ဇင္ဘာေဘြ ကပ္ေဘးသင့္ အေျခအေန ေၾကညာ


ဇင္ဘာေဘြ ေဒသ အေတာ္မ်ားမ်ားမွာ စားစရာ ကၽြဲႏြား အနည္းအက်ဥ္းသာ က်န္ရွိ။
ဇင္ဘာေဘြ နိုင္ငံက မိုးေခါင္ေရရွားမွု ေဘးဒဏ္နဲ႔ ၾကဳံေတြ႕ရတဲ့ ေက်းလက္ ေဒသေတြမွာ အေရးေပၚ ကပ္ေဘးသင့္ အေျခအေနကို သမၼတ ေရာဘတ္ မူဂါဘီက ေၾကညာ လိုက္ပါတယ္။

ဇင္ဘာေဘြ လူဦးေရရဲ့ ေလးပုံတစ္ပုံေက်ာ္ ျဖစ္တဲ့ ၂.၄ သန္းေလာက္ဟာ စားနပ္ရိကၡာ အကူအညီေတြ လိုအပ္ေနတယ္လို႔ ခန္႔မွန္း ထားပါတယ္။

အလွူရွင္ေတြ ဆီကေန ကူေငြေတြ တိုးရဖို႔အတြက္ ကပ္ေဘးသင့္ အေျခအေန ေၾကညာဖို႔ မစၥတာ မူဂါဘီကို ဥေရာပ သမဂၢက တိုက္တြန္းခဲ့ၿပီးေနာက္ အခုလို ေၾကညာခ်က္ ထြက္ေပၚ လာတာပါ။

ဇင္ဘာေဘြ အစိုးရက အိမ္နီးခ်င္း ဇမ္ဘီယာ နိုင္ငံကေန ေျပာင္းဖူးေတြ တင္သြင္း ေနတဲ့အတြက္ မစိုးရိမ္ၾကဖို႔ ဇင္ဘာေဘြ နိုင္ငံသားေတြကို ေျပာထား ပါတယ္။

မိုးေခါင္ ေရရွားမွုနဲ႔အတူ အယ္နီးညိဳ ရာသီဥတုေၾကာင့္ အာဖရိကတိုက္ ေတာင္ပိုင္း တခြင္က လူ ၁၄ သန္းေလာက္ စားနပ္ရိကၡာ ျပတ္လပ္ ေနတယ္လို႔ ကုလ သမဂၢရဲ့ ကမၻာ့ စားနပ္ရိကၡာ အစီအစဥ္က ေျပာပါတယ္။

မိုးေခါင္ ေရရွားမွု ဒဏ္ကို ေတာင္အာဖရိက၊ နမ္မီးဘီးယားနဲ႔ ေဘာ့စ္ဝါနာ နိုင္ငံေတြလည္း ခံေန ၾကရပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............


ဇင်ဘာဘွေ ဒေသ အတော်များများမှာ စားစရာ ကျွဲနွား အနည်းအကျဉ်းသာ ကျန်ရှိ။
ဇင်ဘာဘွေ နိုင်ငံက မိုးခေါင်ရေရှားမှု ဘေးဒဏ်နဲ့ ကြုံတွေ့ရတဲ့ ကျေးလက် ဒေသတွေမှာ အရေးပေါ် ကပ်ဘေးသင့် အခြေအနေကို သမ္မတ ရောဘတ် မူဂါဘီက ကြေညာ လိုက်ပါတယ်။

ဇင်ဘာဘွေ လူဦးရေရဲ့ လေးပုံတစ်ပုံကျော် ဖြစ်တဲ့ ၂.၄ သန်းလောက်ဟာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ ခန့်မှန်း ထားပါတယ်။

အလှူရှင်တွေ ဆီကနေ ကူငွေတွေ တိုးရဖို့အတွက် ကပ်ဘေးသင့် အခြေအနေ ကြေညာဖို့ မစ္စတာ မူဂါဘီကို ဥရောပ သမဂ္ဂက တိုက်တွန်းခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ် လာတာပါ။

ဇင်ဘာဘွေ အစိုးရက အိမ်နီးချင်း ဇမ်ဘီယာ နိုင်ငံကနေ ပြောင်းဖူးတွေ တင်သွင်း နေတဲ့အတွက် မစိုးရိမ်ကြဖို့ ဇင်ဘာဘွေ နိုင်ငံသားတွေကို ပြောထား ပါတယ်။

မိုးခေါင် ရေရှားမှုနဲ့အတူ အယ်နီးညို ရာသီဥတုကြောင့် အာဖရိကတိုက် တောင်ပိုင်း တခွင်က လူ ၁၄ သန်းလောက် စားနပ်ရိက္ခာ ပြတ်လပ် နေတယ်လို့ ကုလ သမဂ္ဂရဲ့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်က ပြောပါတယ်။

မိုးခေါင် ရေရှားမှု ဒဏ်ကို တောင်အာဖရိက၊ နမ်မီးဘီးယားနဲ့ ဘော့စ်ဝါနာ နိုင်ငံတွေလည်း ခံနေ ကြရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment