ေတာင္တ႐ုတ္ပင္လယ္မွာ ကန္ေရတပ္ အင္အားျပ
အေမရိကန္ျပည္ေထာင္စုဟာ တ႐ုတ္ႏုိင္ငံအေပၚ တပ္အင္အားျပသတဲ့အေနနဲ႔ ပုိင္ဆုိင္မႈ အျငင္းပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း ေလယာဥ္တင္သေဘၤာနဲ႔ တျခား အေစာင့္ေရယာဥ္ အမ်ားအျပား ေစလႊတ္ထားပါတယ္။
အေမရိကန္ေလယာဥ္တင္သေဘၤာ John C. Stennis နဲ႔ တျခား ဖ်က္သေဘၤာ ၂ စင္းအျပင္ တျခား တုိက္ေရယာဥ္တခ်ဳိ႕ဟာ အျငင္းပြားေနတဲ့ ေရပုိင္နက္ထဲကုိ အခုသီတင္းပတ္ အေစာပုိင္းက ေရာက္ရွိသြားခဲ့တာပါ။ တျခား အေမရိကန္အလံတင္ သေဘၤာတစင္းလည္း အဲဒီေဒသမွာ ရွိေနတယ္လုိ႔ ဆုိပါတယ္။
ေတာင္တ႐ုတ္ပင္လယ္ျပင္ ေဒသအားလုံးနီးပါးကုိ တရုတ္တုိ႔က ပုိင္ဆုိင္ေၾကာင္း ေျပာဆုိေနတာပါ။ တရုတ္ႏုိင္ငံဟာ ေဒသတြင္းက တျခား ၆ ႏုိင္ငံနဲ႔ ပုိင္ဆုိင္မႈ အျငင္းပြားေနတဲ့ ေဒသေတြမွာ စစ္ေရးတည္ေဆာက္မႈေတြ လုပ္ေဆာင္ေနတယ္လုိ႔ အေမရိကန္က စြပ္စြဲ ေျပာဆုိေနတာပါ။
အဲဒီ စြပ္စြဲခ်က္ကုိ တရုတ္ဘက္က ျငင္းဆုိထားၿပီး အေျခအေနေတြ တင္းမာလာေအာင္ အေမရိကန္ျပည္ေထာင္စုက လုပ္ေဆာင္ေနတယ္လုိ႔ ေျပာပါတယ္။
တ႐ုတ္ႏုိင္ငံဟာ သူ႔ရဲ႕ ပုိင္ဆုိင္ေၾကာင္း ေျပာဆုိမႈေတြ ခုိင္မာေစေအာင္ အဲဒီေဒသမွာ ကၽြန္းအတုေတြ တည္ေဆာက္ေနပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............
အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံအပေါ် တပ်အင်အားပြသတဲ့အနေနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လေယာဉ်တင်သင်္ဘောနဲ့ တခြား အစောင့်ရေယာဉ် အများအပြား စေလွှတ်ထားပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော John C. Stennis နဲ့ တခြား ဖျက်သင်္ဘော ၂ စင်းအပြင် တခြား တိုက်ရေယာဉ်တချို့ဟာ အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲကို အခုသီတင်းပတ် အစောပိုင်းက ရောက်ရှိသွားခဲ့တာပါ။ တခြား အမေရိကန်အလံတင် သင်္ဘောတစင်းလည်း အဲဒီဒေသမှာ ရှိနေတယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်ပြင် ဒေသအားလုံးနီးပါးကို တရုတ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာပါ။ တရုတ်နိုင်ငံဟာ ဒေသတွင်းက တခြား ၆ နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသတွေမှာ စစ်ရေးတည်ဆောက်မှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်က စွပ်စွဲ ပြောဆိုနေတာပါ။
အဲဒီ စွပ်စွဲချက်ကို တရုတ်ဘက်က ငြင်းဆိုထားပြီး အခြေအနေတွေ တင်းမာလာအောင် အမေရိကန်ပြည်ထောင်စုက လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ခိုင်မာစေအောင် အဲဒီဒေသမှာ ကျွန်းအတုတွေ တည်ဆောက်နေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment