ကေလးျပဳစုေစာင့္ေရွာက္ေရးစင္တာမွာ အဆိပ္ျပင္းတဲ့ ေႁမြတစ္ေကာင္ကို ကေလးအိပ္စင္ေပၚမွာ ေတြ႕ရိွ




အဆိပ္ျပင္းလွတဲ့ အနီေရာင္နဲ႔ အနက္ေရာင္စပ္ၾကား ေႁမြႀကီးတစ္ေကာင္ကို ကေလးအိပ္စင္ေပၚကေန ဖယ္ရွားဖမ္းဆီးေပးဖို႔ Victoria ေလးေစာင့္ေရွာက္ေရးစင္တာက သူ႕ကို ဆက္သြယ္လာတယ္ လို႔ ၾသစေတးၾသႏိုင္ငံသား ေႁမြဖမ္းပညာရွင္တစ္ေယာက္က ေျပာပါတယ္။

 “ ေႁမြကိုေတြ႕တုန္းက အဲဒီအိပ္ရာကို အသံုးျပဳရမယ့္ အခ်ိန္ေတာ့မဟုတ္ပါဘူး။

 ဝန္ထမ္းေတြက ေႁမြကို သူတို႔ေတြ အိပ္ရာခင္းေတြ သန္႔ရွင္းေရးလုပ္ေနတုန္းမွာေတြ႕ရိွခဲ့တာပါ “ လို႔ Barry Goldsmith က ေျပာျပထားၿပီး ကေလးအိပ္ယာေပၚမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ ေျမြႀကီးပံုကို Facebook မွာ တင္ထားခဲ့တာျဖစ္ပါတယ္။

 “ သူတို႔ေတြ အေျခအေနကို ေကာင္းေကာင္းမြန္မြန္ ထိန္းထားနိုင္ၾကပါတယ္။ ျပန္လွည့္လာခဲ့ၾကတယ္၊ တံခါးကို ေသခ်ာပိတ္ခဲ့ၾကကာ က်ြန္ေတာ့္ ကို ဆက္သြယ္ခဲ့ၾကတာပါ “  လို႔ သူကေရးသားခဲ့ပါတယ္။ ေႁမြက ေအးေအးေဆးေဆးျဖစ္ေနကာ အႏၲရာယ္ျပဳမယ့္ပံုစံလည္းမရိွပါဘူး။ ေႁမြကိုေတြ႕တဲ့အခ်ိန္တုန္းက အဲ့ဒါက အိပ္ရာေပၚမွာပဲရိွပါေသးတယ္။

 “ ဒီလို ေက်ာင္းေတြနဲ႔ကေလးျပဳစုေစာင့္ေရွာက္တဲ့ေနရာေတြမွာ ေႁမြေတြကိုေတြ႕ရတာ ပံုမွန္ျဖစ္ေနၾကပံုစံမ်ိဳးေတာ့မဟုတ္ပါဘူး။ ကေလးေတြက အစားအေသာက္ေတြ ျပဳတ္က်တဲ့အခါ ၾကြက္ေတြကို လာေအာင္စြဲေဆာင္သလိုျဖစ္ၿပီး ၾကြက္ေတြကေတာ့ ေျမြေတြကို လာဖို႔ စြဲေဆာင္ေနတာေပါ့ “  လို႔ သူကေျပာခဲ့ပါတယ္။

( Michelle )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : UPI

......................................................

ကလေးပြုစုစောင့်ရှောက်ရေးစင်တာမှာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ကို ကလေးအိပ်စင်ပေါ်မှာ တွေ့ရှိ


အဆိပ်ပြင်းလှတဲ့ အနီရောင်နဲ့ အနက်ရောင်စပ်ကြား မြွေကြီးတစ်ကောင်ကို ကလေးအိပ်စင်ပေါ်ကနေ ဖယ်ရှားဖမ်းဆီးပေးဖို့ Victoria လေးစောင့်ရှောက်ရေးစင်တာက သူ့ကို ဆက်သွယ်လာတယ် လို့ သြစတေးသြနိုင်ငံသား မြွေဖမ်းပညာရှင်တစ်ယောက်က ပြောပါတယ်။

 “ မြွေကိုတွေ့တုန်းက အဲဒီအိပ်ရာကို အသုံးပြုရမယ့် အချိန်တော့မဟုတ်ပါဘူး။

 ဝန်ထမ်းတွေက မြွေကို သူတို့တွေ အိပ်ရာခင်းတွေ သန့်ရှင်းရေးလုပ်နေတုန်းမှာတွေ့ရှိခဲ့တာပါ “ လို့ Barry Goldsmith က ပြောပြထားပြီး ကလေးအိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မြွေကြီးပုံကို Facebook မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

 “ သူတို့တွေ အခြေအနေကို ကောင်းကောင်းမွန်မွန် ထိန်းထားနိုင်ကြပါတယ်။ ပြန်လှည့်လာခဲ့ကြတယ်၊ တံခါးကို သေချာပိတ်ခဲ့ကြကာ ကျွန်တော့် ကို ဆက်သွယ်ခဲ့ကြတာပါ “  လို့ သူကရေးသားခဲ့ပါတယ်။ မြွေက အေးအေးဆေးဆေးဖြစ်နေကာ အန္တရာယ်ပြုမယ့်ပုံစံလည်းမရှိပါဘူး။ မြွေကိုတွေ့တဲ့အချိန်တုန်းက အဲ့ဒါက အိပ်ရာပေါ်မှာပဲရှိပါသေးတယ်။

 “ ဒီလို ကျောင်းတွေနဲ့ကလေးပြုစုစောင့်ရှောက်တဲ့နေရာတွေမှာ မြွေတွေကိုတွေ့ရတာ ပုံမှန်ဖြစ်နေကြပုံစံမျိုးတော့မဟုတ်ပါဘူး။ ကလေးတွေက အစားအသောက်တွေ ပြုတ်ကျတဲ့အခါ ကြွက်တွေကို လာအောင်စွဲဆောင်သလိုဖြစ်ပြီး ကြွက်တွေကတော့ မြွေတွေကို လာဖို့ စွဲဆောင်နေတာပေါ့ “  လို့ သူကပြောခဲ့ပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment