ကားလမ္းမေပၚ ပိတ္ဆို႔ေနခဲ့တဲ့ ေပ ၂၀ အရြယ္ ဒိုင္ႏိုင္ေဆာႀကီး


Jurassic Park ဆိုတာဟာ ေဟာလီး၀ုဒ္ က ဖန္တီးထားတဲ့ ဒိုင္ႏိုေဆာ ပံုျပင္တစ္ခုပါ ၊ ျဖစ္ရပ္မွန္ မဟုတ္ပါဘူး။ဒါေပမယ့္လည္း အဂၤလန္ႏိုင္ငံ ရဲ ႔အႀကီးဆံုး နဲ႔ ဒုတိယ ေျမာက္ လူဦးေရ အထူထပ္ဆံုး ကၽြန္းစြယ္ ၿမိဳ ႔ တစ္ၿမိဳ ႔ျဖစ္တဲ့ Isle of Wight မွာ ဒိုင္ႏိုေဆာ တစ္ေကာင္ လမ္းမေပၚ ေရာက္ေနတာကို ေတြ႔ခဲ့ရတဲ့အတြက္ လူတိုင္းအံ့အားသင့္ သြားခဲ့ရပါတယ္။

Chris Hollingshed ဆိုသူဟာ ထို ဒိုင္ႏိုေဆာႀကီးတစ္ေကာင္ လမ္းပိတ္ၿပီး ရပ္ေနတာကို အမိအရ ဓါတ္ပံုရိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ အမွန္တစ္ကယ္ကေတာ့ ထို ဒိုင္ႏို္ေဆာဟာ ေပ ၂၀ ရွည္လ်ားတဲ့ ဒိုင္ႏိုေဆာပံုစံ ရုပ္တု တစ္ခုျဖစ္ၿပီး ၿမိဳ ႔ေနလူရမ္းကားေတြက လက္ေဆာ့ၿပီး လမ္းေပၚေရႊ႕ထားခဲ့တာပဲ ျဖစ္ပါတယ္။

ထို ရုပ္တုဟာ ေဂၚရွီလာ လို႔ေခၚတဲ့ ဒိုင္ႏို္ေဆာ မ်ိဳးစိတ္ ရဲ ႔ ပံုတူ ရုပ္တုတစ္ခုျဖစ္ၿပီး ေက်ာက္မ်က္ ရတနာ ဆိုင္တစ္ဆိုင္ ျဖစ္တဲ့ Island Gems က ပိုင္ဆိုင္တဲ့ ရုပ္တုပဲ ျဖစ္ပါတယ္။

“ဒါႀကီးကို ေရႊ ႔ဖို႔အတြက္ သန္မာထြားႀကိဳင္းတဲ့ လူငယ္ ၅ ေယာက္ အင္အားကို အသံုးျပဳခဲ့ရပါတယ္။လူေတြဒီရုပ္တု အေၾကာင္းေျပာေနတာ ေကာင္းပါတယ္။ ဒါေပမယ့္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈေတြျဖစ္ေစခဲ့တဲ့အတြက္ေတာ့ ကၽြန္ေတာ့္အေနနဲ႔ အားလံုးကို ေက်းဇူးမတင္လိုပါဘူး” လို႔ ထိုရုပ္တု ရဲ ႔ ပိုင္ရွင္ျဖစ္သူ Martin က ဆိုခဲ့ပါတယ္။

ဓါတ္ပံုရိုက္ကူးခဲ့သူ Chris ကေတာ့ “သင္ဟာ အလုပ္ကေန အိမ္ကို မနက္ေစာေစာ ၃ နာရီႀကီးမွာ ထျပန္လာၿပီး လမ္းမွာ ေပ ၂၀ ျမင့္တဲ့ ဒိုင္ႏိုေဆာ တစ္ေကာင္ရဲ႕ ပိတ္ဆို႔ျခင္းခံထားရတာဟာ တန္ဖိုးမျဖတ္ႏိုင္တဲ့ အခိုက္အတန္႔ပါပဲ” လို႔ အြန္လိုင္းမွာ ေရးသားထားပါတယ္။
ထို ဒိုင္ႏိုေဆာ ပံုစံ ရုပ္ထုကို ၂၀၀၇ ခုႏွစ္မွာ Martin က အခြင့္အေရးျပည့္ ပိုင္ဆိုင္သူ အျဖစ္ ၀ယ္ယူထားခဲ့တာပဲ ျဖစ္ပါတယ္။


( Mario )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror 

..................................

ကားလမ်းမပေါ် ပိတ်ဆို့နေခဲ့တဲ့ ပေ ၂၀ အရွယ် ဒိုင်နိုင်ဆောကြီး
 

Jurassic Park ဆိုတာဟာ ဟောလီးဝုဒ် က ဖန်တီးထားတဲ့ ဒိုင်နိုဆော ပုံပြင်တစ်ခုပါ ၊ ဖြစ်ရပ်မှန် မဟုတ်ပါဘူး။ဒါပေမယ့်လည်း အင်္ဂလန်နိုင်ငံ ရဲ ့အကြီးဆုံး နဲ့ ဒုတိယ မြောက် လူဦးရေ အထူထပ်ဆုံး ကျွန်းစွယ် မြို ့ တစ်မြို ့ဖြစ်တဲ့ Isle of Wight မှာ ဒိုင်နိုဆော တစ်ကောင် လမ်းမပေါ် ရောက်နေတာကို တွေ့ခဲ့ရတဲ့အတွက် လူတိုင်းအံ့အားသင့် သွားခဲ့ရပါတယ်။

Chris Hollingshed ဆိုသူဟာ ထို ဒိုင်နိုဆောကြီးတစ်ကောင် လမ်းပိတ်ပြီး ရပ်နေတာကို အမိအရ ဓါတ်ပုံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အမှန်တစ်ကယ်ကတော့ ထို ဒိုင်နို်ဆောဟာ ပေ ၂၀ ရှည်လျားတဲ့ ဒိုင်နိုဆောပုံစံ ရုပ်တု တစ်ခုဖြစ်ပြီး မြို ့နေလူရမ်းကားတွေက လက်ဆော့ပြီး လမ်းပေါ်ရွှေ့ထားခဲ့တာပဲ ဖြစ်ပါတယ်။

ထို ရုပ်တုဟာ ဂေါ်ရှီလာ လို့ခေါ်တဲ့ ဒိုင်နို်ဆော မျိုးစိတ် ရဲ ့ ပုံတူ ရုပ်တုတစ်ခုဖြစ်ပြီး ကျောက်မျက် ရတနာ ဆိုင်တစ်ဆိုင် ဖြစ်တဲ့ Island Gems က ပိုင်ဆိုင်တဲ့ ရုပ်တုပဲ ဖြစ်ပါတယ်။

“ဒါကြီးကို ရွှေ ့ဖို့အတွက် သန်မာထွားကြိုင်းတဲ့ လူငယ် ၅ ယောက် အင်အားကို အသုံးပြုခဲ့ရပါတယ်။လူတွေဒီရုပ်တု အကြောင်းပြောနေတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်စေခဲ့တဲ့အတွက်တော့ ကျွန်တော့်အနေနဲ့ အားလုံးကို ကျေးဇူးမတင်လိုပါဘူး” လို့ ထိုရုပ်တု ရဲ ့ ပိုင်ရှင်ဖြစ်သူ Martin က ဆိုခဲ့ပါတယ်။

ဓါတ်ပုံရိုက်ကူးခဲ့သူ Chris ကတော့ “သင်ဟာ အလုပ်ကနေ အိမ်ကို မနက်စောစော ၃ နာရီကြီးမှာ ထပြန်လာပြီး လမ်းမှာ ပေ ၂၀ မြင့်တဲ့ ဒိုင်နိုဆော တစ်ကောင်ရဲ့ ပိတ်ဆို့ခြင်းခံထားရတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်ပါပဲ” လို့ အွန်လိုင်းမှာ ရေးသားထားပါတယ်။
ထို ဒိုင်နိုဆော ပုံစံ ရုပ်ထုကို ၂၀၀၇ ခုနှစ်မှာ Martin က အခွင့်အရေးပြည့် ပိုင်ဆိုင်သူ အဖြစ် ၀ယ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။


( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror 
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment