တာ၀န္ ပထမဆုံး စတင္ထမ္းေဆာင္ေန႔တြင္ ပစ္သတ္ခံရသည့္ အေမရိကန္ရဲေမ
အေမရိကန္ျပည္ေထာင္စု ဗာဂ်ီးနီးယားျပည္နယ္မွာ တာ၀န္ပထမဆံုး စထမ္းေဆာင္တဲ့ေန႔မွာပဲ ေသနတ္ပစ္ခတ္ခံရၿပီး ရဲေမတဦး ေဖေဖာ္၀ါရီ ၂၇ ရက္ေန႔က ေသဆံုးသြားပါတယ္။
ဗာဂ်ီးနီးယားျပည္နယ္၊ ၀ုဒ္ဘရစ္ခ်္ (Woodbridge) ၿမိဳ႕မွာ အိမ္တြင္းအၾကမ္းဖက္မႈ တခုကို သြားေရာက္ေျဖရွင္းရင္း ရဲေမ အက္ရွ္ေလ ဂြမ္ဒန္ (Ashley Guindon) နဲ႔ တျခားရဲအရာရွိ ၂ ဦးတို႔ ပစ္ခတ္ခံရတာပါ။
ရဲတပ္ဖဲြ႔၀င္ေတြကို ပစ္ခတ္ခဲ့သူဟာ အေမရိကန္ စစ္မႈထမ္းတဦးျဖစ္ၿပီး ရဲတပ္ဖြဲ႔က သူ႔ဆီ ခ်ဥ္းကပ္သြားခ်ိန္မွာ သူ႔ရဲ႕အမ်ဳိးသမီးကို သတ္ျဖတ္ထားၿပီး ျဖစ္ပါတယ္။
ရဲေမ အက္ရွ္ေလ ဂြမ္ဒန္ကေတာ့ ရရွိတဲ့ ဒဏ္ရာနဲ႔ ေသဆံုးခဲ့ၿပီး တျခားရဲအရာရွိ ၂ ဦးကိုေတာ့ ေဆး႐ုံတင္ ကုသထားပါတယ္။
ပစ္ခတ္မႈျဖစ္ခဲ့တဲ့အခ်ိန္ ေနအိမ္မွာ ကေလးငယ္တဦးရွိၿပီး ပစ္ခတ္ခဲ့တဲ့ အေမရိကန္ စစ္မႈထမ္းကိုလည္း ဖမ္းဆီးထားတယ္လို႔ ပရင့္စ္၀ီလီယံ (Prince William) ၿမိဳ႕နယ္ ရဲတပ္ဖဲြ႔က ေျပာပါတယ္။
ေဖေဖာ္၀ါရီ ၂၆ ရက္ေန႔က ရဲေမ အက္ရွ္ေလ ဂြမ္ဒန္ က်မ္းသစၥာက်ိန္ဆိုပဲြ အခမ္းအနား က်င္းပခဲ့ၿပီး အခမ္းအနားအၿပီး ႐ုိက္ကူးခ့ဲတဲ့ ဓာတ္ပံုကိုလည္း ေဒသခံရဲတပ္ဖဲြ႔ တြစ္တာ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္ခင္ဗ်ာ။
ဒီဗြီဘီ
http://burmese.dvb.no/archives/137423
............................................................................................
တာဝန် ပထမဆုံး စတင်ထမ်းဆောင်နေ့တွင် ပစ်သတ်ခံရသည့် အမေရိကန်ရဲမေ
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ တာဝန်ပထမဆုံး စထမ်းဆောင်တဲ့နေ့မှာပဲ သေနတ်ပစ်ခတ်ခံရပြီး ရဲမေတဦး ဖေဖော်ဝါရီ ၂၇ ရက်နေ့က သေဆုံးသွားပါတယ်။
ဗာဂျီးနီးယားပြည်နယ်၊ ၀ုဒ်ဘရစ်ချ် (Woodbridge) မြို့မှာ အိမ်တွင်းအကြမ်းဖက်မှု တခုကို သွားရောက်ဖြေရှင်းရင်း ရဲမေ အက်ရှ်လေ ဂွမ်ဒန် (Ashley Guindon) နဲ့ တခြားရဲအရာရှိ ၂ ဦးတို့ ပစ်ခတ်ခံရတာပါ။
ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့သူဟာ အမေရိကန် စစ်မှုထမ်းတဦးဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့ဆီ ချဉ်းကပ်သွားချိန်မှာ သူ့ရဲ့အမျိုးသမီးကို သတ်ဖြတ်ထားပြီး ဖြစ်ပါတယ်။
ရဲမေ အက်ရှ်လေ ဂွမ်ဒန်ကတော့ ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး တခြားရဲအရာရှိ ၂ ဦးကိုတော့ ဆေးရုံတင် ကုသထားပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့အချိန် နေအိမ်မှာ ကလေးငယ်တဦးရှိပြီး ပစ်ခတ်ခဲ့တဲ့ အမေရိကန် စစ်မှုထမ်းကိုလည်း ဖမ်းဆီးထားတယ်လို့ ပရင့်စ်ဝီလီယံ (Prince William) မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရဲမေ အက်ရှ်လေ ဂွမ်ဒန် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပခဲ့ပြီး အခမ်းအနားအပြီး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံကိုလည်း ဒေသခံရဲတပ်ဖွဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်ခင်ဗျာ။
ဒီဗွီဘီ
http://burmese.dvb.no/archives/137423
0 comments:
Post a Comment