲ့ထိန္းဒံုးက်ည္ ျဖင့္ ပစ္ခတ္ လာႏိုင္ေၾကာင္း အေမရိကန္ အစိုးရက ေျပာၾကား ထားသည္။
PyiChitThar
http://www.pyichitthar.com
..............
ယနေ့ နံနက် ၉ နာရီ ၄၄ မိနစ်တွင် နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို ့နယ် အတွင်းရှိ ရွှေပြည် သာ အုပ်စု ကြံခင်း ကျေးရွာပိုင် ပဲစိုက်ခင်းအတွင်းသို့ တပ်မတော်(လေ)မှ လေကျင့်ရေး လေယာဉ် တစ်စီး ပျက် ကျ ခဲ့ရာ တပ်တော်(လေ)မှ လေယာဉ်ပေါ်လိုက်ပါလာသူ ၁ ဦးမှာ ဒါဏ်ရာ ပြင်းထန်စွာရပြီး နောက် ၄ ဦးမှာပွဲချင်းပြီး သေဆုံးခဲ့သည်။
အဆိုပါလေယာဉ်မှာ နေပြည်တော် လယ်ဝေး လေယာဉ်ကွင်းမှ မြောက်ဘက်သို့ထောင်တက်စဉ် အင်ဂျင် ချို့ယွင်းမှု တစ်စုံ တရာ ဖြစ်နိုင်ခြေရှိသည့် အတွက် အောက်သို့ပြန်ဆင်းရန် ယင်းလေယာဉ် ၏ တာဝန်ရှိသူ အရာရှိက မြေပြင်မှ အမိန် ့ပေးခဲ့ရာတွင် ထိုသို ့အောက်သို့ ပြန်လည် ဆင်းသက်စဉ် ပျက်ကျခဲ့သည်ဟု အခင်း ဖြစ်စဉ် သို့လာရောက်သော တပ်မတော်လေ မှ အရာရှိတစ်ဦး ကပြောသည်။
ထိုသို့လေယာဉ်ပျက် ကျနေစဉ် အခိုက်အတန့်တွင် လေယာဉ် ပျက်ကျခဲ့သည့် ကွင်း နှင့် ကပ်လျှက်ရှိသော ကြံခင်းရွာမှ ပဲစိုက်တောင်သူ ဦးဝင်းမြင့်က “ ကျနော် ပဲခင်းစောင့်နေတယ် လေယာဉ် ပျက်ကျ တာ ကျနော် ကွင်း နဲ့ ကပ်ရပ် ဆိုတော့ တော် တော် လန့်သွားတယ် လေယာဉ် တက်ကတည်းက အသံက တစ်မျိုးပဲ၊ ဒီလိုဖြစ်ခဲ့တာ ဒီလေယာဉ်ကွင်း ရှိပြီးမှ အခု တစ်ကြိမ်ပဲဖြစ်တာ ၊ လေယာဉ် က အောက်ကိုကျတော့ မီးလောင်တာ အများကြီး ပဲ လေယာဉ် ပေါ်မှာ ပါတဲ့ ပစ္စည်းတွေလည်း ပြန် ့ကြဲနေတယ်၊ ရွာသားတွေလည်း သံချောင်းတွေခေါက်ပြီး မီးဝိုင်းငြိမ်းဖို့ ထွက် လာကြတယ် ၊ အာဏာပိုင်တွေကတော့ ၁၅ မိနစ် လောက်မှာရောက်လာကြတယ်၊ သူတို့ကတော့ ရွာဘက်ကို ကျမှာစိုးလို့ အပြင်ဘက်ကို အတောင်စောင်းပြီး လှည့် ဆင်းခဲ့တဲ့သဘောရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန် ၁၂ နာရီ အချိန်အထိ သက်ဆိုင်ရာများဘက်မှ ထို ဖြစ်စဉ်အပေါ် သတင်းထုတ်ပြန်မှု သတင်းအတည်ပြုမှု တစ်စုံ တရာ မရှိပဲ ဆိတ်ငြိမ်နေ ဆဲဖြစ်သည်။
လယ်ဝေးမြို့နယ် ကြံခင်းရွာ တောင်ဘက် တည့်တည့်ရှိ ၀ဲကြီးရွာ မှတောင်သူ ဦးချစ်ဆည် ပိုင် ပဲစိုက်ခင်း ထဲသို့ ထိုးဆင်းကာပျက်ကျ ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ဒါဏ်ရာရသူမှာ ဆေးရုံသို့ တင်ပို့ခဲ့ပြီး ကျန် သေဆုံးသူအလောင်း ၄ လောင်းကိုလည်း ၁၀ နာရီခွဲ အချိန်ခန့်က ပြန်လည်ဆည် ယူနိုင်ခဲ့ပြီ ဖြစ်ကာ လေယာဉ် ပျက်သည့် ဖြစ်စဉ် တွင် တာဝန်ရှိသူများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျှက်ရှိကြသည်။
၀ါရှင်တန် ၊ ၁၀-၂-၂၀၁၆
ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက မြောက်ကိုရီးယား နိုင်ငံက လွှတ်တင်ခဲ့သော ဂြိုဟ်တုသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလတွင် လွှတ်တင်ခဲ့သော ဂြိုဟ်တုကဲ့သို့ပင် ကမ္ဘာပတ် လမ်းကြောင်း အတွင်း၌ လည်ပတ်မှုမရှိ ဖြစ်နေကြောင်း အမေရိကန် အာဏာပိုင် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြောက်ကိုရီးယား က လွှတ်တင်လိုက်သည့် Unha 3 ဒုံးပျံယာဉ်သည် ကမ္ဘာပတ် လမ်းကြောင်းအတွင်း စတင်ဝင်ရောက် လာကတည်းက ပတ်လမ်းအတွင်း၌ လူးလိမ့်လျက် ရှိကြောင်း၊ ၄င်းနှင့်အတူ သယ်ဆောင် လာခဲ့သော ဂြိုဟ်တု သည် ကောင်းမွန်စွာ အလုပ်မလုပ် သော်လည်း ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ၄င်းတို့၏ လွှတ်တင်မှုမှာ အောင်မြင် သည်ဟု မြောက်ကိုရီး ယား အစိုးရက ယူဆလျက် ရှိကြောင်း သိရသည်။
မြောက်ကိုရီးယား အစိုးရသည် ဂြိုဟ်တု လွှတ်တင်မှု နည်းပညာကို အသုံးပြု၍ နိုင်ငံ အတွင်းသို့ နျူကလီးယား ပဲ့ထိန်းဒုံးကျည် ဖြင့် ပစ်ခတ် လာနိုင်ကြောင်း အမေရိကန် အစိုးရက ပြောကြား ထားသည်။
PyiChitThar
http://www.pyichitthar.com
ခိုင်ထူးလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
0 comments:
Post a Comment