တ႐ုတ္ျပည္တြင္ ပထမဆံုး ဇီကာဗိုင္းရပ္စ္ေ၀ဒနာရွင္ ေတြ႔ရွိ


မၾကာေသးခင္က ေတာင္အေမရိကတိုက္မွ ျပန္လာသူ တရုတ္နိုင္ငံသားထံတြင္ ဇီကာဗိုင္းရပ္စ္ပိုး ေတြ႔ရွိရေၾကာင္း တ႐ုတ္အစိုးရက အတည္ျပဳ ေျပာၾကားသည္။ ေတာင္အေမရိကတိုက္တခြင္ ဇီကာဗိုင္းရပ္စ္ပိုး ကူးစက္ျပန္႔ပြားမႈေၾကာင့္ ကမၻာတ၀န္း အထိတ္တလန္႔ျဖစ္လ်က္ရွိျပီး တ႐ုတ္ျပည္ ရွင္က်န္းျပည္နယ္ အေရွ႕ပိုင္း က်န္ရွန္းျမိဳ႕မွ အသက္ ၃၄ ႏွစ္အရြယ္ အမ်ဳိးသားထံတြင္ ၎ေရာဂါပိုး ေတြ႔ရွိခဲ့ျခင္း ျဖစ္ေၾကာင္း တ႐ုတ္ အမ်ဳိးသားက်န္းမာေရး ေကာ္မရွင္ထံမွ သိရသည္။

ေဆာင္းရာသီအေအးဒဏ္ေၾကာင့္ျခင္မွတဆင့္ကူးစက္ျပန္႔ပြားနိုင္သည့္ ဇီကာဗိုင္းရပ္စ္အႏၱရာယ္ စိုးရိမ္ဖြယ္မရွိေၾကာင္း တ႐ုတ္က်န္းမာေရး၀န္ၾကီးဌာနမွ ထုတ္ျပန္ထားသည္။ အဆိုပါ ဇီကာေ၀ဒနာရွင္ တ႐ုတ္အမ်ဳိးသားအား ေနအိမ္မွ အျပင္မထြက္ေစဘဲ ထိန္းခ်ဳပ္ထားသည္မွာ ေဖေဖာ္၀ါရီ ၆ ရက္ေန႔ကတည္းကျဖစ္ျပီး ၎၏ခႏၶာကိုယ္ အပူခ်ိန္ ေလ်ာ့က်လာ၍ ခႏၶကိုယ္ေပၚရွိ အစက္အေျပာက္မ်ားလည္း တျဖည္းျဖည္း ေလ်ာ့နည္းလာေနေၾကာင္း သိရသည္။ ဇီကာဗိုင္းရပ္စ္သည္ ေတာင္အေမရိက၊ အလယ္ပိုင္းအေမရိကႏွင့္ ကာေရဘီယံေဒသတခြင္တြင္ လ်င္ျမန္စြာ ကူးစက္ျပန္႔ပြားေနျပီး ဘရားဇီးနိုင္ငံတြင္ ကူးစက္မႈအျမင့္ဆံုးျဖစ္ေၾကာင္း သိရသည္။

ေခါင္းေသးကိုယ္ၾကီး ကေလးေမြးဖြားျခင္းႏွင့္ ဇီကာဗိုင္းရပ္စ္ပိုး ဆက္စပ္မႈရွိနိုင္ျခင္းေၾကာင့္ ကမၻာ့က်န္းမာေရးအဖြဲ႔က အျပည္ျပည္ဆိုင္ရာ က်န္းမာေရး အေရးေပၚအေျခအေန ေဖေဖာ္၀ါရီ ၁ ရက္ေန႔က ေၾကျငာခဲ့သည္။ ေရာဂါပိုးကူးစက္ခံရသူ အမ်ားစုတြင္ မည္သည့္ ေရာဂါလကၡဏာမွ မျပဘဲ အခ်ဳိ႕တြင္မူ ကိုယ္ပူခ်ိန္တက္ျခင္းႏွင့္ ခႏၶာကိုယ္ေပၚ၌ အစက္အေျပာက္ အနည္းငယ္ ျဖစ္ေပၚျခင္းမ်ား ေတြ႔ရေၾကာင္း သိရသည္။ ေရာဂါကူးစက္ခံရသူ တ႐ုတ္အမ်ဳိးသားသည္ ဗင္နီဇြဲလားနိုင္ငံသို႔ အလည္အပတ္သြားေရာက္ခဲ့ျပီး ဇန္န၀ါရီ ၂၈ ရက္၌ ဖ်ားနာျခင္း၊ ေခါင္းမူးေ၀ျခင္း အစရွိသည့္ ေရာဂါလကၡာဏာ ျဖစ္ေပၚခဲ့သည္။ ထို႔ေနာက္ ေဟာင္ေကာင္မွတဆင့္ တ႐ုတ္ျပည္သို႔ ေဖေဖာ္၀ါရီ ၅ ရက္ေန႔က ျပန္လည္ေရာက္ရွိခဲ့သည္။

Ref;Xinhua
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
........


မကြာသေးခင်က တောင်အမေရိကတိုက်မှ ပြန်လာသူ တရုတ်နိုင်ငံသားထံတွင် ဇီကာဗိုင်းရပ်စ်ပိုး တွေ့ရှိရကြောင်း တရုတ်အစိုးရက အတည်ပြု ပြောကြားသည်။ တောင်အမေရိကတိုက်တခွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကြောင့် ကမ္ဘာတဝန်း အထိတ်တလန့်ဖြစ်လျက်ရှိပြီး တရုတ်ပြည် ရှင်ကျန်းပြည်နယ် အရှေ့ပိုင်း ကျန်ရှန်းမြို့မှ အသက် ၃၄ နှစ်အရွယ် အမျိုးသားထံတွင် ၎င်းရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း တရုတ် အမျိုးသားကျန်းမာရေး ကော်မရှင်ထံမှ သိရသည်။

ဆောင်းရာသီအအေးဒဏ်ကြောင့်ခြင်မှတဆင့်ကူးစက်ပြန့်ပွားနိုင်သည့် ဇီကာဗိုင်းရပ်စ်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း တရုတ်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါ ဇီကာဝေဒနာရှင် တရုတ်အမျိုးသားအား နေအိမ်မှ အပြင်မထွက်စေဘဲ ထိန်းချုပ်ထားသည်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းကဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ် အပူချိန် လျော့ကျလာ၍ ခန္ဓကိုယ်ပေါ်ရှိ အစက်အပြောက်များလည်း တဖြည်းဖြည်း လျော့နည်းလာနေကြောင်း သိရသည်။ ဇီကာဗိုင်းရပ်စ်သည် တောင်အမေရိက၊ အလယ်ပိုင်းအမေရိကနှင့် ကာရေဘီယံဒေသတခွင်တွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားနေပြီး ဘရားဇီးနိုင်ငံတွင် ကူးစက်မှုအမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ခေါင်းသေးကိုယ်ကြီး ကလေးမွေးဖွားခြင်းနှင့် ဇီကာဗိုင်းရပ်စ်ပိုး ဆက်စပ်မှုရှိနိုင်ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ ဖေဖော်ဝါရီ ၁ ရက်နေ့က ကြေငြာခဲ့သည်။ ရောဂါပိုးကူးစက်ခံရသူ အများစုတွင် မည်သည့် ရောဂါလက္ခဏာမှ မပြဘဲ အချို့တွင်မူ ကိုယ်ပူချိန်တက်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်၌ အစက်အပြောက် အနည်းငယ် ဖြစ်ပေါ်ခြင်းများ တွေ့ရကြောင်း သိရသည်။ ရောဂါကူးစက်ခံရသူ တရုတ်အမျိုးသားသည် ဗင်နီဇွဲလားနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်၌ ဖျားနာခြင်း၊ ခေါင်းမူးဝေခြင်း အစရှိသည့် ရောဂါလက္ခာဏာ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဟောင်ကောင်မှတဆင့် တရုတ်ပြည်သို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ပြန်လည်ရောက်ရှိခဲ့သည်။

Ref;Xinhua
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment