![]() |
ဝါဒက္ ျပည္နယ္ထဲက ေနရာတခ်ိဳ႕ကို တာလီဘန္ေတြ ထိန္းခ်ဳပ္ထားဆဲ ျဖစ္။ |
အာဖဂန္ အတြက္ ဆြီဒင္ ေကာ္မတီ SCA လို႔ ေခၚတဲ့ အဲဒီ အဖြဲ႕က ေျပာရာမွာ ဝါဒက္ ျပည္နယ္ထဲက တန္ဂ်ီ ဆိုင္ဒန္ ရြာမွာ ရွိတဲ့ သူတို႔ရဲ့ ေဆးခန္းကို ဝင္စီးခဲ့သူေတြက အာဖဂန္ စစ္တပ္က စစ္သားေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။
အဲဒီ တန္ဂ်ီ ဆိုင္ဒန္ ရြာဟာ တာလီဘန္ေတြရဲ့ ထိန္းခ်ဳပ္မွု ေအာက္မွာ ရွိပါတယ္။
ဒီအေၾကာင္းကို အာဖဂန္ စစ္တပ္က တစုံတရာ အတည္ျပဳ ေျပာဆိုမွု မရွိေပမယ့္ ေဒသတြင္းက နိုင္ငံေရးသမား တစ္ေယာက္ကေတာ့ အဲဒီ ေဆးခန္းကို စစ္သားေတြ ပစ္မွတ္ ထားခဲ့တယ္လို႔ ေျပာပါတယ္။
ေဆးခန္း ဝန္ထမ္းေတြကို စစ္သားေတြက ဖမ္းဆီး ရိုက္ႏွက္ခဲ့ၿပီး၊ လူနာ ႏွစ္ေယာက္နဲ႔ လူနာ ေစာင့္ တစ္ေယာက္ကို ဖမ္းေခၚသြားကာ အနီးအနား တစ္ေနရာမွာ သူတို႔ကို သတ္ပစ္ ခဲ့တယ္လို႔ SCA အဖြဲ႕ရဲ့ ဆက္သြယ္ေရး မန္ေနဂ်ာက ဘီဘီစီကို ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
......................................
ဝါဒက် ပြည်နယ်ထဲက နေရာတချို့ကို တာလီဘန်တွေ ထိန်းချုပ်ထားဆဲ ဖြစ်။
အာဖဂန် နစ္စတန် နိုင်ငံမှာ ဆွီဒင် ကူညီရေးအဖွဲ့ တစ်ခုက လည်ပတ်တဲ့ ဆေးခန်းတစ်ခု စီးနင်းခံရပြီး လူနာ နှစ်ယောက်နဲ့ လူနာစောင့် တစ်ယောက်တို့ အသတ် ခံရတယ်လို့ အဲဒီ ဆွီဒင် အဖွဲ့က ပြောပါတယ်။
အာဖဂန် အတွက် ဆွီဒင် ကော်မတီ SCA လို့ ခေါ်တဲ့ အဲဒီ အဖွဲ့က ပြောရာမှာ ဝါဒက် ပြည်နယ်ထဲက တန်ဂျီ ဆိုင်ဒန် ရွာမှာ ရှိတဲ့ သူတို့ရဲ့ ဆေးခန်းကို ဝင်စီးခဲ့သူတွေက အာဖဂန် စစ်တပ်က စစ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ တန်ဂျီ ဆိုင်ဒန် ရွာဟာ တာလီဘန်တွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိပါတယ်။
ဒီအကြောင်းကို အာဖဂန် စစ်တပ်က တစုံတရာ အတည်ပြု ပြောဆိုမှု မရှိပေမယ့် ဒေသတွင်းက နိုင်ငံရေးသမား တစ်ယောက်ကတော့ အဲဒီ ဆေးခန်းကို စစ်သားတွေ ပစ်မှတ် ထားခဲ့တယ်လို့ ပြောပါတယ်။
ဆေးခန်း ဝန်ထမ်းတွေကို စစ်သားတွေက ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး၊ လူနာ နှစ်ယောက်နဲ့ လူနာ စောင့် တစ်ယောက်ကို ဖမ်းခေါ်သွားကာ အနီးအနား တစ်နေရာမှာ သူတို့ကို သတ်ပစ် ခဲ့တယ်လို့ SCA အဖွဲ့ရဲ့ ဆက်သွယ်ရေး မန်နေဂျာက ဘီဘီစီကို ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment