ABC Radio Australia
...........
အီရတ်နိုင်ငံအတွင်းက IS အဖွဲ့ဝင်များ (Credit: AFP)
ဆီးရီးယားနိုင်ငံ Homs နဲ့ Danascus မြို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၁၉ ဦးသေဆုံးခဲ့ရပြီး ဒီလို ဖြစ်ပေါ်အောင် သူတို့က ကြိုးကိုင်လှုပ်ရှားခဲ့တယ်လို့ IS အစ္စလာမ်မစ် အဖွဲ့က ပြောပါတယ်။
Homs မြို့ မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှု နှစ်ခုကြောင့် အနည်းဆုံး လူ ၅၆ ယောက်သေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
တခါ မြို့တော် Damascus မြို့မှာလည်း အသေခံ ဗုံးဖောက်ခွဲမှု သုံးခု ဖြစ်ပွားခဲ့လို့ လူ ၆၂ ဦး ထပ်မံ သေဆုံးခဲ့ရပါတယ်။
မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဖောက်ခွဲရေး ပစ္စည်း တင်ဆောင်လာတဲ့ ကားကို ဗုံးဖောက်ခွဲပြီးတဲ့နောက် သူတို့ကို သူတို့ အသေခံ ဗုံးဖောက်ခွဲလိုက်ကြတာလို့ ဆိုပါတယ်။
ဆီးရီးယား အစိုးရက IS အဖွဲ့ကို တိုက်ခိုက်မှု တိုးမြင့်ပြီးတဲ့နောက် IS က အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment