ဘာသာေရး ေခါင္းေဆာင္ Syamsudin Uba IS ေကာင္းေၾကာင္း ေဟာေျပာေနစဥ္ (Credit: ABC) |
ေအဘီစီ သတင္းေထာက္က ႏိုင္ငံျခား သတင္းသမား အေနနဲ႔ ပထမဆုံးအႀကိမ္ အဲဒီလို လ်ဳိ႕ဝွက္ အစည္းအေဝးကို တက္ေရာက္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။
ဗလီတခုမွာ လ်ဳိ႕ဝွက္ေတြ႔ဆုံမႈေတြ၊ စစ္ေသြးၾကြ စုေဆာင္းတာမ်ဳိး ရွိေနတယ္ဆိုတဲ့ သတင္းေၾကာင့္ အခ်ိန္ယူၿပီး ရွာေဖြစုံစမ္းမႈ လုပ္ခဲ့ရာကေန As-Syuhada ဆိုတဲ့ ဗလီကို ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။
ဗလီဟာ လမ္းေသးေသးလည္းထဲမွာ ရွိတာေၾကာင့္ ကားေတြ သြားလာလို႔ မရတဲ့ ေနရာလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။
အင္ဒိုနီးရွားႏိုင္ငံသား မြတ္စလင္လူမ်ဳိး ေအဘီစီ သတင္းသမား အဲဒီ ဗလီထဲ ဝင္ၿပီး ဗီဒီယိုေတြ ရိုက္တဲ့အခါ တားျမစ္ခံခဲ့ရေပမယ့္ ရရွိထားတဲ့ အခ်က္အလက္အနညး္ငယ္အရ အစြန္းေရာက္ဝါဒီအေၾကာင္း ေဆြးေႏြးေဟာေျပာတဲ့အေၾကာင္းေတြ ေျပာခဲ့တယ္ဆိုတာကို သိခဲ့ၾကရပါတယ္။
IS အေၾကာင္း တရားေဟာတဲ့ ဗလီ ၅ ခုေလာက္ ဂ်ာကာတာ ၿမိဳ႕မွာ ရွိတယ္လို႔သိရၿပီး လူကုန္ထံေတြ၊ သံတမန္ေတြ အေနမ်ားတဲ့ Menteng ရပ္ကြက္က ဗလီမွာလည္း အလားတူ လ်ဳိ႕ဝွက္ အစည္းအေဝးေတြ ျပဳလုပ္ၾကတယ္လို႔ သိရပါတယ္။
အဲဒီ လ်ဳိ႕ဝွက္ေတြ႔ဆုံမႈအရ IS အစၥလာမ္မစ္ႏိုင္ငံဆိုတာ ဘုရားသခင္ရဲ့ ဥပေဒေတြ အျပည့္အဝ ရွိတဲ့ ေနရာေတြျဖစ္ၿပီး ျပည္ပႏိုင္ငံေတြရဲ့ အေႏွာက္အယွက္ေတြ ကင္းေဝးရာ ေနရာ ျဖစ္တယ္လို႔ ေျပာပါတယ္။
IS အဖြဲ႔ဝင္ေတြဟာလည္း သူတို႔ရဲ့ ခ်မ္းသာ ၾကြယ္ဝမႈေတြ၊ ေသြးေခြ်းေတြကို ေပးဆပ္ၿပီး Islamic State IS အစၥလာမ္မစ္ ႏိုင္ငံေတာ္ကို ထူေထာင္ၾကတာလို႔ အဲဒီေၾကာင္းက ဘာသာေရး ဆရာ Syamsudin Uba က ေျပာသြားခဲ့ပါတယ္။
အဲဒီ ဘာသာေရးဆရာဟာ IS အဖြဲ႔ရဲ့ ေကာင္းေၾကာင္းကို ေဟာေျပာခဲ့လို႔ အရင္တုန္းက ဖမ္းဆီးထိန္းသိမ္းခံခဲ့ရဖူးေပမယ့္ အဲဒီအခ်ိန္တုန္းက အင္ဒိုနီးရွားႏိုင္ငံမွာ သင့္ေတာ္တဲ့ ဥပေဒမရွိတာေၾကာင့္ စြဲခ်က္မတင္ႏိုင္ပဲ ျပန္လြတ္ေပးခဲ့ရပါတယ္။
IS အဖြဲ႔က အစၥလာမ္မစ္ ႏိုင္ငံ ထူေထာင္တာကို ကုလသမဂၢနဲ႔ တျခားႏိုင္ငံေတြက အသိအမွတ္ မျပဳေပမယ့္ မြတ္စလင္ေတြအတြက္ သူတို႔ရဲ့ အသိအမွတ္ျပဳမႈကို ရဖို႔ အေရးမႀကီးတဲ့အေၾကာင္း၊ မြတ္စလင္ေတြဟာ ဘုရားရွင္ဆီက ေကာင္းခ်ီးကိုသာ လိုလားတာျဖစ္ၿပီး ဘုရားရဲ့ ဥပေဒေတြ အျပည့္အဝလိုက္နာ က်င့္သုံးတဲ့ ေနရာကိုသာ လိုလားတာ ျဖစ္တယ္လို႔လည္း ေဟာေျပာခဲ့ပါတယ္။
ဒါ့အျပင္ IS အဖြဲ႔ေတြ အသုံးျပဳေလ့ရွိတဲ့ အနက္ေရာင္ အလံကိုလည္း ဗလီ အစည္းအေဝးခန္းထဲမွာ ေတြ႔ခဲ့ရပါတယ္။
ေနာက္ထပ္ ဘာသာေရး ဆရာ တစ္ေယာက္ကလည္း ဘဝေကာင္းစားေရးအတြက္ ဆီးရီးယားကို သြားၿပီး IS အဖြဲ႔နဲ႔ ပူးေပါင္းၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။
IS အဖြဲ႔နဲ႔ ပူးေပါငး္ရင္ အဲဒီမွာ အိမ္ငွားခေတြ၊ ေရဖိုး၊ မီးဖိုးေတြ ေပးစရာမလိုပဲ လစဥ္ အစားအေသာက္ စားရိတ္ေတြ၊ လစဥ္ ေငြေၾကးနဲ႔ အခမဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ၊ ေဆးဝါးေတြ ရရွိႏိုင္တဲ့အတြက္ ဆီးရီးယားကို သြားေရာက္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။
အဲဒါ့အျပင္ လူမ်ဳိးမတူတဲ့ လူေတြအၾကား လက္ထပ္ထိမ္းျမားတာကိုလည္း IS က လက္ခံတယ္လို႔ေတာင္ ကတိေပးသြားခဲ့ပါတယ္။
ဗလီကို ႀကီးၾကပ္တဲ့ လူကို ေအဘီစီက ေမးျမန္းရာမွာေတာ့ အဲဒီလူေတြ ဘာေတြ ေဆးေႏြးၾကမလဲ ဆိုတာကို မသိရတဲ့အေၾကာင္း ဗလီကို သုံးမယ္ဆိုၿပီး အခ်ိန္နီးကပ္မွ အသိေပးလာေလ့ရွိတယ္လို႔ ေျပာျပခဲ့ပါတယ္။
IS အဖြဲ႔အတြက္ လူစုေဆာင္းေပးရာမွာ ပါဝင္ခဲ့ဖူးတဲ့ လူကေတာ့ သူ႔ကို အာဏာပိုင္ေတြက ဒီလို လူစုေဆာင္းမႈေတြ မျဖစ္ေအာင္ ေဆာင္ရြက္ေပးဖို႔ ေျပာဆိုေပမယ့္ IS ကို ေထာက္ခံတဲ့ ဦးေရဟာ တေျဖးေျဖး ပိုႀကီးထြားလာေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
By Indonesia correspondent Samantha Hawley, Ake Prihantari and Ari Wu
ABC Radio Australia
http://www.radioaustralia.net.au/burmese
..............
ဘာသာရေး ခေါင်းဆောင် Syamsudin Uba IS ကောင်းကြောင်း ဟောပြောနေစဉ် (Credit: ABC)
IS အစ္စလာမ်မစ် အဖွဲ့ကို ထောက်ခံတဲ့ လူတွေဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့က ဗလီတစ်ခုမှာ လျို့ဝှက်တွေ့ဆုံခဲ့ကြပြီး ဒါဟာ စစ်သွေးကြွ အဖွဲ့ဝင်သစ်တွေကို စုဆောင်းနည်းတမျိုး ဖြစ်မယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အေဘီစီ သတင်းထောက်က ပြောပါတယ်။
အေဘီစီ သတင်းထောက်က နိုင်ငံခြား သတင်းသမား အနေနဲ့ ပထမဆုံးအကြိမ် အဲဒီလို လျို့ဝှက် အစည်းအဝေးကို တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။
ဗလီတခုမှာ လျို့ဝှက်တွေ့ဆုံမှုတွေ၊ စစ်သွေးကြွ စုဆောင်းတာမျိုး ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် အချိန်ယူပြီး ရှာဖွေစုံစမ်းမှု လုပ်ခဲ့ရာကနေ As-Syuhada ဆိုတဲ့ ဗလီကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဗလီဟာ လမ်းသေးသေးလည်းထဲမှာ ရှိတာကြောင့် ကားတွေ သွားလာလို့ မရတဲ့ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံသား မွတ်စလင်လူမျိုး အေဘီစီ သတင်းသမား အဲဒီ ဗလီထဲ ဝင်ပြီး ဗီဒီယိုတွေ ရိုက်တဲ့အခါ တားမြစ်ခံခဲ့ရပေမယ့် ရရှိထားတဲ့ အချက်အလက်အနညး်ငယ်အရ အစွန်းရောက်ဝါဒီအကြောင်း ဆွေးနွေးဟောပြောတဲ့အကြောင်းတွေ ပြောခဲ့တယ်ဆိုတာကို သိခဲ့ကြရပါတယ်။
IS အကြောင်း တရားဟောတဲ့ ဗလီ ၅ ခုလောက် ဂျာကာတာ မြို့မှာ ရှိတယ်လို့သိရပြီး လူကုန်ထံတွေ၊ သံတမန်တွေ အနေများတဲ့ Menteng ရပ်ကွက်က ဗလီမှာလည်း အလားတူ လျို့ဝှက် အစည်းအဝေးတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။
အဲဒီ လျို့ဝှက်တွေ့ဆုံမှုအရ IS အစ္စလာမ်မစ်နိုင်ငံဆိုတာ ဘုရားသခင်ရဲ့ ဥပဒေတွေ အပြည့်အဝ ရှိတဲ့ နေရာတွေဖြစ်ပြီး ပြည်ပနိုင်ငံတွေရဲ့ အနှောက်အယှက်တွေ ကင်းဝေးရာ နေရာ ဖြစ်တယ်လို့ ပြောပါတယ်။
IS အဖွဲ့ဝင်တွေဟာလည်း သူတို့ရဲ့ ချမ်းသာ ကြွယ်ဝမှုတွေ၊ သွေးချွေးတွေကို ပေးဆပ်ပြီး Islamic State IS အစ္စလာမ်မစ် နိုင်ငံတော်ကို ထူထောင်ကြတာလို့ အဲဒီကြောင်းက ဘာသာရေး ဆရာ Syamsudin Uba က ပြောသွားခဲ့ပါတယ်။
အဲဒီ ဘာသာရေးဆရာဟာ IS အဖွဲ့ရဲ့ ကောင်းကြောင်းကို ဟောပြောခဲ့လို့ အရင်တုန်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးပေမယ့် အဲဒီအချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံမှာ သင့်တော်တဲ့ ဥပဒေမရှိတာကြောင့် စွဲချက်မတင်နိုင်ပဲ ပြန်လွတ်ပေးခဲ့ရပါတယ်။
IS အဖွဲ့က အစ္စလာမ်မစ် နိုင်ငံ ထူထောင်တာကို ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတွေက အသိအမှတ် မပြုပေမယ့် မွတ်စလင်တွေအတွက် သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ အရေးမကြီးတဲ့အကြောင်း၊ မွတ်စလင်တွေဟာ ဘုရားရှင်ဆီက ကောင်းချီးကိုသာ လိုလားတာဖြစ်ပြီး ဘုရားရဲ့ ဥပဒေတွေ အပြည့်အဝလိုက်နာ ကျင့်သုံးတဲ့ နေရာကိုသာ လိုလားတာ ဖြစ်တယ်လို့လည်း ဟောပြောခဲ့ပါတယ်။
ဒါ့အပြင် IS အဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ အနက်ရောင် အလံကိုလည်း ဗလီ အစည်းအဝေးခန်းထဲမှာ တွေ့ခဲ့ရပါတယ်။
နောက်ထပ် ဘာသာရေး ဆရာ တစ်ယောက်ကလည်း ဘဝကောင်းစားရေးအတွက် ဆီးရီးယားကို သွားပြီး IS အဖွဲ့နဲ့ ပူးပေါင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
IS အဖွဲ့နဲ့ ပူးပေါငး်ရင် အဲဒီမှာ အိမ်ငှားခတွေ၊ ရေဖိုး၊ မီးဖိုးတွေ ပေးစရာမလိုပဲ လစဉ် အစားအသောက် စားရိတ်တွေ၊ လစဉ် ငွေကြေးနဲ့ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ဆေးဝါးတွေ ရရှိနိုင်တဲ့အတွက် ဆီးရီးယားကို သွားရောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒါ့အပြင် လူမျိုးမတူတဲ့ လူတွေအကြား လက်ထပ်ထိမ်းမြားတာကိုလည်း IS က လက်ခံတယ်လို့တောင် ကတိပေးသွားခဲ့ပါတယ်။
ဗလီကို ကြီးကြပ်တဲ့ လူကို အေဘီစီက မေးမြန်းရာမှာတော့ အဲဒီလူတွေ ဘာတွေ ဆေးနွေးကြမလဲ ဆိုတာကို မသိရတဲ့အကြောင်း ဗလီကို သုံးမယ်ဆိုပြီး အချိန်နီးကပ်မှ အသိပေးလာလေ့ရှိတယ်လို့ ပြောပြခဲ့ပါတယ်။
IS အဖွဲ့အတွက် လူစုဆောင်းပေးရာမှာ ပါဝင်ခဲ့ဖူးတဲ့ လူကတော့ သူ့ကို အာဏာပိုင်တွေက ဒီလို လူစုဆောင်းမှုတွေ မဖြစ်အောင် ဆောင်ရွက်ပေးဖို့ ပြောဆိုပေမယ့် IS ကို ထောက်ခံတဲ့ ဦးရေဟာ တဖြေးဖြေး ပိုကြီးထွားလာနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
By Indonesia correspondent Samantha Hawley, Ake Prihantari and Ari Wu
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment