လူကုန္ကူးမႈ တားဆီးဖို႔ NATO စစ္သေဘၤာ ေစလႊတ္


လူကုန္ကူးသူေတြကို တားဆီးေနတဲ့ တူရကီနဲ႔ ဂရိႏိုင္ငံေတြကို ကူညီဖို႔ ေျမာက္ အတၱလႏၱိတ္ စစ္စာခ်ဳပ္အဖြဲ႔ NATO က စစ္သေဘၤာေတြ Aegean ပင္လယ္ျပင္ကို ဦးတည္ သြားေနပါၿပီ။ ဒါဟာ ေရႊ႕ေျပာင္းဒုကၡသည္ အမ်ားအျပား လာေရာက္မႈကို ရင္ဆိုင္ေနရတဲ့ ဥေရာပႏိုင္ငံေတြနဲ႔ မဟာမိတ္အျဖစ္ ကူညီဖုိ႔ ႀကိဳးစားခ်က္ တရပ္ျဖစ္ ပါတယ္။

တူရကီနဲ႔ ဂရိကမ္းေျခေစာင့္တပ္ေတြကို ခ်က္ခ်င္း ကူညီဖုိ႔ ဂ်ာမနီတပ္မွဴးေတြရဲ့ စစ္သေဘၤာ ၃ စင္း ခ်ထားလိုက္ေၾကာင္းနဲ႔ အခု ေလာေလာဆယ္ မွာေတာ့ ေရႊ႕ေျပာင္း ဒုကၡသည္ေတြ တင္လာတဲ့ သေဘၤာေတြကို ဝင္ဖမ္းဖို႔ ဒီသေဘၤာေတြ ကို အမိန္႔ေတာ့ မေပးေသးဘူးလုိ႔ ေနတိုး အတြင္းေရးမွဴး ခ်ဳပ္ Jens Stoltenberg က ၾကာသပေတးေန႔မွာ ေျပာပါတယ္။

အခုလို သေဘၤာေတြ ေစလႊတ္ဖို႔ Brussels က ဌာနခ်ဳပ္မွာ ေနတိုး ကာကြယ္ေရး ဝန္ႀကီးေတြရဲ့ ၂ ရက္ၾကာ အစည္းအေဝးအၿပီး ဆံုးျဖတ္ခ်က္ ခ်ခဲ့တာ ျဖစ္ၿပီး ဒါဟာ ဂ်ာမဏီ၊ တူရကီနဲ႔ ဂရိႏိုင္ငံေတြရဲ့ ပန္ၾကားခ်က္ကို တုန္႔ျပန္ေဆာင္ရြက္ တာ ျဖစ္ ပါတယ္။ ဒီႏွစ္ထဲမွာ ဥေရာပကို ႏိုင္ငံေရး ခိုလႈံဖို႔ လာေရာက္တဲ့ ဒုကၡသည္ေပါင္းက ၄ သန္းေလာက္ ရွိလာတာမို႔ အေရးေပၚကိုင္တြယ္မွ ျဖစ္မယ္လို႔ အေနာက္ႏုိင္ငံ အစိုးရေတြခံယူလာ တဲ့အတြက္ အခုလိုို NATO အဖြဲ႔က လုပ္ေဆာင္တာျဖစ္ပါတယ္။

ဆီးရီးယားစစ္ပြဲေၾကာင့္ ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြ သြားေရာက္ဖုိ႔ လုပ္ေနတဲ့ ထိပ္ဆံုး ႏိုင္ငံဟာ ဂ်ာမနီျဖစ္ၿပီး ေနာက္ ေနတိုးအဖြဲ႔ဝင္ တႏိုင္ငံျဖစ္တဲ့ တူရကီမွာ လည္း လက္ခံထားရတဲ့ ဒုကၡသည္က ၃ သန္းနီးပါး ျဖစ္လာတာမို႔ ဝန္ပိလာေနတာပါ။

ဒုကၡသည္ေတြ အဆက္မျပတ္ တိုးဝင္လာေနတာကို အကူညီေပးဖုိ႔ တူရကီက ပန္ၾကားခဲ့တာ ၾကာေနၿပီျဖစ္ၿပီး ဒီကိစၥေၾကာင့္ပဲ တျခား မဟာမိတ္ ႏိုင္ငံေတြနဲ႔ တူရကီတုိ႔ၾကား တင္းမာမႈ ေတြ မၾကာမၾကာ ျဖစ္ပြါးေနခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

......................................................


လူကုန်ကူးသူတွေကို တားဆီးနေတဲ့ တူရကီနဲ့ ဂရိနိုင်ငံတွေကို ကူညီဖို့ မြောက် အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ NATO က စစ်သင်္ဘောတွေ Aegean ပင်လယ်ပြင်ကို ဦးတည် သွားနေပါပြီ။ ဒါဟာ ရွှေ့ပြောင်းဒုက္ခသည် အများအပြား လာရောက်မှုကို ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေနဲ့ မဟာမိတ်အဖြစ် ကူညီဖို့ ကြိုးစားချက် တရပ်ဖြစ် ပါတယ်။

တူရကီနဲ့ ဂရိကမ်းခြေစောင့်တပ်တွေကို ချက်ချင်း ကူညီဖို့ ဂျာမနီတပ်မှူးတွေရဲ့ စစ်သင်္ဘော ၃ စင်း ချထားလိုက်ကြောင်းနဲ့ အခု လောလောဆယ် မှာတော့ ရွှေ့ပြောင်း ဒုက္ခသည်တွေ တင်လာတဲ့ သင်္ဘောတွေကို ဝင်ဖမ်းဖို့ ဒီသင်္ဘောတွေ ကို အမိန့်တော့ မပေးသေးဘူးလို့ နေတိုး အတွင်းရေးမှူး ချုပ် Jens Stoltenberg က ကြာသပတေးနေ့မှာ ပြောပါတယ်။

အခုလို သင်္ဘောတွေ စေလွှတ်ဖို့ Brussels က ဌာနချုပ်မှာ နေတိုး ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေးအပြီး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပြီး ဒါဟာ ဂျာမဏီ၊ တူရကီနဲ့ ဂရိနိုင်ငံတွေရဲ့ ပန်ကြားချက်ကို တုန့်ပြန်ဆောင်ရွက် တာ ဖြစ် ပါတယ်။ ဒီနှစ်ထဲမှာ ဥရောပကို နိုင်ငံရေး ခိုလှုံဖို့ လာရောက်တဲ့ ဒုက္ခသည်ပေါင်းက ၄ သန်းလောက် ရှိလာတာမို့ အရေးပေါ်ကိုင်တွယ်မှ ဖြစ်မယ်လို့ အနောက်နိုင်ငံ အစိုးရတွေခံယူလာ တဲ့အတွက် အခုလိိုု NATO အဖွဲ့က လုပ်ဆောင်တာဖြစ်ပါတယ်။

ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ သွားရောက်ဖို့ လုပ်နေတဲ့ ထိပ်ဆုံး နိုင်ငံဟာ ဂျာမနီဖြစ်ပြီး နောက် နေတိုးအဖွဲ့ဝင် တနိုင်ငံဖြစ်တဲ့ တူရကီမှာ လည်း လက်ခံထားရတဲ့ ဒုက္ခသည်က ၃ သန်းနီးပါး ဖြစ်လာတာမို့ ဝန်ပိလာနေတာပါ။

ဒုက္ခသည်တွေ အဆက်မပြတ် တိုးဝင်လာနေတာကို အကူညီပေးဖို့ တူရကီက ပန်ကြားခဲ့တာ ကြာနေပြီဖြစ်ပြီး ဒီကိစ္စကြောင့်ပဲ တခြား မဟာမိတ် နိုင်ငံတွေနဲ့ တူရကီတို့ကြား တင်းမာမှု တွေ မကြာမကြာ ဖြစ်ပွါးနေခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment