









( Mario )


Ref : Dailymail

...............................................................

လိင်ဆက်ဆံရင်း သေဆုံးခဲ့တဲ့ အမျိုးသားကို ခေါ်သွားရာမှာ ပြည့်တန်ဆာမပါ တွဲရက် ပါသွား


လိင်ဆက်ဆံနေရင်း သေဆုံးသွားခဲ့တဲ့ ပင်စင်စားတစ်ဦးကို ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေက သူ့အိမ်ထဲကနေ ဘီးတပ်ကုတင်နဲ့ ဆွဲထုတ်သွားခဲ့ရာမှာ သူနဲ့အတူ လိင်ဆက်ဆံနေတဲ့ ပြည့်တန်ဆာမဟာလည်း တွဲရက် ပါ၀င်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလို ထူးဆန်းတဲ့ ဗီဒီယို ဟာ အွန်လိုင်းမှာလည်း အကြိမ်ရေ ထောင်ပေါင်းများစွာ ဝေမျှခြင်းခံခဲ့ရပါတယ်။ ထို သေဆုံးသူ အမျိုးသားဟာ ဘီးတပ်ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ့အပေါ်မှာလည်း အမျိုးသမီး တစ်ဦးလို့ ထင်မှတ်ရသူတစ်ဦးဟာ ကပ်လျက် ပါ၀င်နေပြီး အပေါ်ကနေ စောင်အပြာ တစ်ထည်နဲ့ ဖုံးအုပ်ထားခဲ့တာကို တွေ့ရပါတယ်။

ပြောဆိုနေကြတာကတော့ ထို အသက်ကြီးကြီး အမျိုးသားဟာ မသေဆုံးခင်အချိန်အထိ လိင်ဆက်ဆံနေခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်ကတော့ ရှားပါးဖြစ်စဉ်တစ်မျိုးပါ။ ဒါကိုတော့ “Penis Captivus” လို့ခေါ်ပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံနေစဉ်အတွင်း အတူတကွ ညပ်သွားတဲ့အနေအထားမျိုးပါ။ 

ဒါဟာ အမျိုးသမီးဘက်က ပြီးမြောက်မှု(Orgasm) ဖြစ်တဲ့အချိန်မှာ မိန်းမအင်္ဂါတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေက ကျုံ ့လိုက်တဲ့တွက် ယောကျာင်္းအင်္ဂါ ကို ဖြစ်ညှစ်ပစ်လိုက်တဲ့ အနေအထားမျိုးပါ။ များသောအားဖြင့်တော့ စက္ကန့်အနည်းငယ်သာ ကြာတတ်ပါတယ်။ လူတွေမှာထက် တိရိစ္ဆာန်တွေမှာ အဖြစ်များပါတယ်။

ဒီဗီဒီယိုဟာ တရုတ်ဗီဒီယို ဆိုက် Miaopai ကတဆင့် LiveLeak.com မှာ တက်လာခဲ့တာဖြစ်ပါတယ်။ ကြည်ရှုတဲ့အကြိမ်ရေ ၁၃၇၀၀၀ ကြိမ် ရှိခဲ့ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တာကတော့ တရုတ်နိုင်ငံ မှာ ဖြစ်နိုင်တယ်လို့ Upload ပြုလုပ်သူတွေက ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Dailymail
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment