သည်လအစောပိုင်းက ရွာသား ၁၄ဦးမှာ အိတ်ခ်ျအိုင်ဗီ ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် တစ်ရွာလုံးကို သွေးစစ်ဖို့ လုပ်ဆောင် နေတာလို့ အမျိုးသားအိတ်ခ်ျအိုင်ဗီစင်တာ ဒါရိုက်တာ လိုင်ပန်ဆွန်းက ပြောပါတယ်။
အခု ပင်းရွာက အိတ်ခ်ျအိုင်ဗီ ပေါ့စတစ် တွေ့ရှိထားရသူ ရွာသားတချို့ဟာလည်း ဆရာဝန်တစ်ယောက်ကြောင့် သည်ပိုးကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြကြောင်း ရွာခံတွေက ပြောပါတယ်။
Ref: AFP
Kumudra
..............
ခန့်က)
ပုံ - ထောင်ဒဏ် ၂၅နှစ် ချမှတ်ခံခဲ့ရတဲ့ လိုင်စင်မဲ့ဆရာဝန်ကို တရားရုံးထုတ် စစ်ဆေးစဉ်။
ဖေဖော်ဝါရီ ၂၂ ။ ။ ကမ္ဘောဒီးယားကျေးရွာတစ်ရွာမှာ ရွာသူရွာသား ၁၄ဦး အိတ်ချ်အိုင်ဗီဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်းတွေ့ရှိရတဲ့ အတွက် ရာနဲ့ချီတဲ့ ရွာသူရွာသားတွေကို ကျန်းမာရေးတာဝန်ရှိသူတွေက တနလာင်္နေ့မှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ အေအက်ဖ်ပီသတင်းတစ်ပုဒ်အရ သိရပါတယ်။ သည်ရောဂါကူးစက်ပြန့်ပွားမှုထပ်မံဖြစ်ပေါ်လာမှာကို တာဝန်ရှိသူတွေ စိုးရိမ်နေကြပါ တယ်။
မြို့တော်ဖနွမ်ပင်ရဲ့ မြောက်ဘက် တစ်နာရီခန့်ခရီးအကွာအဝေးမှာရှိတဲ့ ပင်းရွာက စိုးရိမ်တကြီးဖြစ်နေကြတဲ့ရွာသားတွေဟာ ကျန်းမာရေး ၀န်ထမ်းအဖွဲ့တစ်ဖွဲ့က သွေးနမူနာဖောက်ယူနေကြတဲ့ အိမ်တစ်အိမ်ဆီ စုပြုံရောက်ရှိလာကြပါတယ်။
သည်လအစောပိုင်းက ရွာသား ၁၄ဦးမှာ အိတ်ချ်အိုင်ဗီ ပိုးရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် တစ်ရွာလုံးကို သွေးစစ်ဖို့ လုပ်ဆောင် နေတာလို့ အမျိုးသားအိတ်ချ်အိုင်ဗီစင်တာ ဒါရိုက်တာ လိုင်ပန်ဆွန်းက ပြောပါတယ်။
` ဒီနေ့ လူ ၁၄၀ ကျော်လောက် သွေးစစ်ခံဖို့ ရောက်လာကြတယ်။ အခုထိတော့ လူ ၅၀ ၀န်းကျင်လောက်မှာ အိတ်ချ်အိုင်ဗီ နက်ဂတစ် ပဲ တွေ့ရှိထားတယ် ´ လို့ ဆိုပါတယ်။
ဆင်းရဲတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အိတ်ချ်အိုင်ဗီကူးစက်မှုနှုန်း မြင့်မားပေမယ့် အခုနောက်ပိုင်းနှစ်တွေအတွင်းမှာ သည်ဗိုင်းရပ်စ်ကို သိသိသာသာ အနိုင်ယူလာနိုင်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က တခြားကျေးရွာတစ်ရွာမှာ လူပေါင်း ၂၀၀ ကျော်ကို အိတ်ချ်အိုင်ဗီ ဗိုင်းရပ်စ်ကူးစက်စေခဲ့တဲ့နောက်ပိုင်း စိုးရိမ်မှုတွေ အရှိန်မြင့်လာပါတယ်။ အဆိုပါ ကူးစက်မှုဟာ လိုင်စင်မဲ့ဆရာဝန်တစ်ယောက်က မသန့်ရှင်းတဲ့ဆေးထိုးအပ်တွေကို ပြန်လည်အသုံးပြုခဲ့တဲ့အတွက် ပြန့်ပွားခဲ့တာလို့ တွေ့ရှိခဲ့ရပါတယ်။ ယင်းအမျိုးသားလည်း ထောင်ချခံခဲ့ ရပါတယ်။
အခု ပင်းရွာက အိတ်ချ်အိုင်ဗီ ပေါ့စတစ် တွေ့ရှိထားရသူ ရွာသားတချို့ဟာလည်း ဆရာဝန်တစ်ယောက်ကြောင့် သည်ပိုးကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြကြောင်း ရွာခံတွေက ပြောပါတယ်။
` အခုဆို ရွာသူရွာသားတွေ စိတ်ပူနေကြပြီ။ ကျွန်မ နဲ့ ကလေးနှစ်ယောက်မှာ အိတ်ချ်အိုင်ဗီ မရှိကြောင်း စမ်းသပ်ထားပြီးဖြစ်ပေမယ့် ကျွန်မ အမျိုးသားကတော့ မစမ်းသပ်ရသေးဘူး ´ လို့ အသက် ၃၃နှစ် အရွယ် ရွာသူ ဖိုင်ဆိုဘင် က ပြောပါတယ်။ သူ့ရဲ့ ၆၇နှစ် အဒေါ် မှာတော့ အိတ်ချ်အိုင်ဗီပိုးရှိနေကြောင်း သေချာသွားပြီလို့လည်း ဆက်ပြောပါတယ်။
ဒါပေမယ့် လိုင်ပန်ဆွန်းကတော့ အခုဖြစ်ရပ်ရဲ့ အကြောင်းရင်းခံကို ပြောဖို့စောနေသေးတယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်စေခဲ့တဲ့ လိုင်စင်မဲ့ဆရာဝန်ဆိုသူကတော့ ထောင်ဒဏ် ၂၅နှစ် ကျခံနေရပြီး သူ့ကြောင့် ရောဂါကူးစက်ခံခဲ့ရတဲ့ လူနာတွေထဲ က တချို့ဟာ ကွယ်လွန်ကုန်ကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်အဆိုအရ အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ လူ တစ်သိန် မှာ ဆရာဝန် ၀.၂ ဦး နှုန်းသာရှိတယ်လို့ သိရပါတယ်။
Ref: AFP
Kumudra
https://www.facebook.com/newsKumudra
0 comments:
Post a Comment