႐ိုး႐ိုးေလးပဲ အသက္ရွင္မယ္
သူတို ့ႏွစ္ေယာက္ရဲ ့ဝတ္စားပံုနဲ ့ေနထိုင္ပံုက ႐ိုး႐ိုးေလးပဲ။ ေကာင္မေလးက အေမရိကန္ကို ႏိုင္ငံေရး ခိုလံႈဖို ့ ေျပးလာတဲ့ တ႐ုတ္-ဗီယက္နမ္ မ်ိဳးဆက္ကေမြးတယ္။ နာမည္က ပရင္စလာခ်န္။ ေကာင္ေလး နာမည္က မက္ခ္ ဇက္ကာဘက္။ သူက အေမရိကန္ဖြား ဂ်ဴးလူမ်ိဳး ဘာသာမဲ့ တစ္ေယာက္။ ဟားဗတ္ တကၠသိုလ္ ဒုတိယႏွစ္ ေက်ာင္းပါတီမွာ သူတို ့ စေတြ ့တယ္။ ၂၀၀၃ မွာ စႀကိဳက္ၾကတယ္။
၂၀၀၄ မွာ ေကာင္ေလးက သူ ့အိမ္မက္ေတြ အေကာင္အထည္ ေဖာ္ဖို ့ ေက်ာင္းထြက္ သြားတယ္။ ေနာင္သံုးႏွစ္ အၾကာ ၂၀၀၇ မွာ သူ ့ အိမ္မက္က ကမာၻေက်ာ္သြားၿပီး အသက္ ၂၃ ႏွစ္နဲ ့ ကမာၻ အငယ္ဆံုး ဘီလီယံနာ ျဖစ္လာတယ္။ ၂၀၁၂ ေမ ၁၉ မွာ ငယ္ခ်စ္ ႏွစ္ေယာက္ လက္ထပ္ ၾကတယ္။ ေကာင္ေလးရဲ ့အိမ္ ေနာက္ဘက္က ေျမကြက္မွာပဲ လက္ထပ္ပြဲ ႐ိုး႐ိုးေလး က်င္းပတယ္။ မီဒီယာ ေတြမွာ ဘီလီနာ စံုတြဲရဲ ့ အိမ္ေနာက္ေဖးက မဂၤလာပြဲ လို ့သတင္းေရး ၾကတယ္။
၂၀၁၅ ဒီဇင္ဘာမွာ ေကာင္ေလး ပိုင္တဲ့ Facebook လုပ္ငန္းစုဟာ ကမာၻတန္ဖိုး အႀကီးဆံုး အမွတ္ တံဆိပ္ ၁၀ ခု ထဲမွာ ပါလာၿပီး သူရဲ ့ႂကြယ္ဝမႈ က ေဒၚလာ ၄၅ ဘီလီယံ ျဖစ္လာတယ္။ ၂၀၁၅ ဒီဇင္ဘာ ၁ မွာ သမီးဦးေလး ေမြးတယ္။ သမီးေလး ေမြးၿပီးေတာ့ ပိုင္ဆိုင္မႈရဲ ့ ၉၉ ရာခိုင္နႈန္း လွဴမယ္ ဆံုးျဖတ္တယ္။ သူ ့ေငြေတြနဲ ့ ကမာၻေနရာ အႏွံ ့က လူသားေတြ အတြက္ က်န္းမာေရး၊ ပညာေရး၊ သိပၸံ သုေတသန နဲ ့ စြမ္းအင္ တို ့ကို ညီမွ်စြာ ရရွိေအာင္ ပံ့ပိုးမယ္လို ့ ဆံုးျဖတ္ထားတယ္။ ဒါက က်ြန္ေတာ္တို ့ အခု သံုးေနတဲ့ Facebook ဆိုတဲ့ လူမွုကြန္ယက္ ကို တည္ေထာင္ခဲ့တဲ့ ကမာၻ အႂကြယ္ဝဆံုး ဘီလီယံနာ တစ္ေယာက္ ရဲ ့ ဘဝကို ျဖတ္သန္းေနပံုေပါ့။
သူနဲ ့ဆန္ ့က်င္ဘက္ပံုစံ ဘဝကို ျဖတ္သန္းေနတဲ့ ဘီလီယံနာ ေတြလည္း ရွိတယ္။ ဥပမာ - တ႐ုတ္ နံပါတ္ ၁ ဘီလီယံနာ ဝမ္က်န္လင္။ သူဟာ ေဒၚလာ ၂၅ ဘီလီယံ ပိုင္မယ္ ခန္ ့မွန္းရတယ္။ ဒီေကာင္ေလး ပိုင္ဆိုင္မႈရဲ ့ တဝက္ေလာက္ ရိွတယ္။ ဘဝကို ျဖတ္သန္းပံုေတာ့ မတူဘူး။ သူတို ့ ျကြယ္ဝမႈကို ျပဖို ့တန္ဖိုးႀကီး ေက်ာက္စိမ္းနဲ ့ လုပ္တဲ့ ပရိေဘာဂ ေတြ ဝယ္ရတယ္။ အခမ္းနားဆံုး အိမ္ကို ေဆာက္ရတယ္။ လြန္ခဲ့တဲ့ ႏွစ္ေတြက သူရဲ ့သားကေန အိမ္ေမြးေခြးကို ေစ်းႀကီးတဲ့ Apple နာရီ ႏွစ္လံုးပတ္ၿပီး လူမႈကြန္ယက္မွာ ဓာတ္ပံု ႐ိုက္တင္ ျကြားခဲ့တယ္။
အာရပ္ကမာၻက ေစာ္ဘြားေတြလည္း ဒီေကာင္ေလး တဝက္ေလာက္ေတာ့ ခ်မ္းသာတယ္။ သူတို ့ လည္း ပင္ပန္းရွာတယ္။ ေန ့တိုင္း အဖိုးတန္ သစ္ေမႊးအဆီ နဲ ့ထုတ္တဲ့ ပစၥည္းေတြ သံုးရတယ္။ ေရႊခ်ထားတဲ့ မာစီးဒီးကားေတြ၊ ေရႊတံုး ထုတ္ေပးတဲ့ ေအတီအမ္ စက္ေတြ၊ တန္ဖိုးႀကီး ၿပိဳင္ကား၊ နာရီေတြ နဲ ့ေရႊအတိၿပီးတဲ့ ပရိေဘာဂ ပစၥည္း ေတြ သံုးၿပီး ႂကြယ္ဝမႈကို ၿပိဳင္ရရွာတယ္။ တပြဲကို ျမန္မာေငြ သိန္း သံုးဆယ္ေလာက္ တန္တဲ့ ေရခဲမုန္ ့ကို စားျပရတယ္။ ျပီးရင္ ခုန ေကာင္ေလး ပိုင္တဲ့ Facebook လူမွု ကြန္ယက္ မွာ တင္ျကြားရတယ္။
မကၠဆီကို မူးယစ္ရာဇာ အယ္ခ်ာပိုရဲ ့ သား ေတြလည္း သူတို ့ႂကြယ္ဝမႈ နဲ ့ၾသဇာ ရွိမႈကို လူမသိမွာ ေၾကာက္ေနရတယ္။ ဒါေၾကာင့္ ေစ်း အႀကီးဆံုးကားေတြ အမ်ားႀကီး ဝယ္ထားရတယ္။ မလိုဘဲနဲ ့အိုင္ဖုန္း အမ်ားႀကီး ဝယ္ၿပီး ေရထဲ စိမ္ျပရတယ္။ သိန္း ေထာင္ခ်ီေပးရတဲ့ သားရဲ တိရစာၦန္ေတြ ေမြးျပတယ္။ ေသနတ္ေတြ ကိုင္ျပတယ္။ မိန္းမေခ်ာေလးေတြကို အနားမွာ အမ်ားႀကီး ေခၚထားရတယ္။ ၿပီးမွ ဒါေတြ အကုန္ ဓာတ္ပံု႐ိုက္ ခုနက ေကာင္ေလး ပိုင္တဲ့ Facebook ရဲ ့ လုပ္ငန္းစု တစ္ခု ျဖစ္တဲ့ Instragram လူမႈ ကြန္ယက္မွာ တင္ရတယ္။ သူတို႔လည္း မသက္သာပါဘူး။
ျမန္မာျပည္ သူေဌးသားေတြလည္း ပင္ပန္းတာပဲ။ သိန္းေထာင္ဂဏန္း နာရီေတြ နဲ ့ အဖိုးတန္ ၿပိဳင္ကားေတြ ဝယ္ၿပီး ဓာတ္ပံု ႐ိုက္တင္ရတယ္။ စိန္စီေသာညမွာ မဂၤလာ ေဆာင္ျပရတယ္။ ပန္းသီး တျခမ္းပဲ့ပံု တံဆိပ္တို ့၊ အျခား တန္ဖိုးျကီး တံဆိပ္ တို ့ကိုလည္း သူမ်ားျမင္ေအာင္ အမ်ိဳးမ်ိုး စဥ္းစားျပီး ဓာတ္ပံု ႐ိုက္ရတယ္။ ၿပီးရင္ ခုနက ေကာင္ေလးရဲ ့ လူမႈကြန္ယက္ မွာ တင္ရတယ္။ သူတို ့မိဘ သူေဌးေတြလည္း သိပ္ မသက္သာ ပါဘူး။ သိန္းေပါင္း မ်ားစြာ အကုန္ခံၿပီး ဘုရား ေတြတည္၊ သူတို ့နာမည္ ကမၺည္းထိုး၊ ေရႊအတိ ၿပီးတဲ့ အက်ႌ အေလးႀကီး ဝတ္ၿပီး ေရစက္ခ် ရတယ္။ ဒါမွ ဘာသာတရား ကိုင္းရႈိင္း တာရယ္၊ ခ်မ္းသာတာရယ္ လူသိမယ္။
ဘဝမွာ ေငြေၾကး ခ်မ္းသာမႈ ဆိုတာ အေၾကာင္းေၾကာင္း ေျကာင့္ ရရွိႏိုင္တယ္။ ဒီ ခ်မ္းသာမႈကို ဘယ္လို အသံုးခ်ေနလဲ က ပို အေရးႀကီးတယ္။
ကိုယ္ လုပ္ေနတဲ့ လုပ္ငန္း ပိုေအာင္ျမင္ေအာင္ လုပ္မယ္။ လူေတြ အမ်ားႀကီး အလုပ္အကိုင္ ရရွိေအာင္ ဖန္တီးမယ္။ လူပတ္ဝန္းက်င္နဲ ့ ကမာၻေျမႀကီး ကို အက်ိဳးျပဳမယ္။ ဝါသနာပါရာ ေတြကို စိတ္ႀကိဳက္ ဖန္တီးမယ္။ ဘဝကို အေက်နပ္ဆံုး ျဖတ္သန္းမယ္။ ဒါဆို သိပ္ ေအးခ်မ္း ေက်နပ္စရာ ေကာင္းပါတယ္။
ကိုယ့္ကို သူမ်ားေတြက အထင္ႀကီးလာဖို ့သို ့ ကိုယ္ ခ်မ္းသာတာ ပတ္ဝန္းက်င္က သိဖို ့ေနထိုင္ရ၊ ႀကိဳးစား ဓာတ္ပံု႐ိုက္ျပ ေနရင္း အခ်ိန္ကုန္ သြားရတာ ပင္ပန္းလြန္းပါတယ္။ တျခားလူေတြနဲ ့ပါ ၿပိဳင္ေနရေတာ့ ပူေလာင္တယ္။ ေငြေတြလည္း အလကား ကုန္တယ္။ ဒါေတြ လုပ္ျပေနမွ လူ အထင္ႀကီးမွာ မဟုတ္ပါဘူး။ ဘဝရဲ ့ အမြန္အျမတ္ ဆိုတာ ႐ိုး႐ိုးေလး ရွင္သန္ရတာပါ။
၂၀၀၄ တုန္းက ဇက္ကာဘက္ဆိုတဲ့ ေကာင္ေလး က Facebook ဆိုတဲ့ လူမႈကြန္ယက္ ကို စတည္ေထာင္ ခဲ့တယ္။ အခု သူ ၃၂ ႏွစ္ရွိၿပီ။ ကမာၻ အခ်မ္းသာဆံုး ဘီလီယံနာ တစ္ေယာက္ ျဖစ္တယ္။ သူတို ့ ႏွစ္ေယာက္ ထက္ေတာ့ ကၽြန္ေတာ္တို ့ ပို မခ်မ္းသာႏိုင္ပါဘူး။ သူတို ့ေတာင္ ဘဝကို ႐ိုး႐ိုးေလးပဲ ျဖတ္သန္းေနပါတယ္။ Facebook ကိုလည္း ႐ိုး႐ိုးေလးပဲ သံုးေနပါတယ္။
Photo Credit - Internet
Credit ~ Phyo Ko Ko Naing
.......................................................................
ရိုးရိုးလေးပဲ အသက်ရှင်မယ်
သူတို ့နှစ်ယောက်ရဲ ့ဝတ်စားပုံနဲ ့နေထိုင်ပုံက ရိုးရိုးလေးပဲ။ ကောင်မလေးက အမေရိကန်ကို နိုင်ငံရေး ခိုလှုံဖို ့ ပြေးလာတဲ့ တရုတ်-ဗီယက်နမ် မျိုးဆက်ကမွေးတယ်။ နာမည်က ပရင်စလာချန်။ ကောင်လေး နာမည်က မက်ခ် ဇက်ကာဘက်။ သူက အမေရိကန်ဖွား ဂျူးလူမျိုး ဘာသာမဲ့ တစ်ယောက်။ ဟားဗတ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းပါတီမှာ သူတို ့ စတွေ ့တယ်။ ၂၀၀၃ မှာ စကြိုက်ကြတယ်။
၂၀၀၄ မှာ ကောင်လေးက သူ ့အိမ်မက်တွေ အကောင်အထည် ဖော်ဖို ့ ကျောင်းထွက် သွားတယ်။ နောင်သုံးနှစ် အကြာ ၂၀၀၇ မှာ သူ ့ အိမ်မက်က ကမ္ဘာကျော်သွားပြီး အသက် ၂၃ နှစ်နဲ ့ ကမ္ဘာ အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတယ်။ ၂၀၁၂ မေ ၁၉ မှာ ငယ်ချစ် နှစ်ယောက် လက်ထပ် ကြတယ်။ ကောင်လေးရဲ ့အိမ် နောက်ဘက်က မြေကွက်မှာပဲ လက်ထပ်ပွဲ ရိုးရိုးလေး ကျင်းပတယ်။ မီဒီယာ တွေမှာ ဘီလီနာ စုံတွဲရဲ ့ အိမ်နောက်ဖေးက မင်္ဂလာပွဲ လို ့သတင်းရေး ကြတယ်။
၂၀၁၅ ဒီဇင်ဘာမှာ ကောင်လေး ပိုင်တဲ့ Facebook လုပ်ငန်းစုဟာ ကမ္ဘာတန်ဖိုး အကြီးဆုံး အမှတ် တံဆိပ် ၁၀ ခု ထဲမှာ ပါလာပြီး သူရဲ ့ကြွယ်ဝမှု က ဒေါ်လာ ၄၅ ဘီလီယံ ဖြစ်လာတယ်။ ၂၀၁၅ ဒီဇင်ဘာ ၁ မှာ သမီးဦးလေး မွေးတယ်။ သမီးလေး မွေးပြီးတော့ ပိုင်ဆိုင်မှုရဲ ့ ၉၉ ရာခိုင်နှုန်း လှူမယ် ဆုံးဖြတ်တယ်။ သူ ့ငွေတွေနဲ ့ ကမ္ဘာနေရာ အနှံ ့က လူသားတွေ အတွက် ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံ သုတေသန နဲ ့ စွမ်းအင် တို ့ကို ညီမျှစွာ ရရှိအောင် ပံ့ပိုးမယ်လို ့ ဆုံးဖြတ်ထားတယ်။ ဒါက ကျွန်တော်တို ့ အခု သုံးနေတဲ့ Facebook ဆိုတဲ့ လူမှုကွန်ယက် ကို တည်ထောင်ခဲ့တဲ့ ကမ္ဘာ အကြွယ်ဝဆုံး ဘီလီယံနာ တစ်ယောက် ရဲ ့ ဘဝကို ဖြတ်သန်းနေပုံပေါ့။
သူနဲ ့ဆန် ့ကျင်ဘက်ပုံစံ ဘဝကို ဖြတ်သန်းနေတဲ့ ဘီလီယံနာ တွေလည်း ရှိတယ်။ ဥပမာ - တရုတ် နံပါတ် ၁ ဘီလီယံနာ ဝမ်ကျန်လင်။ သူဟာ ဒေါ်လာ ၂၅ ဘီလီယံ ပိုင်မယ် ခန် ့မှန်းရတယ်။ ဒီကောင်လေး ပိုင်ဆိုင်မှုရဲ ့ တဝက်လောက် ရှိတယ်။ ဘဝကို ဖြတ်သန်းပုံတော့ မတူဘူး။ သူတို ့ ကြွယ်ဝမှုကို ပြဖို ့တန်ဖိုးကြီး ကျောက်စိမ်းနဲ ့ လုပ်တဲ့ ပရိဘောဂ တွေ ဝယ်ရတယ်။ အခမ်းနားဆုံး အိမ်ကို ဆောက်ရတယ်။ လွန်ခဲ့တဲ့ နှစ်တွေက သူရဲ ့သားကနေ အိမ်မွေးခွေးကို စျေးကြီးတဲ့ Apple နာရီ နှစ်လုံးပတ်ပြီး လူမှုကွန်ယက်မှာ ဓာတ်ပုံ ရိုက်တင် ကြွားခဲ့တယ်။
အာရပ်ကမ္ဘာက စော်ဘွားတွေလည်း ဒီကောင်လေး တဝက်လောက်တော့ ချမ်းသာတယ်။ သူတို ့ လည်း ပင်ပန်းရှာတယ်။ နေ ့တိုင်း အဖိုးတန် သစ်မွှေးအဆီ နဲ ့ထုတ်တဲ့ ပစ္စည်းတွေ သုံးရတယ်။ ရွှေချထားတဲ့ မာစီးဒီးကားတွေ၊ ရွှေတုံး ထုတ်ပေးတဲ့ အေတီအမ် စက်တွေ၊ တန်ဖိုးကြီး ပြိုင်ကား၊ နာရီတွေ နဲ ့ရွှေအတိပြီးတဲ့ ပရိဘောဂ ပစ္စည်း တွေ သုံးပြီး ကြွယ်ဝမှုကို ပြိုင်ရရှာတယ်။ တပွဲကို မြန်မာငွေ သိန်း သုံးဆယ်လောက် တန်တဲ့ ရေခဲမုန် ့ကို စားပြရတယ်။ ပြီးရင် ခုန ကောင်လေး ပိုင်တဲ့ Facebook လူမှု ကွန်ယက် မှာ တင်ကြွားရတယ်။
မက္ကဆီကို မူးယစ်ရာဇာ အယ်ချာပိုရဲ ့ သား တွေလည်း သူတို ့ကြွယ်ဝမှု နဲ ့သြဇာ ရှိမှုကို လူမသိမှာ ကြောက်နေရတယ်။ ဒါကြောင့် စျေး အကြီးဆုံးကားတွေ အများကြီး ဝယ်ထားရတယ်။ မလိုဘဲနဲ ့အိုင်ဖုန်း အများကြီး ဝယ်ပြီး ရေထဲ စိမ်ပြရတယ်။ သိန်း ထောင်ချီပေးရတဲ့ သားရဲ တိရစ္ဆာန်တွေ မွေးပြတယ်။ သေနတ်တွေ ကိုင်ပြတယ်။ မိန်းမချောလေးတွေကို အနားမှာ အများကြီး ခေါ်ထားရတယ်။ ပြီးမှ ဒါတွေ အကုန် ဓာတ်ပုံရိုက် ခုနက ကောင်လေး ပိုင်တဲ့ Facebook ရဲ ့ လုပ်ငန်းစု တစ်ခု ဖြစ်တဲ့ Instragram လူမှု ကွန်ယက်မှာ တင်ရတယ်။ သူတို့လည်း မသက်သာပါဘူး။
မြန်မာပြည် သူဌေးသားတွေလည်း ပင်ပန်းတာပဲ။ သိန်းထောင်ဂဏန်း နာရီတွေ နဲ ့ အဖိုးတန် ပြိုင်ကားတွေ ဝယ်ပြီး ဓာတ်ပုံ ရိုက်တင်ရတယ်။ စိန်စီသောညမှာ မင်္ဂလာ ဆောင်ပြရတယ်။ ပန်းသီး တခြမ်းပဲ့ပုံ တံဆိပ်တို ့၊ အခြား တန်ဖိုးကြီး တံဆိပ် တို ့ကိုလည်း သူများမြင်အောင် အမျိုးမျိုး စဉ်းစားပြီး ဓာတ်ပုံ ရိုက်ရတယ်။ ပြီးရင် ခုနက ကောင်လေးရဲ ့ လူမှုကွန်ယက် မှာ တင်ရတယ်။ သူတို ့မိဘ သူဌေးတွေလည်း သိပ် မသက်သာ ပါဘူး။ သိန်းပေါင်း များစွာ အကုန်ခံပြီး ဘုရား တွေတည်၊ သူတို ့နာမည် ကမ္ဗည်းထိုး၊ ရွှေအတိ ပြီးတဲ့ အကျႌ အလေးကြီး ဝတ်ပြီး ရေစက်ချ ရတယ်။ ဒါမှ ဘာသာတရား ကိုင်းရှိုင်း တာရယ်၊ ချမ်းသာတာရယ် လူသိမယ်။
ဘဝမှာ ငွေကြေး ချမ်းသာမှု ဆိုတာ အကြောင်းကြောင်း ကြောင့် ရရှိနိုင်တယ်။ ဒီ ချမ်းသာမှုကို ဘယ်လို အသုံးချနေလဲ က ပို အရေးကြီးတယ်။
ကိုယ် လုပ်နေတဲ့ လုပ်ငန်း ပိုအောင်မြင်အောင် လုပ်မယ်။ လူတွေ အများကြီး အလုပ်အကိုင် ရရှိအောင် ဖန်တီးမယ်။ လူပတ်ဝန်းကျင်နဲ ့ ကမ္ဘာမြေကြီး ကို အကျိုးပြုမယ်။ ဝါသနာပါရာ တွေကို စိတ်ကြိုက် ဖန်တီးမယ်။ ဘဝကို အကျေနပ်ဆုံး ဖြတ်သန်းမယ်။ ဒါဆို သိပ် အေးချမ်း ကျေနပ်စရာ ကောင်းပါတယ်။
ကိုယ့်ကို သူများတွေက အထင်ကြီးလာဖို ့သို ့ ကိုယ် ချမ်းသာတာ ပတ်ဝန်းကျင်က သိဖို ့နေထိုင်ရ၊ ကြိုးစား ဓာတ်ပုံရိုက်ပြ နေရင်း အချိန်ကုန် သွားရတာ ပင်ပန်းလွန်းပါတယ်။ တခြားလူတွေနဲ ့ပါ ပြိုင်နေရတော့ ပူလောင်တယ်။ ငွေတွေလည်း အလကား ကုန်တယ်။ ဒါတွေ လုပ်ပြနေမှ လူ အထင်ကြီးမှာ မဟုတ်ပါဘူး။ ဘဝရဲ ့ အမွန်အမြတ် ဆိုတာ ရိုးရိုးလေး ရှင်သန်ရတာပါ။
၂၀၀၄ တုန်းက ဇက်ကာဘက်ဆိုတဲ့ ကောင်လေး က Facebook ဆိုတဲ့ လူမှုကွန်ယက် ကို စတည်ထောင် ခဲ့တယ်။ အခု သူ ၃၂ နှစ်ရှိပြီ။ ကမ္ဘာ အချမ်းသာဆုံး ဘီလီယံနာ တစ်ယောက် ဖြစ်တယ်။ သူတို ့ နှစ်ယောက် ထက်တော့ ကျွန်တော်တို ့ ပို မချမ်းသာနိုင်ပါဘူး။ သူတို ့တောင် ဘဝကို ရိုးရိုးလေးပဲ ဖြတ်သန်းနေပါတယ်။ Facebook ကိုလည်း ရိုးရိုးလေးပဲ သုံးနေပါတယ်။
Photo Credit - Internet
Credit ~ Phyo Ko Ko Naing
0 comments:
Post a Comment