လက္ပစ္ဗံုးေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရရွိသူမ်ားအား ေဆးရုံသုိ႔ သယ္ေဆာင္လာစဥ္ (ဓာတ္ပုံ-အင္တာနက္) |
ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္း ဆူလ္တန္ ကူဒါရက္ ျပည္နယ္ အစ္စပါရမ္ဇာျမိဳ႕ရွိ ပြဲေတာ္တစ္ခုတြင္ ေဖေဖာ္ဝါရီ ၂၁ရက္ေန႕ ညပုိင္းက လက္ပစ္ဗံုး တစ္လံုးေပါက္ကြဲမႈေၾကာင့္ ၆ႏွစ္အရြယ္ ေယာက်ာ္းေလးတစ္ဦး ေသဆံုးျပီး အျခား ၃၈ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံအာဏာပိုင္မ်ားက ေဖေဖာ္ဝါရီလ ၂၂ရက္ေန႕တြင္ ေျပာၾကားခဲ့ သည္။
အလယ္ပိုင္း မင္ဒါနာအို ေဒသ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ရိုမီအို ဂယ္ဂို က အေျခအေနစုိးရိမ္ရသည့္ လူနာတစ္ဦးအပါအဝင္ အျခားဒဏ္ရာရရွိသူ ၃၈ ဦးအား ေဆးရံုအမ်ားအျပားသို႕ ခြဲ၍ပို႕ေဆာင္ေပးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ဂယ္ဂိုက ေပါက္ကြဲမႈ သည္ အစ္စပါရမ္ဇာ ေစ်းအနီးရွိ ပြဲေတာ္တစ္ခုတြင္ ညေန ၈း၁၅ နာရီတြင္ ျဖစ္ပြားခဲ့ေၾကာင္း ႏွင့္ ပြဲေတာ္အတြင္းသုိ႕ MK2 အမ်ဳိးအစား လက္ပစ္ဗံုး ၂လုံုးပစ္သြင္းခဲ့ေသာ္လည္း ၄င္းတို႕အနက္ ၁လံုးသာ ေပါက္ကြဲသြားျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
မေပါက္ကြဲေသးဘဲ က်န္ရွိေနသည့္ လက္ပစ္ဗံုးတစ္လံုးအား ဗံုးရွင္းလင္းေရး တပ္ဖြဲ႕ဝင္မ်ားက အသက္မဲ့ေအာင္ ျပဳလုပ္၍ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
အာဏာပိုင္မ်ားသည္ သံသယရွိသူမ်ား ႏွင့္ ၄င္းတို႕၏ လႈပ္ရွားမႈမ်ားအား ေဖာ္ထုတ္ႏိုင္ရန္ စစ္ေဆးေရးလုပ္ငန္း မ်ားကို ဆက္တိုက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
(Xinhua)
http://www.xinhuamyanmar.com
....................................
လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)
မနီလာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆူလ်တန် ကူဒါရက် ပြည်နယ် အစ်စပါရမ်ဇာမြို့ရှိ ပွဲတော်တစ်ခုတွင် ဖေဖော်ဝါရီ ၂၁ရက်နေ့ ညပိုင်းက လက်ပစ်ဗုံး တစ်လုံးပေါက်ကွဲမှုကြောင့် ၆နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အခြား ၃၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ပြောကြားခဲ့ သည်။
အလယ်ပိုင်း မင်ဒါနာအို ဒေသ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရိုမီအို ဂယ်ဂို က အခြေအနေစိုးရိမ်ရသည့် လူနာတစ်ဦးအပါအဝင် အခြားဒဏ်ရာရရှိသူ ၃၈ ဦးအား ဆေးရုံအများအပြားသို့ ခွဲ၍ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂယ်ဂိုက ပေါက်ကွဲမှု သည် အစ်စပါရမ်ဇာ စျေးအနီးရှိ ပွဲတော်တစ်ခုတွင် ညနေ ၈း၁၅ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း နှင့် ပွဲတော်အတွင်းသို့ MK2 အမျိုးအစား လက်ပစ်ဗုံး ၂လုုံးပစ်သွင်းခဲ့သော်လည်း ၄င်းတို့အနက် ၁လုံးသာ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည့် လက်ပစ်ဗုံးတစ်လုံးအား ဗုံးရှင်းလင်းရေး တပ်ဖွဲ့ဝင်များက အသက်မဲ့အောင် ပြုလုပ်၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အာဏာပိုင်များသည် သံသယရှိသူများ နှင့် ၄င်းတို့၏ လှုပ်ရှားမှုများအား ဖော်ထုတ်နိုင်ရန် စစ်ဆေးရေးလုပ်ငန်း များကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment