အာဖရိက သမဂၢ တပ္ေတြ မာကာ ၿမိဳ႕ကေန ဆုတ္ခြာခဲ့ၿပီးေနာက္ အယ္လ္ရွာဘတ္ေတြ ၿမိဳ႕ထဲ ဝင္လာခဲ့တာလို႔ ဆို။ |
ၿမိဳ႕ေတာ္ မိုဂါဒစ္ရွူးရဲ့ အေနာက္ေတာင္ဘက္ ၇၀ ကီလိုမီတာ ေလာက္မွာ ရွိတဲ့ အဲဒီ မာကာ ၿမိဳ႕ဟာ အခုေတာ့ အယ္လ္ရွာဘတ္ေတြ လက္ေအာက္က အႀကီးဆုံး ၿမိဳ႕ ျဖစ္လာပါတယ္။
အဲဒီ ဆိပ္ကမ္းၿမိဳ႕ကို ၃ ႏွစ္ခြဲၾကာ ထိန္းခ်ဳပ္ ထားခဲ့တဲ့ အာဖရိက သမဂၢ တပ္ဖြဲ႕ေတြက ဒီကေန႔ ေသာၾကာေန႔ မနက္မွာ ၿမိဳ႕ကေန ဆုတ္ခြာ သြားၾကတယ္လို႔ ဆိုပါတယ္။
အဲဒီၿမိဳ႕ကို လက္လႊတ္ လိုက္ရတာဟာ အယ္လ္ရွာဘတ္ အဖြဲ႕ကို ဆယ္ႏွစ္ၾကာ တိုက္ခိုက္ေနတဲ့ အာဖရိက သမဂၢ တပ္ဖြဲ႕ေတြ အတြက္ ႀကီးမားတဲ့ ဆုံးရွုံးမွု တစ္ခု ျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ ၾကပါတယ္။
ဆိုမာလီ ေတာင္ပိုင္းက အာဖရိက သမဂၢ တပ္ဖြဲ႕ရဲ့ စစ္အေျခစိုက္ စခန္းကို အယ္လ္ရွာဘတ္ေတြ သိမ္းပိုက္ခဲ့ၿပီး ၃ ပတ္ အၾကာမွာ အခု တစ္ခါ မာကာၿမိဳ႕ကို လက္လႊတ္ ခဲ့ရတာ ျဖစ္ပါတယ္။
အယ္လ္ရွာဘတ္ အဖြဲ႕ကို ၿမိဳ႕ေတာ္ မိုဂါဒစ္ရွူး ကေန ၂၀၁၁ ၾသဂုတ္လမွာ တိုက္ထုတ္ နိုင္ခဲ့ေပမယ့္ ဆိုလာလီယာ ေတာင္ပိုင္းက ေနရာ အေတာ္မ်ားမ်ားမွာ အယ္လ္ရွာဘတ္ေတြ ရွိေနဆဲ ျဖစ္ပါတယ္။
BBC Burmese
http://www.bbc.com/burmese
.....................
အာဖရိက သမဂ္ဂ တပ်တွေ မာကာ မြို့ကနေ ဆုတ်ခွာခဲ့ပြီးနောက် အယ်လ်ရှာဘတ်တွေ မြို့ထဲ ဝင်လာခဲ့တာလို့ ဆို။
ဆိုမာလီယာ နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွ အယ်လ်ရှာဘတ် အဖွဲ့က မာကာ ဆိုတဲ့ ဆိပ်ကမ်းမြို့ကို သိမ်းပိုက် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တော် မိုဂါဒစ်ရှူးရဲ့ အနောက်တောင်ဘက် ရ၀ ကီလိုမီတာ လောက်မှာ ရှိတဲ့ အဲဒီ မာကာ မြို့ဟာ အခုတော့ အယ်လ်ရှာဘတ်တွေ လက်အောက်က အကြီးဆုံး မြို့ ဖြစ်လာပါတယ်။
အဲဒီ ဆိပ်ကမ်းမြို့ကို ၃ နှစ်ခွဲကြာ ထိန်းချုပ် ထားခဲ့တဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေက ဒီကနေ့ သောကြာနေ့ မနက်မှာ မြို့ကနေ ဆုတ်ခွာ သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီမြို့ကို လက်လွှတ် လိုက်ရတာဟာ အယ်လ်ရှာဘတ် အဖွဲ့ကို ဆယ်နှစ်ကြာ တိုက်ခိုက်နေတဲ့ အာဖရိက သမဂ္ဂ တပ်ဖွဲ့တွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ် ကြပါတယ်။
ဆိုမာလီ တောင်ပိုင်းက အာဖရိက သမဂ္ဂ တပ်ဖွဲ့ရဲ့ စစ်အခြေစိုက် စခန်းကို အယ်လ်ရှာဘတ်တွေ သိမ်းပိုက်ခဲ့ပြီး ၃ ပတ် အကြာမှာ အခု တစ်ခါ မာကာမြို့ကို လက်လွှတ် ခဲ့ရတာ ဖြစ်ပါတယ်။
အယ်လ်ရှာဘတ် အဖွဲ့ကို မြို့တော် မိုဂါဒစ်ရှူး ကနေ ၂၀၁၁ သြဂုတ်လမှာ တိုက်ထုတ် နိုင်ခဲ့ပေမယ့် ဆိုလာလီယာ တောင်ပိုင်းက နေရာ အတော်များများမှာ အယ်လ်ရှာဘတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment