အိမ္ျဖဴေတာ္ ျပန္ၾကားေရး အတြင္း၀န္ Josh Earnest ကို ေရာဂါပိုး တိုက္ဖ်က္ေရး ရန္ပံုေငြအေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေတြ႕ရစဥ္။ |
အေမရိကန္ က်န္းမာေရး အရာရွိေတြကေတာ့ - ဒီရံပုံေငြဟာ ကာကြယ္ေဆး ထုတ္လုပ္ႏုိင္ဖုိ႔၊ ေရာဂါျပလကၡဏာေတြကုိ ထိေရာက္စြာ ရွာေဖြ စစ္ေဆးႏုိင္ဖုိ႔နဲ႔ ေမြးဖြားလာတဲ့ ကေလးငယ္ေတြမွာ Microcephaly ေခၚ ဦးေႏွာက္ေသး၊ ေခါင္းေသးေရာဂါနဲ႔ ဦးေႏွာက္အာရုံ ခ်ဳိ႕ယြင္းမႈေတြ ျဖစ္ေပၚတာဟာ ဇီကာကူးစက္ေရာဂါပုိးနဲ႔ ဆက္စပ္မႈရွိတယ္ မရွိဘူးဆုိတဲ့ တိက် ခုိင္မာတဲ့ အေထာက္အထားရရွိေအာင္ သုေတသန ျပဳလုပ္ႏုိင္ဖုိ႔တုိ႔အတြက္ အေရးႀကီးတယ္လုိ႔ ေျပာပါတယ္။
တနလၤာေန႔က သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာ - ဒီရံပုံေငြဟာ ဗုိင္းရပ္စ္ပုိး တုိက္ဖ်က္ဖုိ႔အတြက္ လုိအပ္တဲ့ ျခင္ျပန္႔ပြားမႈ ထိန္းခ်ဳပ္ေရး အစီအစဥ္တုိးခ်ဲ႕ဖုိ႔၊ က်န္းမာေရး ျပဳစု ေစာင့္ေရွာက္မႈ လုပ္ငန္းေတြ တုိးျမင့္ဖုိ႔နဲ႔ ၀င္ေငြနဲ ကုိယ္၀န္ေဆာင္မိခင္ေတြကုိ အေထာက္အပံ့ေပးဖုိ႔ အသုံးျပဳမွာ ျဖစ္တယ္လုိ႔ ေဖာ္ျပထားပါတယ္။
ဇီကာဗုိင္းရပ္စ္ပုိးဟာ Aedes ျခင္အမ်ဳိးအစားကတဆင့္ ကူးစက္တာ ျဖစ္ၿပီး လိင္ဆက္ဆံမႈကတဆင့္လည္း ကူးစက္တတ္တယ္ဆုိတာကုိ သုေတသီေတြက ရွာေဖြ ေတြ႔ရွိထားၾကၿပီး ျဖစ္ပါတယ္။ ေရာဂါပုိး ကူးစက္သူ ၈၀% မွာ ေရာဂါလကၡဏာ မေတြ႔ရဘူးလုိ႔ ဆုိပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................
အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် Josh Earnest ကို ရောဂါပိုး တိုက်ဖျက်ရေး ရန်ပုံငွေအကြောင်း သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
အမေရိကန်ပြည်ထောင်စုအတွင်းနဲ့ တခြားနိုင်ငံတွေမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ဇီကာရောဂါပိုး တိုက်ဖျက်ရေး အရေးပေါ် ရံပုံငွေ ဒေါ်လာ ၁.၈ ဘီလီယံ ထောက်ပံ့ပေးဖို့ သမ္မတ Barack Obama က ကွန်ဂရက်လွှတ်တော်ထံ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ကျန်းမာရေး အရာရှိတွေကတော့ - ဒီရံပုံငွေဟာ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့၊ ရောဂါပြလက္ခဏာတွေကို ထိရောက်စွာ ရှာဖွေ စစ်ဆေးနိုင်ဖို့နဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ Microcephaly ခေါ် ဦးနှောက်သေး၊ ခေါင်းသေးရောဂါနဲ့ ဦးနှောက်အာရုံ ချို့ယွင်းမှုတွေ ဖြစ်ပေါ်တာဟာ ဇီကာကူးစက်ရောဂါပိုးနဲ့ ဆက်စပ်မှုရှိတယ် မရှိဘူးဆိုတဲ့ တိကျ ခိုင်မာတဲ့ အထောက်အထားရရှိအောင် သုတေသန ပြုလုပ်နိုင်ဖို့တို့အတွက် အရေးကြီးတယ်လို့ ပြောပါတယ်။
တနင်္လာနေ့က သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ - ဒီရံပုံငွေဟာ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ဖို့အတွက် လိုအပ်တဲ့ ခြင်ပြန့်ပွားမှု ထိန်းချုပ်ရေး အစီအစဉ်တိုးချဲ့ဖို့၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု လုပ်ငန်းတွေ တိုးမြင့်ဖို့နဲ့ ၀င်ငွေနဲ ကိုယ်ဝန်ဆောင်မိခင်တွေကို အထောက်အပံ့ပေးဖို့ အသုံးပြုမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဇီကာဗိုင်းရပ်စ်ပိုးဟာ Aedes ခြင်အမျိုးအစားကတဆင့် ကူးစက်တာ ဖြစ်ပြီး လိင်ဆက်ဆံမှုကတဆင့်လည်း ကူးစက်တတ်တယ်ဆိုတာကို သုတေသီတွေက ရှာဖွေ တွေ့ရှိထားကြပြီး ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်သူ ၈၀% မှာ ရောဂါလက္ခဏာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment