ဘရာဇီးတြင္ ေမာင္းသူမဲ့ေလယာဥ္(ဒရုန္း) အသံုးျပဳ၍ ဇီကာဗိုင္းရပ္စ္ အား ႏွိမ္ႏွင္းမည္

ေမာင္းသူမဲ့ေလယာဥ္ (ဒရုန္း) တစ္စီးအား ျမင္ေတြ႕ရစဥ္ (ဓာတ္ပုံ- ဆင္ဟြာ)
    ရီယိုဒီဂ်န္ႏိုင္းရုိ၊ ေဖေဖာ္ဝါရီ ၂၂ ရက္ (ဆင္ဟြာ)

    ဘရာဇီးႏိုင္ငံရွိ ၿမိဳ႕အမ်ားအျပားတြင္ ေမာင္းသူမဲ့ေလယာဥ္ (ဒရုန္း) အသံုးျပဳ၍  ဇီကာဗိုင္းရပ္စ္၊ ေသြးလြန္ တုပ္ေကြး အစရွိသည့္ေရာဂါတို႕ကို ျပန္႕ပြားေစေသာ ေအးဒီးစ္ ျခင္ေပါက္ဖြားႏိုင္သည့္ ေနရာမ်ားကို ရွာေဖြဖ်က္ဆီး သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဘရာဇီးႏိုင္ငံ ၏ အႀကီးဆံုးၿမိဳ႕ျဖစ္သည့္ Sao Paulo ၿမိဳ႕ရွိ ေနအိမ္မ်ားေပၚတြင္ ဒရုန္းမ်ားပ်ံဝဲကာ ျခင္မ်ား ရွိေနႏိုင္သည့္ ဥယ်ာဥ္၊ ဝရန္တာေခါင္မိုးမ်ား ႏွင့္ ၄င္းတို႕ေပါက္ဖြားႏိုင္သည့္ အျခား ေနရာမ်ားကို ေစာင့္ၾကည့္ ေလ့လာခဲ့ေၾကာင္းသိရသည္။

ဖယ္ဒရယ္ အစိုးရသည္ ဘရာဇီးႏိုင္ငံ တစ္ေလွ်ာက္ ရွိ အိမ္ေျခ သန္း ၆၀ ခန္႔အား ထုိသုိ႔ လုပ္ေဆာင္ေပးသြားရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

စစ္တပ္ ႏွင့္ အရပ္ဖက္မ်ား ပါဝင္သည့္ အသင္းမ်ားသည္ ေဒသ၏ ၄၀ရာခိုင္ႏႈန္း ျဖစ္သည့္ လူေနအိမ္၊ စီးပြားေရးႏွင့္ အမ်ားျပည္သူဆုိင္ရာ အေဆာက္အအံု ၂၇.၅သန္းတြင္ ဒရုန္းျဖင့္ ျခင္ႏွိမ္နင္းေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေပးျပီးျဖစ္ေၾကာင္း အစိုးရကေျပာၾကားခဲ့သည္။

သို႕ေသာ္လည္း အခ်ဳိ႕ေသာ အေဆာက္အအံုမ်ားႏွင့္ ေနရာမ်ားတြင္ ဒရုန္းျဖင့္ စစ္ေဆးရန္ ခြင့္ျပဳခ်က္မ်ား လိုအပ္ေနေသးေၾကာင္း သိရသည္။

အေနာက္အလယ္ပိုင္း ျပည္နယ္ Mato Grosso ၏ ဥပေဒျပဳလႊတ္ေတာ္ က ျမိဳ႕ေတာ္မ်ားတြင္ ျခင္ရွာေဖြေရး အတြက္ ဒရုန္းအသံုးျပဳခြင့္ ဥပေဒကို အတည္ျပဳေပးခဲ့ေၾကာင္း သိရသည္။

ကင္မရာတပ္ဆင္ထားသည့္ ဒရုန္းေလယာဥ္မ်ားသည္ ေဝဟင္မွေန၍ ေမာင္းႏွင္သူထံသုိ႕ ျခင္ေပါက္ဖြားႏိုင္ေျခ ရွိသည့္ ေနရာမ်ားအား သတင္းေပးပို႕သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဘရာဇီးႏိုင္ငံ ႏွင့္ ကိုလံဘီယာႏိုင္ငံတို႕တြင္ ဦးေႏွာက္ေသေရာဂါ ျဖစ္ပြားမႈျမင့္တက္လာျခင္းသည္ ဇီကာ ဗိုင္းရပ္စ္ပိုး ႏွင့္ ဆက္စပ္ႏိုင္ေျခရွိေသာ္လည္း ေဆးပညာသုေတသီ မ်ားက ထိုသို႕ဆက္စပ္မႈ ရွိေၾကာင္းကို အတည္ျပဳႏိုင္ရန္ အခ်က္အလက္မ်ားပိုမိုလုိအပ္ေနေသးေၾကာင္း ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
..................
 မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စီးအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)
    ရီယိုဒီဂျန်နိုင်းရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

    ဘရာဇီးနိုင်ငံရှိ မြို့အများအပြားတွင် မောင်းသူမဲ့လေယာဉ် (ဒရုန်း) အသုံးပြု၍  ဇီကာဗိုင်းရပ်စ်၊ သွေးလွန် တုပ်ကွေး အစရှိသည့်ရောဂါတို့ကို ပြန့်ပွားစေသော အေးဒီးစ် ခြင်ပေါက်ဖွားနိုင်သည့် နေရာများကို ရှာဖွေဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ၏ အကြီးဆုံးမြို့ဖြစ်သည့် Sao Paulo မြို့ရှိ နေအိမ်များပေါ်တွင် ဒရုန်းများပျံဝဲကာ ခြင်များ ရှိနေနိုင်သည့် ဥယျာဉ်၊ ဝရန်တာခေါင်မိုးများ နှင့် ၄င်းတို့ပေါက်ဖွားနိုင်သည့် အခြား နေရာများကို စောင့်ကြည့် လေ့လာခဲ့ကြောင်းသိရသည်။

ဖယ်ဒရယ် အစိုးရသည် ဘရာဇီးနိုင်ငံ တစ်လျှောက် ရှိ အိမ်ခြေ သန်း ၆၀ ခန့်အား ထိုသို့ လုပ်ဆောင်ပေးသွားရန် မျှော်မှန်းထားကြောင်း သိရသည်။

စစ်တပ် နှင့် အရပ်ဖက်များ ပါဝင်သည့် အသင်းများသည် ဒေသ၏ ၄၀ရာခိုင်နှုန်း ဖြစ်သည့် လူနေအိမ်၊ စီးပွားရေးနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ ၂၇.၅သန်းတွင် ဒရုန်းဖြင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်ပေးပြီးဖြစ်ကြောင်း အစိုးရကပြောကြားခဲ့သည်။

သို့သော်လည်း အချို့သော အဆောက်အအုံများနှင့် နေရာများတွင် ဒရုန်းဖြင့် စစ်ဆေးရန် ခွင့်ပြုချက်များ လိုအပ်နေသေးကြောင်း သိရသည်။

အနောက်အလယ်ပိုင်း ပြည်နယ် Mato Grosso ၏ ဥပဒေပြုလွှတ်တော် က မြို့တော်များတွင် ခြင်ရှာဖွေရေး အတွက် ဒရုန်းအသုံးပြုခွင့် ဥပဒေကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ကင်မရာတပ်ဆင်ထားသည့် ဒရုန်းလေယာဉ်များသည် ဝေဟင်မှနေ၍ မောင်းနှင်သူထံသို့ ခြင်ပေါက်ဖွားနိုင်ခြေ ရှိသည့် နေရာများအား သတင်းပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ နှင့် ကိုလံဘီယာနိုင်ငံတို့တွင် ဦးနှောက်သေရောဂါ ဖြစ်ပွားမှုမြင့်တက်လာခြင်းသည် ဇီကာ ဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်နိုင်ခြေရှိသော်လည်း ဆေးပညာသုတေသီ များက ထိုသို့ဆက်စပ်မှု ရှိကြောင်းကို အတည်ပြုနိုင်ရန် အချက်အလက်များပိုမိုလိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment