႐ုရွား တိုက္ခိုက္မႈ ဆီးရီးယား အေရး ေျဖရွငး္မႈကို ထိခိုက္​

ဆီးရီးယားႏုိင္ငံတြင္း ရုရွားရဲ႕ ေလေၾကာင္းတိုက္ခုိက္မႈ။
ဆီးရီးယားႏုိင္ငံတြင္း ရုရွားရဲ႕ ေလေၾကာင္းတိုက္ခုိက္မႈေတြက ဆီးရီးယား ပဋိပကၡကို စစ္ေရး မဟုတ္တဲ႔နည္းနဲ႔ ေျဖရွင္းဖို႔ အားထုတ္မႈကို ယုတ္ေလ်ာ့ေစ တယ္လို႔ ေျမာက္အတၱလႏၱိတ္ စစ္စာခ်ဳပ္ အဖြဲ႔ NATO အႀကီးအကဲ Jen Stoltenberg က ေျပာဆိုပါတယ္။ ဥေရာပ ကာကြယ္ေရး ၀န္ႀကီးမ်ား အစည္းအေ၀းကို တက္ေရာက္ဖို႔ အမ္စတာဒမ္ ၿမိဳ႕ေတာ္ကို ဒီကေန႔ ေသာၾကာေန႔မွာ ေရာက္ရွိ လာတဲ႔ ေနတိုး အႀကီးအကဲက အခုလို မွတ္ခ်က္ေပး ေျပာဆိုလုိက္တာ ျဖစ္ပါတယ္။

ရုရွားရဲ႕ ျပင္းထန္တဲ႔ ေလေၾကာင္းတိုက္ခုိက္မႈေတြက အတိုက္အခံေတြ အဖြဲ႔အစည္းေတြ ကို အဓိက ပစ္မွတ္ထား တိုက္ခုိက္ေနတာ ျဖစ္ၿပီး တင္းမာမႈေတြကို လည္း တိုးပြားေစသလို NATO ရဲ႕ ေလပိုင္နက္နဲ႔ တူရကီ ေလပိုင္နက္ကိုလည္း ခ်ိဳးေဖာက္မႈေတြ ရွိေနတယ္လို႔ ေနတိုုး အဖြဲ႔ အႀကီးအကဲက ေျပာဆိုပါတယ္။

ေနာက္ထပ္ ျဖစ္ထြန္းမႈကေတာ့ ရုရွား စစ္ေလယာဥ္ေတြရဲ႕ အေထာက္အပံ႔နဲ႔ ဆီးရီးယား အစိုးရတပ္ေတြက Deraa ၿမိဳ႕အနီးက သူပုန္ေတြ ထိန္းခ်ဳပ္ရာၿမိဳ႕ ကို ျပန္လည္သိမ္းယူခဲ႔တယ္လို႔ Hezbollah အဖြဲ႔ရဲ႕ Al Manar ရုပ္ျမင္သံၾကားနဲ႔ ဆီးရီးယား အေရး ေစာင့္ၾကည့္ေရး အဖြဲ႔တို႔က ဒီကေန႔ ေသာၾကာေန႔ မွာ ေျပာဆို ေဖာ္ျပၾကပါတယ္။

ကုလသမဂၢ ဦးေဆာင္တဲ႔ အလႈရွင္ ႏုိင္ငံမ်ား ညီလာခံ က ဆီးရီးယား ႏုိင္ငံတြင္း လူသားခ်င္း စာနာမႈဆိုင္ရာ အေထာက္အပံ႔ အျဖစ္ ေဒၚလာ ၁၀ ဘီလီယံ ေပးဖို႔ ကတိျပဳခဲ႔ၾက အၿပီးေနာက္တေန႔မွာ အခု သတင္း ထြက္ေပၚ လာတာလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
 ဆီးရီးယားနိုင်ငံတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှု။
ဆီးရီးယားနိုင်ငံတွင်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဆီးရီးယား ပဋိပက္ခကို စစ်ရေး မဟုတ်တဲ့နည်းနဲ့ ဖြေရှင်းဖို့ အားထုတ်မှုကို ယုတ်လျော့စေ တယ်လို့ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အကြီးအကဲ Jen Stoltenberg က ပြောဆိုပါတယ်။ ဥရောပ ကာကွယ်ရေး ၀န်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့ အမ်စတာဒမ် မြို့တော်ကို ဒီကနေ့ သောကြာနေ့မှာ ရောက်ရှိ လာတဲ့ နေတိုး အကြီးအကဲက အခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အတိုက်အခံတွေ အဖွဲ့အစည်းတွေ ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပြီး တင်းမာမှုတွေကို လည်း တိုးပွားစေသလို NATO ရဲ့ လေပိုင်နက်နဲ့ တူရကီ လေပိုင်နက်ကိုလည်း ချိုးဖောက်မှုတွေ ရှိနေတယ်လို့ နေတိုုး အဖွဲ့ အကြီးအကဲက ပြောဆိုပါတယ်။

နောက်ထပ် ဖြစ်ထွန်းမှုကတော့ ရုရှား စစ်လေယာဉ်တွေရဲ့ အထောက်အပံ့နဲ့ ဆီးရီးယား အစိုးရတပ်တွေက Deraa မြို့အနီးက သူပုန်တွေ ထိန်းချုပ်ရာမြို့ ကို ပြန်လည်သိမ်းယူခဲ့တယ်လို့ Hezbollah အဖွဲ့ရဲ့ Al Manar ရုပ်မြင်သံကြားနဲ့ ဆီးရီးယား အရေး စောင့်ကြည့်ရေး အဖွဲ့တို့က ဒီကနေ့ သောကြာနေ့ မှာ ပြောဆို ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ ဦးဆောင်တဲ့ အလှုရှင် နိုင်ငံများ ညီလာခံ က ဆီးရီးယား နိုင်ငံတွင်း လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ အဖြစ် ဒေါ်လာ ၁၀ ဘီလီယံ ပေးဖို့ ကတိပြုခဲ့ကြ အပြီးနောက်တနေ့မှာ အခု သတင်း ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment