ဖေလာရီဒါျပည္နယ္တြင္ ဇီကာဗုိင္းရပ္စ္ပုိး ပ်ံ႕ႏွံ႔ေနမႈေၾကာင့္ အေရးေပၚ သတိေပးခ်က္ ထုတ္ျပန္
၀ါရွင္တန္ ၊ ၅-၂-၂၀၁၆
အေမရိကန္ႏုိင္ငံ တစ္ဝန္း၌ ဇီကာ ဗုိင္းရပ္စ္ပုိး ပ်ံ႕ႏွံ႔ေနမႈႏွင့္ ပတ္သက္၍ ဖေလာ္ရီဒါ ျပည္နယ္အတြင္း က်န္းမာေရး သတိေပးခ်က္ တစ္ခုကုိ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးက ထုတ္ျပန္ေၾကညာ ခဲ့ေၾကာင္း သိရသည္။
ဖေလာ္ရီဒါ ျပည္နယ္အတြင္းရွိ မုိင္ယာမီ- ဒါဒီစီရင္စု၊ လီစီရင္စု၊ ေမာ္လ္စ္ဘုိေရာ့ခ်္ စီရင္စုႏွင့္ ဆန္တာ႐ုိဆာစီရင္စု တုိ႔တြင္ ဇီကာ ဗုိင္းရပ္စ္ပုိး ကူးစက္ခံရသူ ကုိးဦးကုိ စစ္ေဆးေတြ႕ရွိ ခဲ့ၿပီးေနာက္ ၄င္းစီရင္စုမ်ား အတြင္း အေရးေပၚ ေၾကညာခ်က္ တစ္ခုကုိ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ရစ္ခ္စေကာ့တ္ က ေၾကညာခဲ့ျခင္း ျဖစ္သည္။
ဇီကာ ဗုိင္းရပ္စ္ပုိး ကူးစက္ခံရသူ မ်ားသည္ လက္တင္ အေမရိကႏွင့္ ကာရစ္ဘီယံ ကြၽန္းဆြယ္မ်ားသုိ႔ သြားေရာက္ခဲ့ သူမ်ား ျဖစ္ေၾကာင္း၊ သုိ႔ေသာ္ ျပည္နယ္အတြင္း ေရာဂါကူးစက္ ျပန္႔ပြားျခင္း မရွိေစရန္ ျပင္ဆင္ရမည္ ျဖစ္ေၾကာင္း ရစ္ခ္စေကာ့တ္က အစီရင္ခံစာ တစ္ေစာင္တြင္ ေျပာၾကားထားသည္။ အေမရိကန္ႏုိင္ငံ တစ္ဝန္း၌ ဇီကာဗုိင္းရပ္စ္ပုိး ကူးစက္ခံရသူ ၄၈ ဦးရွိၿပီး ၄င္းေရာဂါပုိး သည္ ကမၻာ့ႏုိင္ငံေပါင္း ၃ဝ ေက်ာ္တြင္ ကူးစက္ ျပန္႔ပြားလ်က္ ရွိသည္။
မိခင္ေလာင္း တစ္ဦး အေနျဖင့္ ဇီကာဗုိင္းရပ္စ္ပုိး သယ္ေဆာင္ လာေသာ ျခင္ကုိက္ခံ ရပါက သေႏၶသားသည္ ဦးေခါင္းပုံမွန္ မဟုတ္ဘဲ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈ အားနည္း သည့္ ေဝဒနာျဖင့္ ေမြးဖြားလာႏုိင္ ေသာေၾကာင့္ ၄င္းေရာဂါပုိးႏွင့္ ပတ္သက္၍ ႀကိဳတင္ကာကြယ္ ထားသင့္ေၾကာင္း ကမၻာ့ က်န္းမာေရး အဖြဲ႕အစည္း WHO က သတိေပး ထားသည္။
PyiChitThar
http://www.pyichitthar.com
..............
၀ါရှင်တန် ၊ ၅-၂-၂၀၁၆
အမေရိကန်နိုင်ငံ တစ်ဝန်း၌ ဇီကာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ဖလော်ရီဒါ ပြည်နယ်အတွင်း ကျန်းမာရေး သတိပေးချက် တစ်ခုကို ပြည်နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။
ဖလော်ရီဒါ ပြည်နယ်အတွင်းရှိ မိုင်ယာမီ- ဒါဒီစီရင်စု၊ လီစီရင်စု၊ မော်လ်စ်ဘိုရော့ချ် စီရင်စုနှင့် ဆန်တာရိုဆာစီရင်စု တို့တွင် ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ကိုးဦးကို စစ်ဆေးတွေ့ရှိ ခဲ့ပြီးနောက် ၄င်းစီရင်စုများ အတွင်း အရေးပေါ် ကြေညာချက် တစ်ခုကို ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့တ် က ကြေညာခဲ့ခြင်း ဖြစ်သည်။
ဇီကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များသည် လက်တင် အမေရိကနှင့် ကာရစ်ဘီယံ ကျွန်းဆွယ်များသို့ သွားရောက်ခဲ့ သူများ ဖြစ်ကြောင်း၊ သို့သော် ပြည်နယ်အတွင်း ရောဂါကူးစက် ပြန့်ပွားခြင်း မရှိစေရန် ပြင်ဆင်ရမည် ဖြစ်ကြောင်း ရစ်ခ်စကော့တ်က အစီရင်ခံစာ တစ်စောင်တွင် ပြောကြားထားသည်။ အမေရိကန်နိုင်ငံ တစ်ဝန်း၌ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၈ ဦးရှိပြီး ၄င်းရောဂါပိုး သည် ကမ္ဘာ့နိုင်ငံပေါင်း ၃ဝ ကျော်တွင် ကူးစက် ပြန့်ပွားလျက် ရှိသည်။
မိခင်လောင်း တစ်ဦး အနေဖြင့် ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင် လာသော ခြင်ကိုက်ခံ ရပါက သန္ဓေသားသည် ဦးခေါင်းပုံမှန် မဟုတ်ဘဲ ဦးနှောက် ဖွံ့ဖြိုးမှု အားနည်း သည့် ဝေဒနာဖြင့် မွေးဖွားလာနိုင် သောကြောင့် ၄င်းရောဂါပိုးနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် ထားသင့်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း WHO က သတိပေး ထားသည်။
PyiChitThar
http://www.pyichitthar.com
0 comments:
Post a Comment