ဖီဂ်ီမုန္တုိင္း လူ ၂၀ ထက္မနည္းေသ

မုန္တုိင္း ၀င္ေရာက္တိုက္ခတ္ၿပီးေနာက္။
ပစိဖိတ္သမုဒၵရာေတာင္ပိုင္းက ကၽြန္းနုိင္ငံတခုျဖစ္တဲ႔ Fiji ကို စေနေန႔က အင္အားႀကီး မုန္တုိင္း၀င္ေရာက္တိုက္ခတ္ခဲ့တာမွာ ေသဆံုးသူဦးေရ ၂၀ ထက္မနည္း ရွိသြားပါၿပီ။ လိုအပ္သူေတြထံ အကူအညီေတြ အေရာက္ပို႔ေပးႏိုင္ဖုိ႔ အာဏာပိုင္ေတြကလည္း အေရးတႀကီး လုပ္ေဆာင္ေနပါတယ္။

ဆုိင္ကလုန္း Winston ၀င္ေရာက္ခဲ့ၿပီးတဲ့ေနာက္ Fiji ကၽြန္းမွာ ေနအိမ္ေတြ ၿပိဳက်ပ်က္စီး၊ သစ္ပင္ေတြ အျမစ္ကေန ကၽြတ္ထြက္၊ လမ္းမေတြ ေရလွ်ံၿပီး ေနရာအႏွံ႔ အပ်က္အစီးေတြ ပ်ံ႕က်ဲေနတာေတြကိုေတာ့ အေပၚစီးကေန ႐ိုက္ယူထားတဲ့ပံုရိပ္ေတြမွာ ေတြ႔ရပါတယ္။ နုိင္ငံတ၀ွမ္းက လွ်ပ္စစ္၀ါယာႀကိဳးေတြ ျပတ္ေတာက္ကုန္တာေၾကာင့္ ၿမိဳ႕နဲ႔အလွမ္းေ၀း တဲ့ေနရာေတြက ေဒသခံေတြနဲ႔လည္းအဆက္အသြယ္ေတြ ျပတ္ေတာက္ေနပါတယ္။ ျပင္းအားအဆင့္ ၅ နဲ႔ဝင္ေရာက္ တိုက္ခတ္တဲ့ Winston မုန္တုိင္း ဝင္ေရာက္ခ်ိန္မွာ ေလျပင္းတုိက္ႏႈန္း တနာရီ ကီလိုမီတာ ၃၀၀ ရွိၿပီး ကမာၻ႔ေတာင္ဘက္အျခမ္းမွာ ျပင္းအားအမ်ားဆံုး အပူပိုင္းမုန္တုိင္းအျဖစ္ သတ္မွတ္ထားပါတယ္။

တႏိုင္ငံလံုး ညမထြက္ရ Carfew အမိန္႔ကို ထုတ္ျပန္ထားတာကို ဒီကေန႔ ျပန္ ႐ုပ္သိမ္းလိုက္ေပမဲ့ တလၾကာ သဘာဝေဘးဒဏ္ အေရးေပၚ အေျခအေနကုိေတာ့ ထုတ္ျပန္ထားဆဲျဖစ္ပါတယ္။ စာသင္ေက်ာင္းေတြကိုလည္း ေနာက္သီတင္းပတ္ တနလၤာေန႔အထိ ပိတ္ထားပါတယ္။ ကၽြန္းစုငယ္ေပါင္း ၃၃၀ ေက်ာ္ရွိတဲ့ Fiji နုိင္ငံတေလွ်ာက္ အကယ္ဆယ္ေရး စခန္းေတြမွာ မုန္တုိင္းသင့္ျပည္သူေတြ ေထာင္နဲ႔ခ်ီ ခိုလႈံေနၾကရပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................................



မုန်တိုင်း ၀င်ရောက်တိုက်ခတ်ပြီးနောက်။
ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ကျွန်းနိုင်ငံတခုဖြစ်တဲ့ Fiji ကို စနေနေ့က အင်အားကြီး မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာမှာ သေဆုံးသူဦးရေ ၂၀ ထက်မနည်း ရှိသွားပါပြီ။ လိုအပ်သူတွေထံ အကူအညီတွေ အရောက်ပို့ပေးနိုင်ဖို့ အာဏာပိုင်တွေကလည်း အရေးတကြီး လုပ်ဆောင်နေပါတယ်။

ဆိုင်ကလုန်း Winston ၀င်ရောက်ခဲ့ပြီးတဲ့နောက် Fiji ကျွန်းမှာ နေအိမ်တွေ ပြိုကျပျက်စီး၊ သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်၊ လမ်းမတွေ ရေလျှံပြီး နေရာအနှံ့ အပျက်အစီးတွေ ပျံ့ကျဲနေတာတွေကိုတော့ အပေါ်စီးကနေ ရိုက်ယူထားတဲ့ပုံရိပ်တွေမှာ တွေ့ရပါတယ်။ နိုင်ငံတဝှမ်းက လျှပ်စစ်ဝါယာကြိုးတွေ ပြတ်တောက်ကုန်တာကြောင့် မြို့နဲ့အလှမ်းဝေး တဲ့နေရာတွေက ဒေသခံတွေနဲ့လည်းအဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။ ပြင်းအားအဆင့် ၅ နဲ့ဝင်ရောက် တိုက်ခတ်တဲ့ Winston မုန်တိုင်း ဝင်ရောက်ချိန်မှာ လေပြင်းတိုက်နှုန်း တနာရီ ကီလိုမီတာ ၃၀၀ ရှိပြီး ကမ္ဘာ့တောင်ဘက်အခြမ်းမှာ ပြင်းအားအများဆုံး အပူပိုင်းမုန်တိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

တနိုင်ငံလုံး ညမထွက်ရ Carfew အမိန့်ကို ထုတ်ပြန်ထားတာကို ဒီကနေ့ ပြန် ရုပ်သိမ်းလိုက်ပေမဲ့ တလကြာ သဘာဝဘေးဒဏ် အရေးပေါ် အခြေအနေကိုတော့ ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ စာသင်ကျောင်းတွေကိုလည်း နောက်သီတင်းပတ် တနင်္လာနေ့အထိ ပိတ်ထားပါတယ်။ ကျွန်းစုငယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့ Fiji နိုင်ငံတလျှောက် အကယ်ဆယ်ရေး စခန်းတွေမှာ မုန်တိုင်းသင့်ပြည်သူတွေ ထောင်နဲ့ချီ ခိုလှုံနေကြရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment