![]() |
ရဲေတြက အတင္းအက်ပ္ ဝန္ခံခိုင္းခဲ့တာလို႔ သူတို႔ ႏွစ္ဦးစလုံးက ေျပာ။ |
Yusufu Mieraili နဲ႔ Adem Karadag ဆိုသူ ႏွစ္ေယာက္ဟာ ေဖာက္ခြဲေရး ပစၥည္းေတြ ကိုင္ေဆာင္မွု၊ လူသတ္မွု ေတြနဲ႔ စြဲခ်က္တင္ ခံထားရတာ ျဖစ္ပါတယ္။
အေစာပိုင္းကေတာ့ သူတို႔ ႏွစ္ဦးစလုံးက အဲဒီ ဗုံးခြဲမွုမွာ ပါဝင္ခဲ့တယ္ ဆိုတာကို ဝန္ခံခဲ့ၾကတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။
တ႐ုတ္ နိုင္ငံ၊ ရွင္ဂ်န္း ျပည္နယ္သားေတြ ျဖစ္တဲ့ သူတို႔ ႏွစ္ဦးစလုံးကေတာ့ ရဲေတြက အတင္းအက်ပ္ ဝန္ခံခိုင္းလို႔ အေစာပိုင္းက ဝန္ခံခဲ့ၾကတာလို႔ ေျပာၾကပါတယ္။
၂၀၁၅ ခုႏွစ္၊ ၾသဂုတ္ ၁၇ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ နတ္ကြန္း ဗုံးခြဲခံရမွုမွာ လူ ၂၀ ေသဆုံးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာ ရခဲ့ပါတယ္။
အဲဒီ ဗုံးခြဲမွုကို ဘယ္အဖြဲ႕အစည္းကမွ သူတို႔ လက္ခ်က္ ျဖစ္တယ္လို႔ ဝန္ခံ ေျပာဆိုျခင္း မရွိခဲ့ပါဘူး။
ထိုင္း စစ္အစိုးရကေတာ့ သူတို႔ ၿဖိဳခြဲခဲ့တဲ့ လူကုန္ကူးတဲ့ ဂိုဏ္း တစ္ခုခုက တုံ႔ျပန္တဲ့ အေနနဲ႔ အဲဒီလို ဗုံးခြဲခဲ့တာလို႔ ယူဆ ထားပါတယ္။
ဒါေပမယ့္ ေစာင့္ၾကည္သူ အမ်ားစုကေတာ့ ဝီဂါမ်ိဳးႏြယ္ ၁၀၀ ေက်ာ္ကို ဇူလိုင္လထဲမွာ ထိုင္းက တ႐ုတ္ကို အတင္းအက်ပ္ ျပန္ပို႔ခဲ့တဲ့အတြက္ တုံ႔ျပန္ တိုက္ခိုက္တာလို႔ ယုံၾကည္ ၾကပါတယ္။
ထိုင္းရဲက ဖမ္းဝရမ္း ထုတ္ထားသူ ၁၅ ေယာက္ ရွိေနဆဲ ျဖစ္ၿပီး သူတို႔ကို ဖမ္းမိျခင္း မရွိေသးပါဘူး။
BBC Burmese
http://www.bbc.com/burmese
.........
ရဲတွေက အတင်းအကျပ် ဝန်ခံခိုင်းခဲ့တာလို့ သူတို့ နှစ်ဦးစလုံးက ပြော။
ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ဝီဂါ မျိုးနွယ် နှစ်ဦးကို ပထမဆုံး ရုံးထုတ်ခဲ့ရာမှာ သူတို့ နှစ်ဦးစလုံးက အပြစ်မရှိကြောင်း ငြင်းဆို လျှောက်လဲ ခဲ့ကြပါတယ်။
Yusufu Mieraili နဲ့ Adem Karadag ဆိုသူ နှစ်ယောက်ဟာ ဖောက်ခွဲရေး ပစ္စည်းတွေ ကိုင်ဆောင်မှု၊ လူသတ်မှု တွေနဲ့ စွဲချက်တင် ခံထားရတာ ဖြစ်ပါတယ်။
အစောပိုင်းကတော့ သူတို့ နှစ်ဦးစလုံးက အဲဒီ ဗုံးခွဲမှုမှာ ပါဝင်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ် နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်သားတွေ ဖြစ်တဲ့ သူတို့ နှစ်ဦးစလုံးကတော့ ရဲတွေက အတင်းအကျပ် ဝန်ခံခိုင်းလို့ အစောပိုင်းက ဝန်ခံခဲ့ကြတာလို့ ပြောကြပါတယ်။
၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နတ်ကွန်း ဗုံးခွဲခံရမှုမှာ လူ ၂၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရခဲ့ပါတယ်။
အဲဒီ ဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းကမှ သူတို့ လက်ချက် ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ထိုင်း စစ်အစိုးရကတော့ သူတို့ ဖြိုခွဲခဲ့တဲ့ လူကုန်ကူးတဲ့ ဂိုဏ်း တစ်ခုခုက တုံ့ပြန်တဲ့ အနေနဲ့ အဲဒီလို ဗုံးခွဲခဲ့တာလို့ ယူဆ ထားပါတယ်။
ဒါပေမယ့် စောင့်ကြည်သူ အများစုကတော့ ဝီဂါမျိုးနွယ် ၁၀၀ ကျော်ကို ဇူလိုင်လထဲမှာ ထိုင်းက တရုတ်ကို အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အတွက် တုံ့ပြန် တိုက်ခိုက်တာလို့ ယုံကြည် ကြပါတယ်။
ထိုင်းရဲက ဖမ်းဝရမ်း ထုတ်ထားသူ ၁၅ ယောက် ရှိနေဆဲ ဖြစ်ပြီး သူတို့ကို ဖမ်းမိခြင်း မရှိသေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment