အယ္လ္နီညိဳေၾကာင့္ ငါးေတြေသ


ပစိဖိတ္ေဒသ ​တလႊားမွာ ​ေသာင္းနဲ႔ခ်ီတဲ့ ​ငါးေတြ ​ေသဆုံးေနပါတယ္။

အယ္လ္နီညိဳ ​ရာသီဥတု ​ျဖစ္စဥ္ေၾကာင့္ ​အပူလြန္ၿပီး ​ငါးေတြ ​ေသဆုံးရတာလို႔ ​ပညာရွင္ေတြက ​ေျပာပါတယ္။

ဖီဂ်ီႏိုင္ငံအျပင္ ​အိမ္နီးနားက ​ပစိဖိတ္ ​ႏိုင္ငံေတြရဲ့ ​ကမ္းေျခတေလွ်ာက္မွာ ​ငါးေတြ ​ေသဆုံးေနတာကို ​ေတြ႔ရတာ ​ျဖစ္ပါတယ္။

ငါးေတြသာမက ​ေရတိမ္ပိုင္းမွာ ​ရွိတဲ့ ​သႏၱာေက်ာက္တန္းေတြဟာလည္း ​အပူရွိန္ေၾကာင့္ ​အေရာင္ေျပာင္းေနၾကတယ္လို႔ ​ပညာရွင္ေတြက ​ေျပာပါတယ္။

အယ္လ္နီညိဳ ​ရာသီဥတု ​ျဖစ္စဥ္ေၾကာင့္ ​အာဖရိကမွာ ​မိုးေခါင္ေရရွားမႈေတြ၊ ​ပစိဖိတ္ေဒသနဲ႔ ​အာရွတိုက္မွာ ​ျဖစ္ပြားခဲ့သလို ​ျမန္မာႏိုင္ငံမွာလည္း ​ေႏြရာသီအတြင္း ​ျဖစ္ေပၚႏိုင္တယ္ဆိုၿပီး ​သတိေပးခ်က္ေတြ ​ရွိေနပါတယ္။

မိုးေလဝသနဲ႔ ​ဇလ ​ေဗဒ ​ပညာရွင္ ​ေဒါက္တာ ​ထြန္းလြင္ကေတာ့ ​၂၀၁၅-၂၀၁၆ ​ခုႏွစ္ ​အယ္လ္နီညိဳဟာ ​ႏွစ္ေပါင္း ​၁၀၀ ​အတြင္း ​အားအျပင္းဆံုး ​အယ္လ္နီညိဳ ​ျဖစ္တယ္လို႔ ​ေရးသားထားပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese

....................................


ပစိဖိတ်ဒေသ ​တလွှားမှာ ​သောင်းနဲ့ချီတဲ့ ​ငါးတွေ ​သေဆုံးနေပါတယ်။

အယ်လ်နီညို ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​အပူလွန်ပြီး ​ငါးတွေ ​သေဆုံးရတာလို့ ​ပညာရှင်တွေက ​ပြောပါတယ်။

ဖီဂျီနိုင်ငံအပြင် ​အိမ်နီးနားက ​ပစိဖိတ် ​နိုင်ငံတွေရဲ့ ​ကမ်းခြေတလျှောက်မှာ ​ငါးတွေ ​သေဆုံးနေတာကို ​တွေ့ရတာ ​ဖြစ်ပါတယ်။

ငါးတွေသာမက ​ရေတိမ်ပိုင်းမှာ ​ရှိတဲ့ ​သန္တာကျောက်တန်းတွေဟာလည်း ​အပူရှိန်ကြောင့် ​အရောင်ပြောင်းနေကြတယ်လို့ ​ပညာရှင်တွေက ​ပြောပါတယ်။

အယ်လ်နီညို ​ရာသီဥတု ​ဖြစ်စဉ်ကြောင့် ​အာဖရိကမှာ ​မိုးခေါင်ရေရှားမှုတွေ၊ ​ပစိဖိတ်ဒေသနဲ့ ​အာရှတိုက်မှာ ​ဖြစ်ပွားခဲ့သလို ​မြန်မာနိုင်ငံမှာလည်း ​နွေရာသီအတွင်း ​ဖြစ်ပေါ်နိုင်တယ်ဆိုပြီး ​သတိပေးချက်တွေ ​ရှိနေပါတယ်။

မိုးလေဝသနဲ့ ​ဇလ ​ဗေဒ ​ပညာရှင် ​ဒေါက်တာ ​ထွန်းလွင်ကတော့ ​၂၀၁၅-၂၀၁၆ ​ခုနှစ် ​အယ်လ်နီညိုဟာ ​နှစ်ပေါင်း ​၁၀၀ ​အတွင်း ​အားအပြင်းဆုံး ​အယ်လ်နီညို ​ဖြစ်တယ်လို့ ​ရေးသားထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment