စိုးရိမ္ဖြယ္အေနအထားနဲ႔ ရင္ဆိုင္ေနရတဲ့ Aleppo ၿမိဳ႕ |
Aleppo ၿမိဳ ႔နဲ႔ တူရကီနယ္စပ္နားက Bab al Salam အရပ္ကို ဆက္သြယ္ထားတဲ့ သူပုန္ေတြရဲ႕ ေထာက္ပံ့ေရးလမ္းေၾကာင္းကို အဲဒီ တပ္ဖြဲ႔ေတြက ျဖတ္ေတာက္ ထားၿပီး ျဖစ္တယ္လို႔လည္း ကုလသမဂၢက ဆိုပါတယ္။ တကယ္လို႔သာ ၿမိဳ႔ကိုသိမ္းပိုက္လိုက္ရင္ေတာ့ အလပ္ပိုကေန ေနာက္ထပ္ အရပ္သား ၁ သိန္းကေန ၁ သိန္းခြဲေလာက္အထိ ထြက္ေျပးရဖြယ္ရွိေနပါတယ္။
အလပ္ပိုကေန တူရကီနယ္စပ္နားက A’zaz ကိုထြက္ေျပးလာတဲ့ ဒုကၡသည္ ၂ ေသာင္း ၁ ေထာင္အတြက္ အစားအစာေတြ အေရးေပၚလိုအပ္ေနတယ္လို႔လည္း ကမာၻ႔စားနပ္ရိကၡာအဖြဲ႔ႀကီးက ဒီကေန႔ ေျပာဆိုပါတယ္။ ဆီးရီးယားႏိုင္ငံဆိုင္ရာ ကမာၻ႔စားနပ္ရိကၡာအဖြဲ႔ အႀကီးအကဲ Jakob Kern က အလပ္ပိုက အေျခအေနဟာ ထိလြယ္ရွလြယ္ ျဖစ္တယ္လုိ႔ ေျပာပါတယ္။
လြန္ခဲ့တဲ့သီတင္းပတ္အတြင္း သမၼတ Bashar al-Assed အစိုးရကို ၅ နွစ္ၾကာတိုက္ခိုက္ေနတဲ့ သူပုန္ေတြကို ႏွိမ္နင္းဖို႔ အစိုးရလိုလားတဲ့ တပ္ေတြဟာ အလပ္ပိုကို တိုက္ခိုက္ခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံေျမာက္ပိုင္းမွာ ရုရွားစစ္ေလယာဥ္ေတြဟာ အဆက္မျပတ္ဗံုးႀကဲ တိုက္ခုိက္ေနတာေၾကာင့္ အေမရိကန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ သူပုန္ေတြနဲ႔ တျခားသူပုန္အဖြဲ႔၀င္ေတြဟာ ဥမင္လႈိင္ေခါင္းေတြထဲမွာ အကာအကြယ္ယူေနထိုင္ေနၾကရပါတယ္။ ဒီလိုအေျခအေနေအာက္မွာ သူပုန္ေတြဟာ စိတ္ဓာတ္ပိုင္း ေရးရာ က်ဆင္းေနတယ္လို႔ သူပုန္အဖြဲ႔၀င္တဦးက VOA ကိုေျပာဆိုၿပီး အာဆတ္ကို ဆန္႔က်င္တဲ့ သူပုန္ေတြၾကား အေနာက္ႏိုင္ငံေတြအေနနဲ႔ သူတို႔ကို လစ္လ်ဴရႈထားတယ္ဆိုၿပီးေတာ့လည္း ရႈျမင္ေနၾကပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............
စိုးရိမ်ဖွယ်အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ Aleppo မြို့
ဆီးရီးယားအစိုးရ လိုလားတဲ့ တပ်ဖွဲ့တွေအနေနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ Aleppo မြို့ကို ၀ိုင်းထားနိုင်ရင် လူ ၃ သိန်းလောက်ဟာ လူသားချင်းစာနိုင်မှု ဆိုင်ရာအကူအညီ ရနိုင်တော့မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂက ဒီကနေ့ သတိပေး လိုက်ပါတယ်။
Aleppo မြို ့နဲ့ တူရကီနယ်စပ်နားက Bab al Salam အရပ်ကို ဆက်သွယ်ထားတဲ့ သူပုန်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အဲဒီ တပ်ဖွဲ့တွေက ဖြတ်တောက် ထားပြီး ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။ တကယ်လို့သာ မြို့ကိုသိမ်းပိုက်လိုက်ရင်တော့ အလပ်ပိုကနေ နောက်ထပ် အရပ်သား ၁ သိန်းကနေ ၁ သိန်းခွဲလောက်အထိ ထွက်ပြေးရဖွယ်ရှိနေပါတယ်။
အလပ်ပိုကနေ တူရကီနယ်စပ်နားက A’zaz ကိုထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သောင်း ၁ ထောင်အတွက် အစားအစာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ဒီကနေ့ ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးအကဲ Jakob Kern က အလပ်ပိုက အခြေအနေဟာ ထိလွယ်ရှလွယ် ဖြစ်တယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း သမ္မတ Bashar al-Assed အစိုးရကို ၅ နှစ်ကြာတိုက်ခိုက်နေတဲ့ သူပုန်တွေကို နှိမ်နင်းဖို့ အစိုးရလိုလားတဲ့ တပ်တွေဟာ အလပ်ပိုကို တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ရုရှားစစ်လေယာဉ်တွေဟာ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်တွေနဲ့ တခြားသူပုန်အဖွဲ့ဝင်တွေဟာ ဥမင်လှိုင်ခေါင်းတွေထဲမှာ အကာအကွယ်ယူနေထိုင်နေကြရပါတယ်။ ဒီလိုအခြေအနေအောက်မှာ သူပုန်တွေဟာ စိတ်ဓာတ်ပိုင်း ရေးရာ ကျဆင်းနေတယ်လို့ သူပုန်အဖွဲ့ဝင်တဦးက VOA ကိုပြောဆိုပြီး အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကြား အနောက်နိုင်ငံတွေအနေနဲ့ သူတို့ကို လစ်လျူရှုထားတယ်ဆိုပြီးတော့လည်း ရှုမြင်နေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment