ဟယ္ရီေပၚတာစာအုပ္ ေနာက္ထပ္တစ္အုပ္ ထုတ္ေဝမယ့္ ေဂ်ေကရိုးလင္း



စာေရးဆရာမ ေဂ်ေကရိုးလင္းကေတာ့ သူမရဲ႕ ဟယ္ရီေပၚတာဇာတ္လမ္းတြဲစာအုပ္ေတြဟာ ၿပီးဆံုးအံုးမွာ မဟုတ္ပဲ ေနာက္ထပ္အသစ္တစ္အုပ္ ထုတ္လုပ္ဖုိ႔ စီစဥ္လ်က္ရွိေနပါတယ္။ သူမရဲ႕ ရွစ္အုပ္ေျမာက္ ဟယ္ရီေပၚတာစာအုပ္ကိုေတာ့ “Harry Potter and the Cursed Child” လုိ႔ နာမည္ေပးထားၿပီး ၿဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီရဲ႕ ေမြးေန႔မွာ ကျပေဖ်ာ္ေျဖခဲ့တဲ့ ျပဇာတ္ေပၚမွာ အေျခခံထားတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီျပဇာတ္ကုိေတာ့ ျပဇာတ္ေရးဆရာ ဂ်က္သြန္းကေရးသားထားခဲ့တာျဖစ္ၿပီး ဝတၳဳကိုေတာ့ ေဂ်ေကရိုးလင္း ၊ ဂ်က္သြန္းနဲ႔ ျပဇာတ္ဒါရုိက္တာ ဂၽြန္တစ္ဖနီတုိ႔က ပူူးေပါင္းေရးသားထားခဲ့တာ ျဖစ္ပါတယ္။

 ဒီဇာတ္လမ္းရဲ႕ ဇာတ္သြားကိုေတာ့ “Harry Potter and the Deathly Hallows” အျဖစ္အပ်က္ေတြျဖစ္ၿပီးေနာက္ပိုင္း ၁၉ ႏွစ္အၾကာ ကာလေပၚမွာ အေျခခံထားၿပီး ဟယ္ရီေပၚတာကိုေတာ့ ကေလးသံုးေယာက္အေဖအျဖစ္နဲ႔ ေတြ႕ရမွာပါ။ ဟယ္ရီေပၚတာဟာ ေမွာ္ဝန္ႀကီး႒ာနရဲ႕ ဝန္ထမ္းတစ္ေယာက္အျဖစ္ အဲ့ဒီ ဇာတ္လမ္းထဲမွာ အဓိက ပါဝင္မွာပါ။

ဟယ္ရီဟာဆိုရင္ေတာ့ သူ႔ရဲ႕ ငယ္ခ်စ္ျဖစ္သူ ဂင္နီေဝစေလကို လက္ထပ္ၿပီး ကေလးသံုးေယာက္ျဖစ္တဲ့ ဆဲဗရက္ ၊ အဲဘတ္စ္နဲ႔ လီလီတို႔ ထြန္းကားခဲ့တဲ့ထဲမွာ သားငယ္ အဲဘတ္စ္ရဲ႕ ေမွာ္ပညာဆိုင္ရာ အက်ပ္အတည္းေတြကို ဇာတ္လမ္းေဖာ္ေရးသားထားတာျဖစ္တယ္လို႔ သိရပါတယ္။
( Paing A K )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Extatv
.................................................
ဟယ်ရီပေါ်တာစာအုပ် နောက်ထပ်တစ်အုပ် ထုတ်ဝေမယ့် ဂျေကေရိုးလင်း
စာရေးဆရာမ ဂျေကေရိုးလင်းကတော့ သူမရဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲစာအုပ်တွေဟာ ပြီးဆုံးအုံးမှာ မဟုတ်ပဲ နောက်ထပ်အသစ်တစ်အုပ် ထုတ်လုပ်ဖို့ စီစဉ်လျက်ရှိနေပါတယ်။ သူမရဲ့ ရှစ်အုပ်မြောက် ဟယ်ရီပေါ်တာစာအုပ်ကိုတော့ “Harry Potter and the Cursed Child” လို့ နာမည်ပေးထားပြီး ဗြိတိန်တော်ဝင်မင်းသားဟယ်ရီရဲ့ မွေးနေ့မှာ ကပြဖျော်ဖြေခဲ့တဲ့ ပြဇာတ်ပေါ်မှာ အခြေခံထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီပြဇာတ်ကိုတော့ ပြဇာတ်ရေးဆရာ ဂျက်သွန်းကရေးသားထားခဲ့တာဖြစ်ပြီး ဝတ္ထုကိုတော့ ဂျေကေရိုးလင်း ၊ ဂျက်သွန်းနဲ့ ပြဇာတ်ဒါရိုက်တာ ဂျွန်တစ်ဖနီတို့က ပူူးပေါင်းရေးသားထားခဲ့တာ ဖြစ်ပါတယ်။
 ဒီဇာတ်လမ်းရဲ့ ဇာတ်သွားကိုတော့ “Harry Potter and the Deathly Hallows” အဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်း ၁၉ နှစ်အကြာ ကာလပေါ်မှာ အခြေခံထားပြီး ဟယ်ရီပေါ်တာကိုတော့ ကလေးသုံးယောက်အဖေအဖြစ်နဲ့ တွေ့ရမှာပါ။ ဟယ်ရီပေါ်တာဟာ မှော်ဝန်ကြီးဋ္ဌာနရဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် အဲ့ဒီ ဇာတ်လမ်းထဲမှာ အဓိက ပါဝင်မှာပါ။
ဟယ်ရီဟာဆိုရင်တော့ သူ့ရဲ့ ငယ်ချစ်ဖြစ်သူ ဂင်နီဝေစလေကို လက်ထပ်ပြီး ကလေးသုံးယောက်ဖြစ်တဲ့ ဆဲဗရက် ၊ အဲဘတ်စ်နဲ့ လီလီတို့ ထွန်းကားခဲ့တဲ့ထဲမှာ သားငယ် အဲဘတ်စ်ရဲ့ မှော်ပညာဆိုင်ရာ အကျပ်အတည်းတွေကို ဇာတ်လမ်းဖော်ရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Extatv
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment