IS အစုလိုက္ သတ္မွု၊ လူ ၄၀ ကို အီရတ္ ေသဒဏ္ေပး


Camp Speicher ကို အီရတ္ တပ္ဖြဲ႕ေတြ ျပန္သိမ္းၿပီးေနာက္ အစုလိုက္ ျမႇုပ္ထားတဲ့ အေလာင္းေတြကို ေတြ႕ခဲ့။
အီရတ္ နိုင္ငံမွာ အေမရိကန္ စစ္စခန္း ျဖစ္ဖူးတဲ့ Camp Speicher မွာ ၂၀၁၄ ခုႏွစ္က တပ္သားသစ္ ၁၇၀၀ ေလာက္ကို အစုအျပဳံလိုက္ သတ္ခဲ့တဲ့ အမွုအတြက္ လူ အေယာက္ ၄၀ ကို အီရတ္ တရား႐ုံးက ေသဒဏ္ ခ်မွတ္ လိုက္ပါတယ္။

အီရတ္ ေျမာက္ပိုင္း တိကရစ္ၿမိဳ႕ အနီးက အဲဒီ စခန္းကို IS အစၥလာမၼစ္ နိုင္ငံအဖြဲ႕က သိမ္းပိုက္ ခဲ့ၿပီးေနာက္ အဲဒီ အစုအျပဳံလိုက္ သတ္ျဖတ္မွုကို IS အဖြဲ႕ဝင္ စစ္ေသြးႂကြေတြက ျပဳလုပ္ ခဲ့ၾကတာပါ။

အစုလိုက္ သတ္ျဖတ္ ခံရသူေတြထဲမွာ ရွီးယား တပ္သားသစ္ေတြ အမ်ားစု ပါဝင္ခဲ့ၿပီး၊ အဲဒီ အျဖစ္ေၾကာင့္လည္း အီရတ္ အစိုးရက IS ေတြကို တိုက္ရာမွာ ရွီးယား ျပည္သူ႔စစ္ေတြ ပိုမို ပါဝင္လာၾကတာ ျဖစ္ပါတယ္။

အဲဒီ Speicher စခန္းကို အီရတ္ တပ္ဖြဲ႕ေတြက ၂၀၁၅ ခုႏွစ္မွာ IS ေတြ လက္ကေန ျပန္သိမ္းခဲ့ၿပီးေနာက္ အစုလိုက္ ျမႇုပ္ထားတဲ့ အေလာင္းေတြကို ျပန္ေဖာ္ ခဲ့ၾကပါတယ္။

အဲဒီေနာက္ အစုလိုက္ သတ္ျဖတ္မွုမွာ ပါဝင္ခဲ့တယ္လို႔ သံသယနဲ႔ လူအေတာ္မ်ားမ်ားကို အီရတ္ အစိုးရက ဖမ္းဆီး ခဲ့ပါတယ္။

အခု ေသဒဏ္ ခ်မွတ္ခံရသူ ၄၀ ထဲမွာ ၂၄ ေယာက္က ဒီအမွုအတြက္ပဲ မႏွစ္ကတည္းက ေသဒဏ္ ခ်မွတ္ ခံထားရသူေတြ ျဖစ္ၿပီး အယူခံ ဝင္ခဲ့သူေတြ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.......

Camp Speicher ကို အီရတ် တပ်ဖွဲ့တွေ ပြန်သိမ်းပြီးနောက် အစုလိုက် မြှုပ်ထားတဲ့ အလောင်းတွေကို တွေ့ခဲ့။
အီရတ် နိုင်ငံမှာ အမေရိကန် စစ်စခန်း ဖြစ်ဖူးတဲ့ Camp Speicher မှာ ၂၀၁၄ ခုနှစ်က တပ်သားသစ် ၁၇၀၀ လောက်ကို အစုအပြုံလိုက် သတ်ခဲ့တဲ့ အမှုအတွက် လူ အယောက် ၄၀ ကို အီရတ် တရားရုံးက သေဒဏ် ချမှတ် လိုက်ပါတယ်။

အီရတ် မြောက်ပိုင်း တိကရစ်မြို့ အနီးက အဲဒီ စခန်းကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က သိမ်းပိုက် ခဲ့ပြီးနောက် အဲဒီ အစုအပြုံလိုက် သတ်ဖြတ်မှုကို IS အဖွဲ့ဝင် စစ်သွေးကြွတွေက ပြုလုပ် ခဲ့ကြတာပါ။

အစုလိုက် သတ်ဖြတ် ခံရသူတွေထဲမှာ ရှီးယား တပ်သားသစ်တွေ အများစု ပါဝင်ခဲ့ပြီး၊ အဲဒီ အဖြစ်ကြောင့်လည်း အီရတ် အစိုးရက IS တွေကို တိုက်ရာမှာ ရှီးယား ပြည်သူ့စစ်တွေ ပိုမို ပါဝင်လာကြတာ ဖြစ်ပါတယ်။

အဲဒီ Speicher စခန်းကို အီရတ် တပ်ဖွဲ့တွေက ၂၀၁၅ ခုနှစ်မှာ IS တွေ လက်ကနေ ပြန်သိမ်းခဲ့ပြီးနောက် အစုလိုက် မြှုပ်ထားတဲ့ အလောင်းတွေကို ပြန်ဖော် ခဲ့ကြပါတယ်။

အဲဒီနောက် အစုလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ သံသယနဲ့ လူအတော်များများကို အီရတ် အစိုးရက ဖမ်းဆီး ခဲ့ပါတယ်။

အခု သေဒဏ် ချမှတ်ခံရသူ ၄၀ ထဲမှာ ၂၄ ယောက်က ဒီအမှုအတွက်ပဲ မနှစ်ကတည်းက သေဒဏ် ချမှတ် ခံထားရသူတွေ ဖြစ်ပြီး အယူခံ ဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment