အိုဆာမာ ဘင္လာဒင္ ေရးသားထားတယ္ ဆိုတဲ့ ေသတမ္းစာ (Credit: ABC licensed) |
လက္ေရးနဲ႔ ေရးထားတဲ့ ေသတမ္းစာအရ အိုဆာမာ ဘင္လာဒင္ ပိုင္ဆိုင္တဲ့ ၾသစေၾတးလ် ေဒၚလာ သန္း ၄၀ ဟာ ဆူဒန္ႏိုင္ငံမွာ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။
အဲဒီ ေသတမ္းစာကို အိုဆာမာ ဘင္လာဒင္က ၁၉၉၀ ျပည့္ႏွစ္ ဝန္းက်င္မွာ ေရးထားခဲ့တာ ျဖစ္ၿပီး ပါကစၥတန္မွာ ပုံးေရွာင္ေနတုန္း အေမရိကန္ ေရတပ္ေတြက သူ႔ရဲ့ ေနအိမ္ကို ဝင္စီးတုန္း ရရွိထားတာ ျဖစ္ပါတယ္။
အေမရိကန္ ေရတပ္သားေတြက အိုဆာမာ ဘင္လာဒင္ ေနအိမ္ကို ၂၀၁၁ ခုႏွစ္တုန္းက ဝင္စီးၿပီး အဲဒီမွာပဲ အိုဆာမာ ဘင္လာဒင္ကို ပစ္သတ္ခဲ့ၾကတာ ျဖစ္ပါတယ္။
ရရွိထားတဲ့ စာရြက္စာတမ္းေတြကို အေမရိကန္က အခုမွ ထုတ္ေဖာ္ျပသလာတာ ျဖစ္ပါတယ္။
အေမရိကန္က ရရွိထားတဲ့ စာရြက္စာတမ္းထဲမွာ အိုဆာမာ ဘင္လာဒင္ရဲ့ ေသတမ္းစာအျပင္ မ်ားျပားလွတဲ့ ေငြေတြကို သူ႔ရဲ့ ညီအစ္ကိုေတြက ေပးတာလို႔လည္း ေရးသားထားပါတယ္။
သူ႔ရဲ့ ေသတမ္းစာကို သူ႔ရဲ့ ေမာင္ႏွမေတြ၊ အေဒၚေတြက လိုက္နာၿပီး အာလ္လာ အရွင္ျမတ္အတြက္ လွဳပ္ရွားမယ့္ ဂ်ီဟတ္လုပ္ငန္းေတြမွာ အသုံးျပဳၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေရးသားထားပါတယ္။
တျခား စာရြက္ စာတမ္းေတြမွာေတာ့ အေမရိကန္ အမႊာတိုက္ ႏွစ္လုံး တိုက္ခိုက္ခံရတဲ့ ၂၀၀၁ ခုႏွစ္ အၾကမ္းဖက္မႈရဲ့ ၁၀ ႏွစ္ျပည့္တဲ့ေန႔မွာ တကမာၻလုံးမွာ မီဒီယာကေနတဆင့္ ကမ္ပိန္းေတြ လုပ္ဖို႔လည္း စီစဥ္ထားခဲ့တယ္လို႔ ဆိုပါတယ္။
၂၀၀၈ ခုႏွစ္ ၾသဂုတ္လတုန္းက သူ႔ရဲ့ ဖခင္ကို ေရးတဲ့ စာထဲမွာ အိုဆာမာ ဘင္လာဒင္က သူလုပ္ႀကံ ခံရမွာကို စိုးရိမ္ေနရတယ္လို႔ ေရးသားထားပါတယ္။
သူလုပ္ၾကံခံရမယ္ဆိုရင္လည္း သူ႔အတြက္ အမ်ားႀကီး ဆုေတာင္းေပးၿပီး သူ႔အတြက္ ရည္စူးၿပီး အလ်ဴေတြ လုပ္ေပးဖို႔ စာထဲမွာ ပါရွိပါတယ္။
အေဖ့အေပၚ မွားခဲ့တာေတြ ရွိရင္လည္း ခြင့္လြတ္ဖို႔ ေရးသားထားပါတယ္။
သူ႔ဇနီးဆီကို ေရးထားတဲ့ စာမွာေတာ့ အိုဆာမာ ဘင္လာဒင္ဟာ စိုးရိမ္မႈေတြနဲ႔ ေနရတဲ့ လူဆိုတာကို ပိုသိသာေစပါတယ္။
သြားဆရာဝန္နဲ႔ သြားေတြ႔ခဲ့ရတဲ့ သူ႔ဇနီးကို ေရးသားထားတဲ့ စာထဲမွာ အိုဆာမာ ဘင္လာဒင္က သြားဆရာဝန္က သြားထဲမွာ စုံစမ္း ေထာက္လွမ္းလို႔ရေစမယ့္ အရာဝတၱဳ တခုခုကို ထည့္မထည့္ ဆိုတာကို စိတ္ခ်ရလို႔လားလို႔ ေမးထားပါတယ္။
သံသယ ရွိေနတဲ့ အီရန္ႏိုင္ငံက ေဆးရုံေတြ ရွိမယ္ဆိုရင္ အသိေပးဖို႔ ၿပီးေတာ့ သူ႔ညီအစ္ကိုေတြမွာ ေထာက္လွမ္းေရး ပစၥည္းတခုခု တပ္ဆင္ခံရၿပီလို႔ သံသယရွိတာနဲ႔ အသိေပးဖို႔ ေရးသားထားပါတယ္။
ေထာက္လွမ္းေရး ပစၥည္းေတြရဲ့ အရြယ္အစားဟာ ဂ်ဳံေစ့ တစ္ေစ့ေလာက္ရဲ့ အရြယ္သာရွိၿပီး တခ်ဳိ႕ဆိုရင္ ၾကာဇံေခါက္ဆြဲရဲ့ အစိတ္အပိုင္းေလာက္ပဲ ရွိတယ္လို႔လည္း ဇနီးသည္ကို ရွင္းျပထားပါတယ္။
ေမလတုန္းက ထုတ္ေဖာ္တဲ့ စာရြက္စာတမ္းမွာေတာ့ ေမာင္းသူမဲ့ ယာဥ္ေတြနဲ႔ တိုက္ခိုက္ခံရမွာကို အိုဆာမာ ဘင္လာဒင္က စိုးရိမ္ခဲ့သလို လူသစ္ေတြကို စုေဆာင္းဖို႔ ၾကံစည္ေနတဲ့ အေၾကာင္းေတြ ပါဝင္ခဲ့ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
.........................................
အိုဆာမာ ဘင်လာဒင် ရေးသားထားတယ် ဆိုတဲ့ သေတမ်းစာ (Credit: ABC licensed)
Al Qaeda အဖွဲ့ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ဟာ သူမသေခင်မှာ အမေရိကန်ဒေါ်လာ ၂၉ သန်း ဒါမှမဟုတ် သြစတြေးလျ ဒေါ်လာ သန်း ၄၀ ကို ဂျီဟတ် အလုပ်တွေ လုပ်ဖို့အတွက် သေတမ်းစာမှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။
လက်ရေးနဲ့ ရေးထားတဲ့ သေတမ်းစာအရ အိုဆာမာ ဘင်လာဒင် ပိုင်ဆိုင်တဲ့ သြစတြေးလျ ဒေါ်လာ သန်း ၄၀ ဟာ ဆူဒန်နိုင်ငံမှာ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ သေတမ်းစာကို အိုဆာမာ ဘင်လာဒင်က ၁၉၉၀ ပြည့်နှစ် ဝန်းကျင်မှာ ရေးထားခဲ့တာ ဖြစ်ပြီး ပါကစ္စတန်မှာ ပုံးရှောင်နေတုန်း အမေရိကန် ရေတပ်တွေက သူ့ရဲ့ နေအိမ်ကို ဝင်စီးတုန်း ရရှိထားတာ ဖြစ်ပါတယ်။
အမေရိကန် ရေတပ်သားတွေက အိုဆာမာ ဘင်လာဒင် နေအိမ်ကို ၂၀၁၁ ခုနှစ်တုန်းက ဝင်စီးပြီး အဲဒီမှာပဲ အိုဆာမာ ဘင်လာဒင်ကို ပစ်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ရရှိထားတဲ့ စာရွက်စာတမ်းတွေကို အမေရိကန်က အခုမှ ထုတ်ဖော်ပြသလာတာ ဖြစ်ပါတယ်။
အမေရိကန်က ရရှိထားတဲ့ စာရွက်စာတမ်းထဲမှာ အိုဆာမာ ဘင်လာဒင်ရဲ့ သေတမ်းစာအပြင် များပြားလှတဲ့ ငွေတွေကို သူ့ရဲ့ ညီအစ်ကိုတွေက ပေးတာလို့လည်း ရေးသားထားပါတယ်။
သူ့ရဲ့ သေတမ်းစာကို သူ့ရဲ့ မောင်နှမတွေ၊ အဒေါ်တွေက လိုက်နာပြီး အာလ်လာ အရှင်မြတ်အတွက် လှုပ်ရှားမယ့် ဂျီဟတ်လုပ်ငန်းတွေမှာ အသုံးပြုကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရေးသားထားပါတယ်။
တခြား စာရွက် စာတမ်းတွေမှာတော့ အမေရိကန် အမွှာတိုက် နှစ်လုံး တိုက်ခိုက်ခံရတဲ့ ၂၀၀၁ ခုနှစ် အကြမ်းဖက်မှုရဲ့ ၁၀ နှစ်ပြည့်တဲ့နေ့မှာ တကမ္ဘာလုံးမှာ မီဒီယာကနေတဆင့် ကမ်ပိန်းတွေ လုပ်ဖို့လည်း စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၀၈ ခုနှစ် သြဂုတ်လတုန်းက သူ့ရဲ့ ဖခင်ကို ရေးတဲ့ စာထဲမှာ အိုဆာမာ ဘင်လာဒင်က သူလုပ်ကြံ ခံရမှာကို စိုးရိမ်နေရတယ်လို့ ရေးသားထားပါတယ်။
သူလုပ်ကြံခံရမယ်ဆိုရင်လည်း သူ့အတွက် အများကြီး ဆုတောင်းပေးပြီး သူ့အတွက် ရည်စူးပြီး အလျူတွေ လုပ်ပေးဖို့ စာထဲမှာ ပါရှိပါတယ်။
အဖေ့အပေါ် မှားခဲ့တာတွေ ရှိရင်လည်း ခွင့်လွတ်ဖို့ ရေးသားထားပါတယ်။
သူ့ဇနီးဆီကို ရေးထားတဲ့ စာမှာတော့ အိုဆာမာ ဘင်လာဒင်ဟာ စိုးရိမ်မှုတွေနဲ့ နေရတဲ့ လူဆိုတာကို ပိုသိသာစေပါတယ်။
သွားဆရာဝန်နဲ့ သွားတွေ့ခဲ့ရတဲ့ သူ့ဇနီးကို ရေးသားထားတဲ့ စာထဲမှာ အိုဆာမာ ဘင်လာဒင်က သွားဆရာဝန်က သွားထဲမှာ စုံစမ်း ထောက်လှမ်းလို့ရစေမယ့် အရာဝတ္တု တခုခုကို ထည့်မထည့် ဆိုတာကို စိတ်ချရလို့လားလို့ မေးထားပါတယ်။
သံသယ ရှိနေတဲ့ အီရန်နိုင်ငံက ဆေးရုံတွေ ရှိမယ်ဆိုရင် အသိပေးဖို့ ပြီးတော့ သူ့ညီအစ်ကိုတွေမှာ ထောက်လှမ်းရေး ပစ္စည်းတခုခု တပ်ဆင်ခံရပြီလို့ သံသယရှိတာနဲ့ အသိပေးဖို့ ရေးသားထားပါတယ်။
ထောက်လှမ်းရေး ပစ္စည်းတွေရဲ့ အရွယ်အစားဟာ ဂျုံစေ့ တစ်စေ့လောက်ရဲ့ အရွယ်သာရှိပြီး တချို့ဆိုရင် ကြာဇံခေါက်ဆွဲရဲ့ အစိတ်အပိုင်းလောက်ပဲ ရှိတယ်လို့လည်း ဇနီးသည်ကို ရှင်းပြထားပါတယ်။
မေလတုန်းက ထုတ်ဖော်တဲ့ စာရွက်စာတမ်းမှာတော့ မောင်းသူမဲ့ ယာဉ်တွေနဲ့ တိုက်ခိုက်ခံရမှာကို အိုဆာမာ ဘင်လာဒင်က စိုးရိမ်ခဲ့သလို လူသစ်တွေကို စုဆောင်းဖို့ ကြံစည်နေတဲ့ အကြောင်းတွေ ပါဝင်ခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment