ဗီယက္နမ္ႏုိင္ငံတြင္ အီဘိုလာေရာဂါကူးစက္သူတစ္ဦးေတြ႕ရွိ
ဟိုခ်ီမင္းစီးတီး ေဖေဖာ္ဝါရီ ၁၄
အာဖရိကမွ ျပန္လည္ေရာက္ရွိလာသည့္ အသက္(၂၇)ႏွစ္အရြယ္ရွိ အမ်ဳိးသားတစ္ဦးတြင္ အီဘိုလာေရာဂါ လကၡဏာမ်ားေတြ႕ရွိခဲ့သျဖင့္ ဟိုခ်ီမင္းေဆး႐ုံတြင္ ေဆးကုသမႈခံယူေနရေၾကာင္း မီဒီယာမ်ားက ေဖေဖာ္ဝါရီ ၁၄ ရက္တြင္ သတင္းထုတ္ျပန္သည္။
အလယ္ပိုင္း ဘင္ေသာင္းျပည္နယ္တြင္ေနထိုင္ေသာ ယင္းအမ်ဳိးသားသည္ တန္ဆြန္နက္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေဖေဖာ္ဝါရီ ၁၁ ရက္က ေရာက္ရွိလာခဲ့ၿပီး ၄င္းတြင္ အီဘုိလာေရာဂါလကၡဏာမ်ားျဖစ္သည့္ ကိုယ္အပူခ်ိန္ ျမင့္တက္ျခင္း၊ ေခ်ာင္းေျခာက္ဆိုးျခင္း စသည္တို႔ခံစားေနရေၾကာင္း ဗီယက္နမ္ အြန္လိုင္းသတင္းစာ ဗီအန္အိပ္ပရစ္က ဆိုသည္။
၄င္းအမ်ဳိးသားသည္ ဆီရာလီယြန္ႏုိင္ငံတြင္ ဓာတ္ပံုဆရာအျဖစ္ သြားေရာက္လုပ္ကိုင္ခဲ့ေၾကာင္း သိရသည္။ ဆီရာလီယြန္ရွိ ဆရာဝန္မ်ားက ၄င္း၏ေရာဂါအား အဆုတ္အေအးမိေရာဂါအျဖစ္အထင္မွားကာ ကုသခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ တီဘီေရာဂါအျဖစ္ ေျပာင္းလဲကုသခဲ့ေၾကာင္း သိရသည္။
ကမၻာ့က်န္းမာေရးအဖြဲ႕က အေနာက္အာဖရိကႏုိင္ငံမ်ားတြင္ အီဘုိလာေရာဂါကူးစက္မႈ အဆုံးသတ္သြားၿပီျဖစ္ ေၾကာင္း ေၾကညာၿပီးတစ္ရက္အၾကာတြင္ ဆီရာလီယြန္ႏုိင္ငံ၌ ဇန္နဝါရီ ၁၅ ရက္က အီဘိုလာေရာဂါျဖင့္ လူတစ္ဦး ေသဆုံးခဲ့သည္။ ဂီနီ၊ ဆီရာလီယြန္ႏွင့္ လုိက္ေဘးရီးယားႏုိင္ငံမ်ားတြင္ အီဘုိလာေရာဂါျဖင့္ ေသဆုံးသူ ၁၁ဝဝဝ ေက်ာ္ရွိခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။
ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
..............
ဟိုချီမင်းစီးတီး ဖေဖော်ဝါရီ ၁၄
အာဖရိကမှ ပြန်လည်ရောက်ရှိလာသည့် အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတွင် အီဘိုလာရောဂါ လက္ခဏာများတွေ့ရှိခဲ့သဖြင့် ဟိုချီမင်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မီဒီယာများက ဖေဖော်ဝါရီ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
အလယ်ပိုင်း ဘင်သောင်းပြည်နယ်တွင်နေထိုင်သော ယင်းအမျိုးသားသည် တန်ဆွန်နက်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်က ရောက်ရှိလာခဲ့ပြီး ၄င်းတွင် အီဘိုလာရောဂါလက္ခဏာများဖြစ်သည့် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း စသည်တို့ခံစားနေရကြောင်း ဗီယက်နမ် အွန်လိုင်းသတင်းစာ ဗီအန်အိပ်ပရစ်က ဆိုသည်။
၄င်းအမျိုးသားသည် ဆီရာလီယွန်နိုင်ငံတွင် ဓာတ်ပုံဆရာအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ဆီရာလီယွန်ရှိ ဆရာဝန်များက ၄င်း၏ရောဂါအား အဆုတ်အအေးမိရောဂါအဖြစ်အထင်မှားကာ ကုသခဲ့သော်လည်း နောက်ပိုင်းတွင် တီဘီရောဂါအဖြစ် ပြောင်းလဲကုသခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အနောက်အာဖရိကနိုင်ငံများတွင် အီဘိုလာရောဂါကူးစက်မှု အဆုံးသတ်သွားပြီဖြစ် ကြောင်း ကြေညာပြီးတစ်ရက်အကြာတွင် ဆီရာလီယွန်နိုင်ငံ၌ ဇန်နဝါရီ ၁၅ ရက်က အီဘိုလာရောဂါဖြင့် လူတစ်ဦး သေဆုံးခဲ့သည်။ ဂီနီ၊ ဆီရာလီယွန်နှင့် လိုက်ဘေးရီးယားနိုင်ငံများတွင် အီဘိုလာရောဂါဖြင့် သေဆုံးသူ ၁၁ဝဝဝ ကျော်ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment