အင္ဒိုနီးရွားေလတပ္ အေမာင္းသင္ ေလယာဥ္ ပ်က္က်မႈေၾကာင့္ သံုးဦးေသ၊ တစ္ဦးေပ်ာက္ဆံုး

အင္ဒိုနီးရွားတြင္ အေမာင္းသင္ေလယာဥ္ ပ်က္က်မႈ ဧရိယာတြင္ လူအမ်ား ဝိုင္းအံုၾကည့္ေနစဥ္ (ဓာတ္ပုံ-အင္တာနက္) 
    ဂ်ကာတာ၊ ေဖေဖာ္ဝါရီ ၁၀ ရက္ (ဆင္ဟြာ)

    အင္ဒိုနီးရွားႏိုင္ငံ အေရွ႕ဂ်ာဗားကၽြန္းရွိ မဲလ္လန္ၿမိဳ႕တြင္ ေလတပ္ အေမာင္းသင္ ေလယာဥ္ တစ္စင္း ပ်က္က်မႈ ေၾကာင့္ ေလယာဥ္မွဴးႏွင့္ အရပ္သား ႏွစ္ဦး ေသဆံုးခဲ႔ၿပီး တြဲဖက္ေလယာဥ္မွဴးတစ္ဦးမွာ ေပ်ာက္ဆံုးလ်က္ရွိ ေၾကာင္း ေဒသခံ အဆင့္ျမင့္ ကယ္ဆယ္ေရးအရာရွိ တစ္ဦးက ေျပာသည္။

အဆိုပါ ေလယာဥ္မွာ အဗၺဒူရာမန္ ဆာလာေလဆိပ္မွ ထြက္ခြာအၿပီး ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀း၃၀ နာရီခန္႔ က ေျမျပင္သို႔ ထိုးက်ခဲ႔ရာ အိမ္တစ္လံုးအား တိုက္မိခဲ႔ၿပီး အိမ္အတြင္းရွိ လူႏွစ္ဦး ေသဆံုးခဲ႔ေၾကာင္း၊ လက္ရွိ အခ်ိန္အထိ တြဲဖက္ေလယာဥ္မွဴးအား ရွာေဖြေနဆဲ ျဖစ္ေၾကာင္း ဂ်ာဗား အေရွ႕ပိုင္းရွိ ရွာေဖြေရးႏွင့္ ကယ္ဆယ္ ေရးရံုး အေထြေထြ႒ာန ႒ာနမွဴး Ariadi က ဆင္ဟြာသို႔ တယ္လီဖုန္းမွ တဆင့္ ေျပာသည္။

ေလယာဥ္ အပ်က္အစီးမ်ားႏွင့္ ၂ ကီလိုမီတာခန္႔ အကြာအေဝးထိ ေလယာဥ္ ထိုင္ခုံတစ္လံုးက လြင့္စဥ္သြားခဲ႔ ေၾကာင္း ၎က ေျပာၾကားခဲ႔သည္။

(Xinhua)
http://www.xinhuamyanmar.com
...............
 အင်ဒိုနီးရှားတွင် အမောင်းသင်လေယာဉ် ပျက်ကျမှု ဧရိယာတွင် လူအများ ဝိုင်းအုံကြည့်နေစဉ် (ဓာတ်ပုံ-အင်တာနက်)
    ဂျကာတာ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားကျွန်းရှိ မဲလ်လန်မြို့တွင် လေတပ် အမောင်းသင် လေယာဉ် တစ်စင်း ပျက်ကျမှု ကြောင့် လေယာဉ်မှူးနှင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး တွဲဖက်လေယာဉ်မှူးတစ်ဦးမှာ ပျောက်ဆုံးလျက်ရှိ ကြောင်း ဒေသခံ အဆင့်မြင့် ကယ်ဆယ်ရေးအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ လေယာဉ်မှာ အဗ္ဗဒူရာမန် ဆာလာလေဆိပ်မှ ထွက်ခွာအပြီး ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီခန့် က မြေပြင်သို့ ထိုးကျခဲ့ရာ အိမ်တစ်လုံးအား တိုက်မိခဲ့ပြီး အိမ်အတွင်းရှိ လူနှစ်ဦး သေဆုံးခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ တွဲဖက်လေယာဉ်မှူးအား ရှာဖွေနေဆဲ ဖြစ်ကြောင်း ဂျာဗား အရှေ့ပိုင်းရှိ ရှာဖွေရေးနှင့် ကယ်ဆယ် ရေးရုံး အထွေထွေဋ္ဌာန ဋ္ဌာနမှူး Ariadi က ဆင်ဟွာသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။

လေယာဉ် အပျက်အစီးများနှင့် ၂ ကီလိုမီတာခန့် အကွာအဝေးထိ လေယာဉ် ထိုင်ခုံတစ်လုံးက လွင့်စဉ်သွားခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment