အဓမၼလုပ္အားသံုး သြင္းကုန္ ကန္တားျမစ္မည္

ျမန္မာေရႊ႔ေျပာင္း ေရလုပ္သားမ်ား
အေမရိကန္သမၼတ Barack Obama ထံ အခုသီတင္းပတ္အတြင္း ေပးပုိ႔လုိက္တဲ့ ဥပေဒမူၾကမ္းထဲမွာ ကၽြန္ေတြကုိ ခုိင္းေစၿပီး ဖမ္းဆီးထားတဲ့ အာရွတုိက္က ငါးေတြ အေမရိကန္ျပည္ေထာင္စုကုိ မတင္သြင္းေရးအျပင္ အာဖရိကတုိက္အတြင္းက ေရႊတြင္းေတြမွာ ကေလးငယ္ေတြကုိ ခုိင္းေစၿပီး ရရွိလာတဲ့ေတြေရႊေတြ၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ အမ်ဳိးသမီးေတြကုိ အဓမၼခုိင္းေစၿပီး ခ်ဳပ္ထားတဲ့ အ၀တ္အထည္ေတြ မတင္သြင္းေရး ဆုိတဲ့ တားျမစ္ထားတဲ့ အခ်က္ေတြ ပါ၀င္ပါတယ္။ သမၼတ အုိဘားမားဟာ အဲဒီ ဥပေဒမူၾကမ္းကုိ မၾကာခင္မွာ လက္မွတ္ထုိး အတည္ျပဳေပးမယ္လုိ႔ ဆုိပါတယ္။

ဒီဥပေဒသစ္ဟာ ၈၅ ႏွစ္ၾကာလာၿပီျဖစ္တဲ့ အခြန္ေကာက္ခံမႈ ဥပေဒထဲက ယုိေပါက္အျဖစ္ တည္ရွိေနတဲ့ အေမရိကန္ျပည္ေထာင္စုျပင္ပမွာ ကေလးငယ္ေတြနဲ႔ အဓမၼခုိင္းေစမႈေတြကုိ အသုံးျပဳ ထုတ္လုပ္တဲ့ ကုန္ပစၥည္းေတြ တင္သြင္းလာမႈကုိ ဟန္႔တားေပးမယ့္ ဥပေဒလည္း ျဖစ္ပါတယ္။

ေအပီသတင္းဌာနက မႏွစ္က ျပဳလုပ္ခဲ့တဲ့ စုံစမ္း စစ္ေဆးမႈအရ အင္ဒိုနီးရွားႏိုင္ငံက ကၽြန္းစုေတြေပၚမွာ ျမန္မာေရလုပ္သားေတြအပါအဝင္ အိမ္နီးခ်င္း ႏိုင္ငံက ေရႊ႔ေျပာင္းအလုပ္သမားေတြဟာ ကၽြန္ေတြလို ဖမ္းဆီးခ်ဳပ္ေႏွာင္ျပီး အတင္းအဓမၼ ခိုင္းေစခံေနရတာကုိ ေတြ႔တယ္လုိ႔ ဆုိပါတယ္။ အဲဒီအထဲမွာ ျမန္မာ ေရလုပ္သား ၈၀၀ နီးပါး ေလာက္ဟာ ကၽြန္ဘဝက လႊတ္ေျမာက္ျပီး ျမန္မာျပည္ကို ျပန္ေရာက္သြားၾကၿပီ ျဖစ္ပါတယ္။

အလားတူပဲ ထုိင္းကုမၸဏီေတြဟာ အလုပ္သမားေတြကုိ ကာလရွည္ၾကာစြာ ဖမ္းဆီးထားၿပီး ကၽြန္အျဖစ္ ခုိင္းေစၿပီး ဖမ္းဆီးရမိတဲ့ ပင္လယ္စာေတြ အေမရိကန္ျပည္ေထာင္စုကုိ တင္သြင္းေနတယ္ဆုိတာကုိိ ေအပီသတင္းဌာနက စုံစမ္း ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။

အဲဒီလုိ ေဖာ္ထုတ္မႈေနာက္ပုိင္း ေရလုပ္သား ၂,၀၀၀ ေက်ာ္ဟာ ကၽြန္အျဖစ္ ဖမ္းဆီးခုိင္းေစခံေနရရာက ျပန္လည္ လႊတ္ေျမာက္ခဲ့ၿပီး ဒါဇင္နဲ႔ခ်ီတဲ့ လူေမွာင္ခုိကူးသူေတြကုိ ဖမ္းဆီးမိခဲ့သလုိ ေဒၚလာ သန္းေပါင္းမ်ားစြာ တန္ဖုိးရွိတဲ့ ငါးဖမ္းသေဘၤာေတြနဲ႔ ပင္လယ္စာေတြကုိ သိမ္းဆည္း ရမိခဲ့ပါတယ္။

အဲဒီ ဥပေဒၾကမ္းကုိ သမၼတ အုိဘားမားက လက္မွတ္ထုိး အတည္ျပဳၿပီးရင္ေတာ့ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြနဲ႔ အဓမၼခုိင္းေစမႈေတြကတဆင့္ ထုတ္လုပ္ တင္သြင္းလာတဲ့ ကုန္ပစၥည္း အမ်ဳိးေပါင္း ၃၅၀ ေက်ာ္ကုိ အေမရိကန္ျပည္ေထာင္စု အလုပ္သမားဌာနက စစ္ေဆးၿပီး ဥပေဒနဲ႔ ကိုက္ညီျခင္းမရွိတဲ့ ကုန္ပစၥည္းေတြကုိ တင္သြင္းခြင့္ ပိတ္ပင္ႏုိင္မွာ ျဖစ္ပါတယ္။

အေမရိကန္သမၼတ အုိဘားမားက အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအသင္း အာဆီယံ ၁၀ ႏုိင္ငံက ေခါင္းေဆာင္ေတြကုိ ဖိတ္ေခၚၿပီး ကာလီဖုိးနီးယားျပည္နယ္၊ Rancho Mirage မွာရွိတဲ့ Sunnylands မွာ ေဖေဖာ္၀ါရီလ ၁၅ ရက္ကေန ၁၆ ရက္ေန႔အထိ ၂ ရက္ၾကာ ထိပ္သီး ညီလာခံက်င္းပဖုိ႔ ျပင္ဆင္ေနတဲ့အခ်ိန္မွာပဲ အာရွတုိက္အတြင္း ကၽြန္ေတြဖမ္းဆီးမိတဲ့ ပင္လယ္စာေတြ တင္သြင္းမႈအေပၚ တားျမစ္ ကန္႔သတ္တဲ့ ဥပေဒမူၾကမ္းကုိ သမၼတ အုိဘားမားက လက္မွတ္ထုိးမယ့္သတင္း ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......
 မြန်မာရွှေ့ပြောင်း ရေလုပ်သားများ
အမေရိကန်သမ္မတ Barack Obama ထံ အခုသီတင်းပတ်အတွင်း ပေးပို့လိုက်တဲ့ ဥပဒေမူကြမ်းထဲမှာ ကျွန်တွေကို ခိုင်းစေပြီး ဖမ်းဆီးထားတဲ့ အာရှတိုက်က ငါးတွေ အမေရိကန်ပြည်ထောင်စုကို မတင်သွင်းရေးအပြင် အာဖရိကတိုက်အတွင်းက ရွှေတွင်းတွေမှာ ကလေးငယ်တွေကို ခိုင်းစေပြီး ရရှိလာတဲ့တွေရွှေတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမျိုးသမီးတွေကို အဓမ္မခိုင်းစေပြီး ချုပ်ထားတဲ့ အဝတ်အထည်တွေ မတင်သွင်းရေး ဆိုတဲ့ တားမြစ်ထားတဲ့ အချက်တွေ ပါ၀င်ပါတယ်။ သမ္မတ အိုဘားမားဟာ အဲဒီ ဥပဒေမူကြမ်းကို မကြာခင်မှာ လက်မှတ်ထိုး အတည်ပြုပေးမယ်လို့ ဆိုပါတယ်။

ဒီဥပဒေသစ်ဟာ ၈၅ နှစ်ကြာလာပြီဖြစ်တဲ့ အခွန်ကောက်ခံမှု ဥပဒေထဲက ယိုပေါက်အဖြစ် တည်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုပြင်ပမှာ ကလေးငယ်တွေနဲ့ အဓမ္မခိုင်းစေမှုတွေကို အသုံးပြု ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းလာမှုကို ဟန့်တားပေးမယ့် ဥပဒေလည်း ဖြစ်ပါတယ်။

အေပီသတင်းဌာနက မနှစ်က ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုအရ အင်ဒိုနီးရှားနိုင်ငံက ကျွန်းစုတွေပေါ်မှာ မြန်မာရေလုပ်သားတွေအပါအဝင် အိမ်နီးချင်း နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကျွန်တွေလို ဖမ်းဆီးချုပ်နှောင်ပြီး အတင်းအဓမ္မ ခိုင်းစေခံနေရတာကို တွေ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ မြန်မာ ရေလုပ်သား ၈၀၀ နီးပါး လောက်ဟာ ကျွန်ဘဝက လွှတ်မြောက်ပြီး မြန်မာပြည်ကို ပြန်ရောက်သွားကြပြီ ဖြစ်ပါတယ်။

အလားတူပဲ ထိုင်းကုမ္ပဏီတွေဟာ အလုပ်သမားတွေကို ကာလရှည်ကြာစွာ ဖမ်းဆီးထားပြီး ကျွန်အဖြစ် ခိုင်းစေပြီး ဖမ်းဆီးရမိတဲ့ ပင်လယ်စာတွေ အမေရိကန်ပြည်ထောင်စုကို တင်သွင်းနေတယ်ဆိုတာကိုိ အေပီသတင်းဌာနက စုံစမ်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီလို ဖော်ထုတ်မှုနောက်ပိုင်း ရေလုပ်သား ၂,၀၀၀ ကျော်ဟာ ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခံနေရရာက ပြန်လည် လွှတ်မြောက်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူမှောင်ခိုကူးသူတွေကို ဖမ်းဆီးမိခဲ့သလို ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ငါးဖမ်းသင်္ဘောတွေနဲ့ ပင်လယ်စာတွေကို သိမ်းဆည်း ရမိခဲ့ပါတယ်။

အဲဒီ ဥပဒေကြမ်းကို သမ္မတ အိုဘားမားက လက်မှတ်ထိုး အတည်ပြုပြီးရင်တော့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အဓမ္မခိုင်းစေမှုတွေကတဆင့် ထုတ်လုပ် တင်သွင်းလာတဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၃၅၀ ကျော်ကို အမေရိကန်ပြည်ထောင်စု အလုပ်သမားဌာနက စစ်ဆေးပြီး ဥပဒေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ထိပ်သီး ညီလာခံကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ အာရှတိုက်အတွင်း ကျွန်တွေဖမ်းဆီးမိတဲ့ ပင်လယ်စာတွေ တင်သွင်းမှုအပေါ် တားမြစ် ကန့်သတ်တဲ့ ဥပဒေမူကြမ်းကို သမ္မတ အိုဘားမားက လက်မှတ်ထိုးမယ့်သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment