Ref:tmz
.......................................................................................
တေလာဆွစ်ဖ်အိမ်ရှေ ့ မှာ လှည့်လည်နေသူ မသင်္ကာဖွယ်အမျိုးသားကို ဖမ်းဆီး
Mario
ရဲတွေဟာ ဗုဒ္ဓဟူးနေ့ကပဲ တေလာဆွစ်ဖ် ရဲ ့နေအိမ်ကို အသည်းအသန်ပြေးလာခဲ့ရပါတယ်။ လာရတဲ့အကြောင်းအရင်းကတော့ သံသယ ရှိဖွယ် အမျိုးသားတစ်ယောက်ဟာ တေလာဆွစ်ဖ် ရဲ ့ နေအိမ် အပေါက်ဝ နားမှာ လှည့်လည်သွားလာနေခဲ့လို့ပါ။
လောအိန်ဂျလိစ် ရဲ တပ်ဖွဲ ့တွေဟာ ညနေခင်း ၄ နာရီလောက်မှာ ပဲ ထို သံသယရှိဖွယ် အမျိုးသား ကို အကျဉ်းထောင်ထဲ ဖမ်းချုပ်ထားခဲ့ရပါတယ်။ သက်ဆိုင်ရာ သတင်း အရင်းအမြစ်တွေရဲ ့ ပြောကြားချက်အရ အိမ်နီးနားချင်းတွေဟာ တေလာဆွစ်ဖ်ရဲ ့ နေအိမ်ရှေ ့မှာ လူတစ်ယောက် ကို မသင်္ကာဖွယ် တွေ့ရှိရတဲ့အတွက် ရဲတပ်ဖွဲ့ထံ ဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
TMZ သတင်းဌာနကတော့ ထိုအမျိုးသားကို လက်ထိပ်ခတ်ပြီး ရဲ ကားနဲ့ ခေါ်ဆောင်သွားခဲ့တဲ့ ဓါတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ဒါပေမယ့် ထိုအမျိုးသားဟာ တိုက်ခိုက်မှုလည်း မပြုလုပ်ခဲ့သလို အကြမ်းဖက်တဲ့ အမူအကျင့်ကို ဖော်ဆောင်တဲ့ လက္ခဏာလည်း မပြသခဲ့ပါဘူး။ အဲဒီအချိန်မှာ တေလာဆွစ်ဖ် တစ်ယောက် အိမ်မှာရှိနေသလား ဆိုတာတော့ အတိအကျမသိရသေးပါဘူး။
Ref:tmz
http://www.trend.com.mm/2016/02/05/news-8759
0 comments:
Post a Comment