ေျမာက္ကိုရီးယား စစ္ဦးစီးခ်ဳပ္ကို ကြပ္မ်က္

 ေျမာက္ကိုရီးယား စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ရီယြန္ေဂးလ္ (ဝဲ) ကြပ္မ်က္ခံရတယ္လို႔ ယြန္ဟပ္ သတင္းဌာနက ေျပာ။
ေျမာက္ကိုရီးယား နိုင္ငံမွာ စစ္တပ္ အႀကီးအကဲ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ရီယြန္ေဂလ္း Ri Yong-gil ကို အဂတိ လိုက္စားမွု စြဲခ်က္ေတြနဲ႔ ကြပ္မ်က္ လိုက္တယ္လို႔ ေတာင္ကိုရီးယား အစိုးရ သတင္းဌာန ယြန္ဟပ္က ေဖာ္ၿပ ခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ ရီယြန္ေဂလ္းဟာ ကိုယ္က်ိဳးစီးပြား ရယူမွုေတြ၊ အက်င့္ပ်က္မွု စြဲခ်က္ေတြနဲ႔ အခုလ အေစာပိုင္းက ကြပ္မ်က္ ခံခဲ့ရတာ ျဖစ္တယ္လို႔ အမည္မေဖာ္တဲ့ သတင္းရင္းျမစ္ကို ကိုးကားၿပီး ယြန္ဟပ္ သတင္းဌာနက ေျပာပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး သီးျခား အတည္ျပဳနိုင္ျခင္းေတာ့ မရွိေသးပါဘူး။

ေျမာက္ကိုရီးယားက တာေဝးပစ္ ဒုံးက်ည္ တစ္စင္း ပစ္လႊတ္ခဲ့ၿပီး ရက္ပိုင္း အၾကာမွာ အခုလို ဗိုလ္ခ်ဳပ္ ရီ ကြပ္မ်က္ ခံရတဲ့ သတင္း ထြက္ေပၚ လာတာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္ ရီဟာ ေျမာက္ကိုရီးယားမွာ ကင္ဂ်ဳံအန္း အာဏာရလာၿပီးေနာက္ ၂၀၁၃ ခုႏွစ္မွာ ေျမာက္ကိုရီးယား စစ္တပ္ရဲ့ စစ္ဦးစီးခ်ဳပ္ ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

ကင္ဂ်ဳံအန္း လက္ထက္မွာ ကြပ္မ်က္ ခံခဲ့ရတဲ့ ေျမာက္ကိုရီးယား အရာရွိေပါင္း အေယာက္ ၇၀ ေလာက္ ရွိသြားၿပီလို႔ ေတာင္ကိုရီးယား အစိုးရက ၿပီးခဲ့တဲ့ ႏွစ္က ခန္႔မွန္း ေျပာဆို ခဲ့ပါတယ္။

အဲဒီလို ကြပ္မ်က္ခံရသူေတြ ထဲမွာ ကင္ဂ်ဳံအန္းရဲ့ ဦးေလး ေတာ္စပ္သူလည္း ပါဝင္ခဲ့ပါတယ္။ သူက ကင္ဂ်ဳံအန္းရဲ့ အဓိက အႀကံေပး ျဖစ္ခဲ့ၿပီး သစၥာေဖာက္မွုနဲ႔ အသတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...........
  မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရီယွန်ဂေးလ် (ဝဲ) ကွပ်မျက်ခံရတယ်လို့ ယွန်ဟပ် သတင်းဌာနက ပြော။
မြောက်ကိုရီးယား နိုင်ငံမှာ စစ်တပ် အကြီးအကဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရီယွန်ဂေလ်း Ri Yong-gil ကို အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ကွပ်မျက် လိုက်တယ်လို့ တောင်ကိုရီးယား အစိုးရ သတင်းဌာန ယွန်ဟပ်က ဖော်ပြ ခဲ့ပါတယ်။

ဗိုလ်ချုပ် ရီယွန်ဂေလ်းဟာ ကိုယ်ကျိုးစီးပွား ရယူမှုတွေ၊ အကျင့်ပျက်မှု စွဲချက်တွေနဲ့ အခုလ အစောပိုင်းက ကွပ်မျက် ခံခဲ့ရတာ ဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို ဗိုလ်ချုပ် ရီ ကွပ်မျက် ခံရတဲ့ သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ရီဟာ မြောက်ကိုရီးယားမှာ ကင်ဂျုံအန်း အာဏာရလာပြီးနောက် ၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယား စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ကင်ဂျုံအန်း လက်ထက်မှာ ကွပ်မျက် ခံခဲ့ရတဲ့ မြောက်ကိုရီးယား အရာရှိပေါင်း အယောက် ရ၀ လောက် ရှိသွားပြီလို့ တောင်ကိုရီးယား အစိုးရက ပြီးခဲ့တဲ့ နှစ်က ခန့်မှန်း ပြောဆို ခဲ့ပါတယ်။

အဲဒီလို ကွပ်မျက်ခံရသူတွေ ထဲမှာ ကင်ဂျုံအန်းရဲ့ ဦးလေး တော်စပ်သူလည်း ပါဝင်ခဲ့ပါတယ်။ သူက ကင်ဂျုံအန်းရဲ့ အဓိက အကြံပေး ဖြစ်ခဲ့ပြီး သစ္စာဖောက်မှုနဲ့ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment