ကားမီးေလာင္ကၽြမ္းမႈ အပ်က္အစီးမ်ားအား ေတြ႕ရစဥ္ (ဓာတ္ပံု-အင္တာနက္) |
ပါကစၥတန္ အေရွ႕ပိုင္း ရွိတ္ခူပူရာ ခရိုင္၌ ေဖေဖာ္ဝါရီလ ၁၀ ရက္ နံနက္ပိုင္းက ေရနံ ဓာတ္ေငြ႕ရည္ သယ္ေဆာင္သည့္ ကားတစ္စီးသည္ အျခား ကားတစ္စီးႏွင့္ တိုက္မိ၍ ျပင္းထန္စြာ ေပါက္ကြဲရာက ေက်ာင္းသား ၁၀ ဦး အပါအဝင္ လူ ၁၅ ဦးေသဆံုးကာ အမ်ားအျပား ဒဏ္ရာ ရရွိခဲ႔ေၾကာင္း ေဒသခံ မီဒီယာက ေဖာ္ျပထားသည္။
မီးေတာက္မ်ားသည္ ကား သိုေလွာင္ကန္ အတြင္းသို႔ ကူးစက္လာကာ ေပါက္ကြဲၿပီးေနာက္ အနားက ျဖတ္သြားသည့္ ကားမ်ားႏွင့္ ကေလးမ်ားအား တင္ေဆာင္လာသည့္ လန္ခ်ား ႏွစ္စီးထံ မီး ကူးစက္ ေလာင္ကၽြမ္း ခဲ႔ေၾကာင္း သိရသည္။
အဆိုပါ မေတာ္တဆမႈသည္ ႏိုင္ငံ၏ အေရွ႕ပိုင္း ပန္ဂ်ပ္ေဒသတြင္ တည္ရွိေသာ ရွိတ္ခူပူရာ ခရိုင္ မန္နန္ဝါလာ ဧရိယာတြင္ ေဒသ စံေတာ္ခ်ိန္ နံနက္ ၉း၂၀ နာရီက ျဖစ္ပြားခဲ႔ျခင္း ျဖစ္သည္။
ဒဏ္ရာရွိခဲ႔သည့္ အမ်ိဳးသမီးမ်ားႏွင့္ ကေလးငယ္မ်ားအား ခရိုင္ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ၿပီး အမ်ားစုမွာ စိုးရိမ္ဖြယ္ အေျခအေနတြင္ ရွိေနေၾကာင္း သိရသည္။
ပန္ဂ်ပ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ရွာဘတ္ဇ္ ရွာရစ္ဖ္က မေတာ္တဆမႈ ျဖစ္ပြားခဲ႔ျခင္းအား ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ႔ၿပီး ထို မေတာ္တဆမႈ ျဖစ္ပြားရသည့္ အေၾကာင္းရင္းအား စံုစမ္းရန္ ညႊန္ၾကားခဲ႔သည္။
ရဲတပ္ဖြဲ႕၏ စံုစမ္းမႈအၿပီး ထုတ္ျပန္လိုက္သည့္ တရားဝင္ ထုတ္ျပန္ခ်က္တြင္ မေတာ္တဆမႈ ျဖစ္ပြားရသည့္ အေၾကာင္းရင္းအား ေဖာ္ျပထားေသာ္လည္း မ်က္ျမင္ သက္ေသမ်ား ေျပာၾကားခ်က္မွာမူ သိုေလွာင္ကားေမာင္း သူမွာ ျမဴခိုးမ်ား ပိတ္ေနမႈေၾကာင့္ ၎၏ ယာဥ္အား မထိန္းႏိုင္ဘဲ အနီးရွိ ကားကို ဝင္တိုက္ခဲ႔သည္ဟု ဆိုသည္။
(Xinhua)
http://www.xinhuamyanmar.com
...........
ကားမီးလောင်ကျွမ်းမှု အပျက်အစီးများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ပါကစ္စတန် အရှေ့ပိုင်း ရှိတ်ခူပူရာ ခရိုင်၌ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက ရေနံ ဓာတ်ငွေ့ရည် သယ်ဆောင်သည့် ကားတစ်စီးသည် အခြား ကားတစ်စီးနှင့် တိုက်မိ၍ ပြင်းထန်စွာ ပေါက်ကွဲရာက ကျောင်းသား ၁၀ ဦး အပါအဝင် လူ ၁၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။
မီးတောက်များသည် ကား သိုလှောင်ကန် အတွင်းသို့ ကူးစက်လာကာ ပေါက်ကွဲပြီးနောက် အနားက ဖြတ်သွားသည့် ကားများနှင့် ကလေးများအား တင်ဆောင်လာသည့် လန်ချား နှစ်စီးထံ မီး ကူးစက် လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုသည် နိုင်ငံ၏ အရှေ့ပိုင်း ပန်ဂျပ်ဒေသတွင် တည်ရှိသော ရှိတ်ခူပူရာ ခရိုင် မန်နန်ဝါလာ ဧရိယာတွင် ဒေသ စံတော်ချိန် နံနက် ၉း၂၀ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရှိခဲ့သည့် အမျိုးသမီးများနှင့် ကလေးငယ်များအား ခရိုင် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အများစုမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ပန်ဂျပ် ပြည်နယ် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်ဖ်က မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းအား ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထို မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းရန် ညွှန်ကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းမှုအပြီး ထုတ်ပြန်လိုက်သည့် တရားဝင် ထုတ်ပြန်ချက်တွင် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား ဖော်ပြထားသော်လည်း မျက်မြင် သက်သေများ ပြောကြားချက်မှာမူ သိုလှောင်ကားမောင်း သူမှာ မြူခိုးများ ပိတ်နေမှုကြောင့် ၎င်း၏ ယာဉ်အား မထိန်းနိုင်ဘဲ အနီးရှိ ကားကို ဝင်တိုက်ခဲ့သည်ဟု ဆိုသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment