ဆီးရီးယား ၿငိမ္းခ်မ္းေရး စကားေျပာပြဲ ရပ္ဆိုင္း (ဆီးရီးယား ငြိမ်းချမ်းရေး စကားပြောပွဲ ရပ်ဆိုင်း )

 ေဖေဖၚဝါရီ ၂၅ ရက္ေန႔ စကားေျပာပြဲ ေတြ ျပန္လည္ မစတင္ ခင္ ႀကိဳတင္ ျပင္ဆင္ ျပဳလုပ္ရမွာ ေတြ ရွိေနတယ္။
ဆီးရီးယား ျပည္တြင္းစစ္ အဆုံးသတ္နိုင္ေရး အတြက္ ရည္ရြယ္ ျပဳလုပ္ေနတဲ့ စကားေျပာပြဲ ေတြကို ေခတၱ ရပ္နားမယ္ လို႔ ကုလသမဂၢ က ေျပာပါတယ္။

အခုလို ရပ္နားရ တဲ့ အတြက္ ဂ်နီဗာ စကားေျပာပြဲ မေအာင္မျမင္ ျဖစ္သြားၿပီ လို႔ေတာ့ အဓိပၸာယ္ မသက္ေရာက္ဘူး ဆိုၿပီး ဆီးရီးယား ဆိုင္ရာ ကုလသမဂၢ ရဲ့ အထူး ကိုယ္စားလွယ္ စတယ္ဖန္ ဒီ မစၥတူရာ က ေျပာပါတယ္။

ဒါေပမယ့္ ေဖေဖၚဝါရီ ၂၅ ရက္ေန႔ စကားေျပာပြဲ ေတြ ျပန္လည္ မစတင္ ခင္ ႀကိဳတင္ ျပင္ဆင္ ျပဳလုပ္ရမွာ ေတြ ရွိေနတယ္ လို႔ေတာ့ မစၥတာ ဒီမစၥတူရာ က ဆိုပါတယ္။

ဆီးရီးယား အစိုးရနဲ႔ သူတို႔ရဲ့ မဟာမိတ္ ႐ုရွား တို႔ရဲ့ ေလေၾကာင္းက ဗုံးၾကဲ တိုက္ခိုက္ မွု ေတြ မရပ္မတန္႔ မျခင္း အစိုးရ ကိုယ္စားလွယ္ ေတြနဲ႔ ညႇိႏွိုင္းမွု ေတြ မျပဳလုပ္ နိုင္ဘူး ဆိုၿပီး ဆီးရီးယား အတိုက္အခံ ညြန္႔ေပါင္း အဖြဲ႕ က ေျပာထား ပါတယ္။

ဒါ့အျပင္ ဆီးရီးယား သူပုန္ေတြ ထိန္းခ်ဳပ္ရာ နယ္ေျမေတြကို အစိုးရနဲ႔ အစိုးရ ကို လိုလားတဲ့ လက္နက္ကိုင္ အဖြဲ႕ေတြ ပိတ္ဆို႔ ထားတာ ကိုလည္း ႐ုတ္သိမ္း ေပးရမယ္ လို႔လည္း ေတာင္းဆို ထားပါတယ္။

ဂ်နီဗာၿမိဳ႕ ေဆြးေႏြးပြဲ ေတြ ေရွ႕ဆက္နိုင္ဖို႔ မစၥတာ ဒီမစၥတူရာ ႀကိဳးစား ေနတဲ့ အခု ရက္ေတြ မွာ သူပုန္ ေတြဘက္က ေတာင္းဆို ထားတာ ေတြ ကို ဆီးရီးယား အစိုးရ ဘက္က တစ္ခုမွ မလိုက္ေလ်ာ ခဲ့ပါဘူး။

အခုလို ဂ်နီဗာ ေဆြးေႏြးပြဲ မရပ္တန္႔ေသးခင္ နာရီ အနည္းငယ္ ကပဲ သမၼတ အယ္လ္ အာဆတ္ရဲ့ တပ္ေတြဟာ နိုင္ငံရဲ့ ေျမာက္ပိုင္းမွာ ထိုးစစ္ အသစ္ေတြ ျပဳလုပ္ ခဲ့ပါတယ္။

အလက္ပ္ပို ေဒသထဲ သူပုန္ေတြ ၃ ႏွစ္တာ ဝိုင္းဝန္း ပိတ္ဆို႔ တာ ခံေနရတဲ့ ၿမိဳ႕ ႏွစ္ၿမိဳ႕ ျဖစ္တဲ့ ႏြတ္ဘဲလ္ နဲ႔ ဇဟရာ ၿမိဳ႕ေတြ ရွိရာဆီ ထိုးေဖာက္ နိုင္ခဲ့တယ္ လို႔ အစိုးရ စစ္တပ္ က ေျပာပါတယ္။

ဒါ့ေၾကာင့္ အလက္ပ္ပို ၿမိဳ႕ေတာ္ ဆီ ကိုသြားတဲ့ သူပုန္ အုပ္စု ေတြ ရဲ့ ေထာက္ပံ့ေရး လမ္းေၾကာင္း ေတြကို အစိုးရ စစ္တပ္ က ၿခိမ္းေျခာက္ နိုင္တဲ့ အေနအထား မ်ိဳး ရရွိ လာပါတယ္။

အခုလို ဆီးရီးယား အစိုးရ စစ္တပ္ က ထိုးစစ္ ဆင္ ခဲ့တာ မွာ ႐ုရွား က ေလေၾကာင္း ပစ္ကူ ေတြ အႀကီးအက်ယ္ ေပးခဲ့ သလို၊ ေျမျပင္ မွာလည္း ရွီအာ လက္နက္ကိုင္ အုပ္စု ေတြ ျဖစ္တဲ့ လက္ဘႏြန္ အေျခစိုက္ ဟစ္ဇ္ဘိုလာ တပ္ဖြဲ႕ နဲ႔ အီရန္ ေက်ာေထာက္ ေနာက္ခံျပဳ လက္နက္ကိုင္ ေတြက ပူးေပါင္း ကူညီ ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
........................
  ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ စကားပြောပွဲ တွေ ပြန်လည် မစတင် ခင် ကြိုတင် ပြင်ဆင် ပြုလုပ်ရမှာ တွေ ရှိနေတယ်။
ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး အတွက် ရည်ရွယ် ပြုလုပ်နေတဲ့ စကားပြောပွဲ တွေကို ခေတ္တ ရပ်နားမယ် လို့ ကုလသမဂ္ဂ က ပြောပါတယ်။

အခုလို ရပ်နားရ တဲ့ အတွက် ဂျနီဗာ စကားပြောပွဲ မအောင်မမြင် ဖြစ်သွားပြီ လို့တော့ အဓိပ္ပာယ် မသက်ရောက်ဘူး ဆိုပြီး ဆီးရီးယား ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ အထူး ကိုယ်စားလှယ် စတယ်ဖန် ဒီ မစ္စတူရာ က ပြောပါတယ်။

ဒါပေမယ့် ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ စကားပြောပွဲ တွေ ပြန်လည် မစတင် ခင် ကြိုတင် ပြင်ဆင် ပြုလုပ်ရမှာ တွေ ရှိနေတယ် လို့တော့ မစ္စတာ ဒီမစ္စတူရာ က ဆိုပါတယ်။

ဆီးရီးယား အစိုးရနဲ့ သူတို့ရဲ့ မဟာမိတ် ရုရှား တို့ရဲ့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက် မှု တွေ မရပ်မတန့် မခြင်း အစိုးရ ကိုယ်စားလှယ် တွေနဲ့ ညှိနှိုင်းမှု တွေ မပြုလုပ် နိုင်ဘူး ဆိုပြီး ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့ က ပြောထား ပါတယ်။

ဒါ့အပြင် ဆီးရီးယား သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေတွေကို အစိုးရနဲ့ အစိုးရ ကို လိုလားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ပိတ်ဆို့ ထားတာ ကိုလည်း ရုတ်သိမ်း ပေးရမယ် လို့လည်း တောင်းဆို ထားပါတယ်။

ဂျနီဗာမြို့ ဆွေးနွေးပွဲ တွေ ရှေ့ဆက်နိုင်ဖို့ မစ္စတာ ဒီမစ္စတူရာ ကြိုးစား နေတဲ့ အခု ရက်တွေ မှာ သူပုန် တွေဘက်က တောင်းဆို ထားတာ တွေ ကို ဆီးရီးယား အစိုးရ ဘက်က တစ်ခုမှ မလိုက်လျော ခဲ့ပါဘူး။

အခုလို ဂျနီဗာ ဆွေးနွေးပွဲ မရပ်တန့်သေးခင် နာရီ အနည်းငယ် ကပဲ သမ္မတ အယ်လ် အာဆတ်ရဲ့ တပ်တွေဟာ နိုင်ငံရဲ့ မြောက်ပိုင်းမှာ ထိုးစစ် အသစ်တွေ ပြုလုပ် ခဲ့ပါတယ်။

အလက်ပ်ပို ဒေသထဲ သူပုန်တွေ ၃ နှစ်တာ ဝိုင်းဝန်း ပိတ်ဆို့ တာ ခံနေရတဲ့ မြို့ နှစ်မြို့ ဖြစ်တဲ့ နွတ်ဘဲလ် နဲ့ ဇဟရာ မြို့တွေ ရှိရာဆီ ထိုးဖောက် နိုင်ခဲ့တယ် လို့ အစိုးရ စစ်တပ် က ပြောပါတယ်။

ဒါ့ကြောင့် အလက်ပ်ပို မြို့တော် ဆီ ကိုသွားတဲ့ သူပုန် အုပ်စု တွေ ရဲ့ ထောက်ပံ့ရေး လမ်းကြောင်း တွေကို အစိုးရ စစ်တပ် က ခြိမ်းခြောက် နိုင်တဲ့ အနေအထား မျိုး ရရှိ လာပါတယ်။

အခုလို ဆီးရီးယား အစိုးရ စစ်တပ် က ထိုးစစ် ဆင် ခဲ့တာ မှာ ရုရှား က လေကြောင်း ပစ်ကူ တွေ အကြီးအကျယ် ပေးခဲ့ သလို၊ မြေပြင် မှာလည်း ရှီအာ လက်နက်ကိုင် အုပ်စု တွေ ဖြစ်တဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ နဲ့ အီရန် ကျောထောက် နောက်ခံပြု လက်နက်ကိုင် တွေက ပူးပေါင်း ကူညီ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment