ထိုးစစ္ေၾကာင့္ အလက္ပိုမွာ လူ၅၀၀ ေသဆုံး


အလက္ပိုၿမိဳ႕မွာ ျဖစ္ေနတဲ့ တိုက္ခိုက္မႈကို ေတြ႔ရစဥ္ (Credit: AFP) 
ရုရွားကေန ​ကူညီတိုက္ခိုက္ေနတဲ့ ​အလက္ပိုၿမိဳ႕ ​ထိုးစစ္ဆင္ေရးအတြင္း ​ေဖေဖာ္ဝါရီလ ​အတြင္းမွာပဲ ​လူေပါင္း ​၅၀၆ ​ေယာက္ ​ေသဆုံးရၿပီလို႔ ​လူအခြင့္အေရး ​ေစာင့္ၾကည့္တဲ့ ​အဖြဲ႔ေတြက ​ေျပာပါတယ္။

ဆီးရီးယား ​အစိုးရဟာ ​ရုရွားရဲ့ ​အကူအညီနဲ႔ ​အလက္ပိုၿမိဳ႕ကို ​ျပန္လည္ ​ရယူဖို႔အတြက္ ​ေဖေဖာ္ဝါရီလ ​၁ ​ရက္ေန႔ကစၿပီး ​ထိုးစစ္ဆင္ေနတာ ​ျဖစ္ပါတယ္။

ရုရွားရဲ့ ​ေဝဟင္တိုက္ခိုက္မႈေၾကာင့္ ​ကေလးငယ္ ​၂၃ ​ဦးပါ ​ေသဆုံးရတယ္လို႔ ​ၿဗိတိန္အေျခစိုက္ ​Observatory ​for ​Human ​Rights ​အဖြဲ႔က ​ေျပာပါတယ္။

အလက္ပို ​ၿမိဳ႕သား ​တခ်ဳိ႕ကေတာ့ ​တူရကီႏိုင္ငံဘက္ကို ​ထြက္ေျပးႏိုင္ခဲ့ေပမယ့္ ​တူရကီ ​အစိုးရက ​နယ္စပ္ျဖတ္ေက်ာ္ခြင့္ ​မေပးတဲ့အတြက္ ​နယ္စပ္မွာပဲ ​ေသာင္တင္ေနၾကရပါတယ္။

တူရကီႏိုင္ငံမွာ ​ဆီးရီးယား ​ဒုကၡသည္ ​အေယာက္ေပါင္း ​၂.၇ ​သန္း ​ေရာက္ရွိေနၿပီးသား ​ျဖစ္ပါတယ္။ ​တူရကီႏိုင္ငံထဲ ​ဝင္ခြင့္ရတဲ့ ​Abdul ​Karim ​Bahloul ​ရဲ့ ​ေျပာျပခ်က္အရ ​ကေလးငယ္ေတြဟာ ​ဗုံးေတြေၾကာင့္ ​ေသဆုံးရသလို ​တခ်ဳိ႕ကလည္း ​အေအးဒဏ္နဲ႔ ​အစာငတ္မြတ္မႈ ​ဒဏ္ေၾကာင့္ ​ေသဆုံးေနရတယ္လို႔ ​ေျပာျပခဲ့ပါတယ္။

ဒဏ္ရာ ​ရရွိတဲ့ ​လူေတြကိုသာ ​တူရကီက ​ဝင္ေရာက္ခြင့္ေပးေနၿပီး ​လူေပါင္း ​၃၀၀၀၀ ​ေလာက္ကိုေတာ့ ​ယာယီတဲေတြနဲ႔ ​အစားအစာကိုသာ ​ေပးပို႔ေနတာ ​ျဖစ္ပါတယ္။

ဆီးရီးယားႏိုင္ငံမွာ ​ျဖစ္ေနတဲ့ ​ျပည္တြင္းစစ္ေၾကာင့္ ​လူေပါင္း ​ႏွစ္သိန္းခြဲေက်ာ္ ​ေသဆုံးရၿပီး ​ႏိုင္ငံရဲ့ ​လူဦးေရ ​တဝက္ေလာက္က ​အိုးအိမ္စြန္႔ခြာေနရပါတယ္။

တူရကီႏိုင္ငံထဲကို ​ဝင္ေရာက္ဖို႔ ​ႀကိဳးစားတဲ့ ​လူေတြထဲမွာ ​အေသခံ ​ဗုံးေဖာက္ခြဲေရး ​သမားေတြ ​ပါဝင္ႏိုင္တာေၾကာင့္ ​တူရကီက ​လုံၿခဳံေရး ​တင္းၾကပ္ထားပါတယ္။

ဗုဒၶဟူးေန႔တုန္းကပဲ ​သကၤာမကင္းျဖစ္ေနတဲ့ ​လူတစ္စုရဲ့ ​အိတ္ကို ​ရွာေဖြၾကည့္ရာက ​အေသခံ ​ဗုံးေဖာက္ခြဲေရးမွာ ​အသုံးျပဳတဲ့ ​ခါးပတ္နဲ႔ ​ေဖာက္ခြဲေရး ​ပစၥည္းေတြကို ​ေတြ႔ခဲ့တယ္လို႔ ​ဆိုပါတယ္။

ဆီးရီးယား ​ျပႆနာေျဖရွင္းႏိုင္ေအာင္  ​ေနတိုးအဖြဲ႔နဲ႔ ​ကုလသမဂၢတို႔က ​ဒီတပတ္အတြင္းမွာပဲ ​ေတြ႔ဆုံေဆြးေႏြးမႈ ​ျပဳလုပ္မွာ ​ျဖစ္ပါတယ္။

ကုလသမဂၢကလည္း ​ေဝဟင္တိုက္ခိုက္မႈေတြကို ​ရပ္ဆိုင္းေပးဖို႔ ​ရုရွားကို ​ေတာင္းဆိုထားပါတယ္။

အရင္တေလာတုန္းက ​ကုလသမဂၢကေန ​ဦးေဆာင္ၿပီး ​ဆီးရီးယား ​ၿငိမ္းခ်မ္းေရး ​ကိစၥ ​ေဆြးေႏြးခဲ့ေပမယ့္ ​အဆင္မေျပမႈေတြ ​မ်ားခဲ့လို႔ ​ေဖေဖာ္ဝါရီလ ​၂၅ ​ရက္ေန႔အထိ ​ဆိုင္းငံ့ထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
........

အလက်ပိုမြို့မှာ ဖြစ်နေတဲ့ တိုက်ခိုက်မှုကို တွေ့ရစဉ် (Credit: AFP) 
ရုရှားကနေ ​ကူညီတိုက်ခိုက်နေတဲ့ ​အလက်ပိုမြို့ ​ထိုးစစ်ဆင်ရေးအတွင်း ​ဖေဖော်ဝါရီလ ​အတွင်းမှာပဲ ​လူပေါင်း ​၅၀၆ ​ယောက် ​သေဆုံးရပြီလို့ ​လူအခွင့်အရေး ​စောင့်ကြည့်တဲ့ ​အဖွဲ့တွေက ​ပြောပါတယ်။

ဆီးရီးယား ​အစိုးရဟာ ​ရုရှားရဲ့ ​အကူအညီနဲ့ ​အလက်ပိုမြို့ကို ​ပြန်လည် ​ရယူဖို့အတွက် ​ဖေဖော်ဝါရီလ ​၁ ​ရက်နေ့ကစပြီး ​ထိုးစစ်ဆင်နေတာ ​ဖြစ်ပါတယ်။

ရုရှားရဲ့ ​ဝေဟင်တိုက်ခိုက်မှုကြောင့် ​ကလေးငယ် ​၂၃ ​ဦးပါ ​သေဆုံးရတယ်လို့ ​ဗြိတိန်အခြေစိုက် ​Observatory ​for ​Human ​Rights ​အဖွဲ့က ​ပြောပါတယ်။

အလက်ပို ​မြို့သား ​တချို့ကတော့ ​တူရကီနိုင်ငံဘက်ကို ​ထွက်ပြေးနိုင်ခဲ့ပေမယ့် ​တူရကီ ​အစိုးရက ​နယ်စပ်ဖြတ်ကျော်ခွင့် ​မပေးတဲ့အတွက် ​နယ်စပ်မှာပဲ ​သောင်တင်နေကြရပါတယ်။

တူရကီနိုင်ငံမှာ ​ဆီးရီးယား ​ဒုက္ခသည် ​အယောက်ပေါင်း ​၂.၇ ​သန်း ​ရောက်ရှိနေပြီးသား ​ဖြစ်ပါတယ်။ ​တူရကီနိုင်ငံထဲ ​ဝင်ခွင့်ရတဲ့ ​Abdul ​Karim ​Bahloul ​ရဲ့ ​ပြောပြချက်အရ ​ကလေးငယ်တွေဟာ ​ဗုံးတွေကြောင့် ​သေဆုံးရသလို ​တချို့ကလည်း ​အအေးဒဏ်နဲ့ ​အစာငတ်မွတ်မှု ​ဒဏ်ကြောင့် ​သေဆုံးနေရတယ်လို့ ​ပြောပြခဲ့ပါတယ်။

ဒဏ်ရာ ​ရရှိတဲ့ ​လူတွေကိုသာ ​တူရကီက ​ဝင်ရောက်ခွင့်ပေးနေပြီး ​လူပေါင်း ​၃၀၀၀၀ ​လောက်ကိုတော့ ​ယာယီတဲတွေနဲ့ ​အစားအစာကိုသာ ​ပေးပို့နေတာ ​ဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ​ဖြစ်နေတဲ့ ​ပြည်တွင်းစစ်ကြောင့် ​လူပေါင်း ​နှစ်သိန်းခွဲကျော် ​သေဆုံးရပြီး ​နိုင်ငံရဲ့ ​လူဦးရေ ​တဝက်လောက်က ​အိုးအိမ်စွန့်ခွာနေရပါတယ်။

တူရကီနိုင်ငံထဲကို ​ဝင်ရောက်ဖို့ ​ကြိုးစားတဲ့ ​လူတွေထဲမှာ ​အသေခံ ​ဗုံးဖောက်ခွဲရေး ​သမားတွေ ​ပါဝင်နိုင်တာကြောင့် ​တူရကီက ​လုံခြုံရေး ​တင်းကြပ်ထားပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကပဲ ​သင်္ကာမကင်းဖြစ်နေတဲ့ ​လူတစ်စုရဲ့ ​အိတ်ကို ​ရှာဖွေကြည့်ရာက ​အသေခံ ​ဗုံးဖောက်ခွဲရေးမှာ ​အသုံးပြုတဲ့ ​ခါးပတ်နဲ့ ​ဖောက်ခွဲရေး ​ပစ္စည်းတွေကို ​တွေ့ခဲ့တယ်လို့ ​ဆိုပါတယ်။

ဆီးရီးယား ​ပြဿနာဖြေရှင်းနိုင်အောင်  ​နေတိုးအဖွဲ့နဲ့ ​ကုလသမဂ္ဂတို့က ​ဒီတပတ်အတွင်းမှာပဲ ​တွေ့ဆုံဆွေးနွေးမှု ​ပြုလုပ်မှာ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂကလည်း ​ဝေဟင်တိုက်ခိုက်မှုတွေကို ​ရပ်ဆိုင်းပေးဖို့ ​ရုရှားကို ​တောင်းဆိုထားပါတယ်။

အရင်တလောတုန်းက ​ကုလသမဂ္ဂကနေ ​ဦးဆောင်ပြီး ​ဆီးရီးယား ​ငြိမ်းချမ်းရေး ​ကိစ္စ ​ဆွေးနွေးခဲ့ပေမယ့် ​အဆင်မပြေမှုတွေ ​များခဲ့လို့ ​ဖေဖော်ဝါရီလ ​၂၅ ​ရက်နေ့အထိ ​ဆိုင်းငံ့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment