( Mario )
Ref : Mirror
.........................................
One Direction အဖွဲ့မှာ အနုပညာဆိုင်ရာ ချီးကျူးစရာမရှိဘူးလို့ ဆိုလိုက်တဲ့ Matt Healy
“1975” ဆိုတဲ့ တီးဝိုင်းအဖွဲ့မှ ရှေ ့ထွက်အဆိုတော် Matt Healy ဟာ One Direction အဖွဲ့ကိုရော X Factor အစီအစဉ် ကိုပါ ရှုံ့ချအပြစ်တင်ခဲ့ပါတယ်။
Matt ဟာ 1D အဖွဲ့ဝင်တွေဖြစ်တဲ့ Liam Payne ၊ Niall Horan ၊ Harry Styles နဲ့ Louis Tomlinson တို့ကို X Factor အစီအစဉ်မှာ စတင်ပါ၀င်လာခြင်းကြောင့် အောင်မြင်ခဲ့တာသာ ဖြစ်ပြီး သူတို့မှာ အောင်မြင်မှု ရစေခဲ့တဲ့ အနုပညာဆိုင်ရာ ချီးကျူးစရာ မရှိခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။
“ကောင်းပြီလေ…. သူတို့ဟာ Simon Cowell ရှေ ့မှာ သီချင်းဆိုပြဖို့အတွက် ခန်းမရှေ ့မှာတန်းစီပြီး စောင့်နေရတဲ့ လူလေးယောက်သာ ဖြစ်ပါတယ်။သူတို့မှာ အနုပညာဆိုင်ရာ ချီးကျူးစရာတစ်ခုခု ရှိခဲ့ဖူးသလား။ ဒါဟာ ပြောရခက်တဲ့အရာဖြစ်ပေမယ့်လည်း မေးခွန်းကောင်းပါ” လို့ Matt က ဆိုပါတယ်။
ဒါ့အပြင် Matt က သီချင်းရေးသားမှု နဲ့ ပတ်သက်ပြီးတော့လည်း On e Direction အဖွဲ့ဟာ Matt ကို လာရောက်ဆက်သွယ်ဖူးတယ်လို့ ဆိုပါတယ်။ 1D အဖွဲ့ရဲ ့ Change Your Ticket ဆိုတဲ့သီချင်းဟာလည်း 1975 အဖွဲ့ ရဲ ့ Girls ဆိုတဲ့သီချင်း ကို မှီငြမ်းထားတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
1975 အဖွဲ့ နဲ့ One Direction အဖွဲ့တို့ဟာ ဂီတအရရော ပုဂ္ဂိုလ်ရေးအရရော ပြဿနာ တက်ဖူးခြင်းမရှိပေမယ့် အရင်တုန်းကတော့ Matt Healy နဲ့ One Direction အဖွဲ့ဝင် Harry Styles တို့ဟာ ကန်းထရီးအဆိုတော်မလေး တေလာဆွစ်ဖ် နဲ့ အပြိုင်အဆိုင် ဇာတ်လမ်းတွေ ရှုပ်ခဲ့ကြဖူးပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment