ေရနံထုတ္လုပ္မွု ထိန္းထားဖို႔ ၄ နိုင္ငံ သေဘာတူ
အိုပက္ ေခၚ ကမၻာ့ ေရနံ ထုတ္လုပ္ တင္ပို႔သူမ်ား အဖြဲ႕ဝင္ နိုင္ငံေတြထဲက ေဆာ္ဒီ အာေရဗ်၊ ကာတာနဲ႔ ဗင္နီဇြဲလား တို႔က သူတို႔ရဲ့ ေရနံ ထုတ္လုပ္မွု ပမာဏကို ဇန္နဝါရီလက ရွိခဲ့တဲ့ အဆင့္အတိုင္း ထိန္းထားဖို႔ ႐ုရွား နိုင္ငံနဲ႔ အတူ သေဘာတူ ခဲ့ၾကပါတယ္။
ဒီကေန႔ အဂၤါေန႔က ဒိုဟာ ၿမိဳ႕မွာ ျပလုပ္တဲ့ ဝန္ႀကီး ၄ ဦး အစည္းအေဝး အၿပီးမွာ အဲဒီလို သေဘာတူခဲ့တဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ ခဲ့တာပါ။
အဲဒီလို ထုတ္လုပ္မွု ပမာဏကို ထိန္းထားမယ့္ ရည္ရြယ္ခ်က္က အခု လပိုင္းအတြင္း သိသိသာသာ က်ဆင္းေနတဲ့ ကမၻာ့ ေရနံေစ်းကို က်ားကန္ ေပးဖို႔ ျဖစ္ပါတယ္။
ေရနံ ထုတ္လုပ္မွု မ်ားေနတာ၊ ကမၻာ့ စီးပြားေရးအေပၚ စိုးရိမ္မွုေတြ တိုးပြားေနတာနဲ႔ ဝယ္လိုအား ေလ်ာ့ေနတာ ေတြေၾကာင့္ ကမၻာ့ ေရနံေစ်းက ထိုးက် လာခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ အီရန္ ကေတာ့ သူ႔အေပၚ စီးပြားေရး ပိတ္ဆို႔မွုေတြ ၿပီးခဲ့တဲ့ လက ႐ုပ္သိမ္းခဲ့ၿပီးေနာက္ သူတို႔ရဲ့ ေရနံ ထုတ္လုပ္တဲ့ ပမာဏကို တိုးျမႇင့္ သြားမယ္လို႔ ေျပာခဲ့ၿပီး ျဖစ္ပါတယ္။
အဂၤါေန႔ ဒိုဟာ အစည္းအေဝး ရလဒ္ ထြက္လာၿပီး ေနာက္မွာပဲ ေရနံေစ်းေတြ ထပ္မံ က်ဆင္း ခဲ့ပါတယ္။
BBC Burmese
http://www.bbc.com/burmese
.........
အိုပက် ခေါ် ကမ္ဘာ့ ရေနံ ထုတ်လုပ် တင်ပို့သူများ အဖွဲ့ဝင် နိုင်ငံတွေထဲက ဆော်ဒီ အာရေဗျ၊ ကာတာနဲ့ ဗင်နီဇွဲလား တို့က သူတို့ရဲ့ ရေနံ ထုတ်လုပ်မှု ပမာဏကို ဇန်နဝါရီလက ရှိခဲ့တဲ့ အဆင့်အတိုင်း ထိန်းထားဖို့ ရုရှား နိုင်ငံနဲ့ အတူ သဘောတူ ခဲ့ကြပါတယ်။
ဒီကနေ့ အင်္ဂါနေ့က ဒိုဟာ မြို့မှာ ပြလုပ်တဲ့ ဝန်ကြီး ၄ ဦး အစည်းအဝေး အပြီးမှာ အဲဒီလို သဘောတူခဲ့တဲ့ ကြေညာချက်ကို ထုတ်ပြန် ခဲ့တာပါ။
အဲဒီလို ထုတ်လုပ်မှု ပမာဏကို ထိန်းထားမယ့် ရည်ရွယ်ချက်က အခု လပိုင်းအတွင်း သိသိသာသာ ကျဆင်းနေတဲ့ ကမ္ဘာ့ ရေနံစျေးကို ကျားကန် ပေးဖို့ ဖြစ်ပါတယ်။
ရေနံ ထုတ်လုပ်မှု များနေတာ၊ ကမ္ဘာ့ စီးပွားရေးအပေါ် စိုးရိမ်မှုတွေ တိုးပွားနေတာနဲ့ ဝယ်လိုအား လျော့နေတာ တွေကြောင့် ကမ္ဘာ့ ရေနံစျေးက ထိုးကျ လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အီရန် ကတော့ သူ့အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ပြီးခဲ့တဲ့ လက ရုပ်သိမ်းခဲ့ပြီးနောက် သူတို့ရဲ့ ရေနံ ထုတ်လုပ်တဲ့ ပမာဏကို တိုးမြှင့် သွားမယ်လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။
အင်္ဂါနေ့ ဒိုဟာ အစည်းအဝေး ရလဒ် ထွက်လာပြီး နောက်မှာပဲ ရေနံစျေးတွေ ထပ်မံ ကျဆင်း ခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment