ကန္-ကုိးရီးယား စစ္ေရးေလ့က်င့္မႈ ၿပံဳယမ္း လက္ဦးေအာင္တုံ႔ျပန္ဖုိ႔ ၿခိမ္းေျခာက္

အေမရိကန္ႏွင့္ ေတာင္ကုိရီးယားတပ္ဖြဲ႔ေတြ မတ္လ ၇ ရက္ေန႔က စစ္ေရးေလ့က်င့္ေနစဥ္။
အေမရိကန္နဲ႔ ေတာင္ကိုရီးယားတပ္ဖြဲ႔ဝင္ေတြက အႀကီးဆံုး ပူးတဲြ စစ္ေရးေလ့က်င့္မႈေတြကို စတင္က်င္းပခ်ိန္မွာ ေျမာက္ကိုရီယားဘက္က လက္ဦးမႈ ရယူၿပီး ႏ်ဴကလီယားလက္နက္နဲ႔ တိုက္ခိုက္မယ္လို႔ ၿခိမ္းေျခာက္ လိုက္ပါတယ္။

ႏွစ္ျခမ္းကြဲေနတဲ့ ကိုရီးယားကၽြန္းဆြယ္မွာ တင္းမာမႈ တိုးေနခ်ိန္ အခုလို စစ္ေရးေလ့က်င့္မႈေတြကို က်င္းပေလ့ရွိေပမယ့္ ဒီႏွစ္မွာေတာ့ အေျခအေနဟာ အထူးသျဖင့္ တင္းမာေနပါတယ္။ ေျမာက္ကိုရီးယားက မၾကာေသးခင္က ႏ်ဴကလီးယားလက္နက္စမ္းသပ္မႈနဲ႔ တာေဝးပစ္ ဒံုးက်ည္ပစ္လႊတ္ခဲမႈအတြက္ ကုလသမဂၢက ျပင္းထန္တဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ဆက္ႏြယ္မႈရွိေနတဲ့ ကုန္တင္သေဘာၤတစ္စင္းကို ဖမ္းဆီးလိုက္ျခင္း အားျဖင့္ ကုလသမဂၢရဲ႕ ဆံုးျဖတ္ခ်က္အတိုင္း ဖိလစ္ပိုင္ႏုိင္ငံက စတင္အေရးယူ ေဆာင္ရြက္ခဲ့ၿပီးျဖစ္ပါတယ္။

Key Resolve အဓိကျပႆနာေျဖရွင္းႏုိင္ေရးနဲ႔ Foal Eagle - သိန္းငွက္ငယ္ - လို႔ အမည္ေပးထားတဲ့ ဒီႏွစ္ ပူးတဲြစစ္ေရးေလ့က်င့္မႈမွာ အေမရိကန္တပ္သားေပါင္း ၁၇,၀၀၀ ေထာင္ပါဝင္ၿပီး မႏွစ္ကထက္ ၄ ဆ ပိုမ်ားပါတယ္။ ဒါ့အျပင္ ေတာင္ကိုရီးယားစစ္သည္ သုံးသိန္းပါဝင္ကာ အေမရိကန္ ရဟတ္ယာဥ္ေတြအျပင္ ႏ်ဴကလီယားအင္အားသံုး USS North Carolina ေရငုပ္သေဘာၤနဲ႔ ႏ်ဴကလီးယားအင္အားသံုး USS John C. Stennis ေခၚ ေလယာဥ္တင္သေဘၤာတို႔လည္း စစ္ေရးေလ့က်င့္မႈမွာ ပါဝင္ၾကပါတယ္။

ေျမာက္ကိုရီးယား အမ်ဳိးသားကာကြယ္ေရးေကာ္မရွင္က အခုလို ပူးတဲြ စစ္ေရးေလ့က်င့္မႈေတြကို ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး ႏွစ္ႏိုင္ငံ ျပန္လည္ ေပါင္းစည္းေရးအတြက္ တရားေသာစစ္ ဆင္ႏြဲဖို႔ အဆင္သင့္ရွိတယ္လို႔ တနလၤာေန႔က ထုတ္ျပန္လိုက္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................


အမေရိကန်နှင့် တောင်ကိုရီးယားတပ်ဖွဲ့တွေ မတ်လ ရ ရက်နေ့က စစ်ရေးလေ့ကျင့်နေစဉ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို စတင်ကျင်းပချိန်မှာ မြောက်ကိုရီယားဘက်က လက်ဦးမှု ရယူပြီး နျူကလီယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

နှစ်ခြမ်းကွဲနေတဲ့ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှု တိုးနေချိန် အခုလို စစ်ရေးလေ့ကျင့်မှုတွေကို ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ အခြေအနေဟာ အထူးသဖြင့် တင်းမာနေပါတယ်။ မြောက်ကိုရီးယားက မကြာသေးခင်က နျူကလီးယားလက်နက်စမ်းသပ်မှုနဲ့ တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ခဲမှုအတွက် ကုလသမဂ္ဂက ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ဆက်နွယ်မှုရှိနေတဲ့ ကုန်တင်သဘောင်္တစ်စင်းကို ဖမ်းဆီးလိုက်ခြင်း အားဖြင့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖိလစ်ပိုင်နိုင်ငံက စတင်အရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

Key Resolve အဓိကပြဿနာဖြေရှင်းနိုင်ရေးနဲ့ Foal Eagle - သိန်းငှက်ငယ် - လို့ အမည်ပေးထားတဲ့ ဒီနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်တပ်သားပေါင်း ၁၇,၀၀၀ ထောင်ပါဝင်ပြီး မနှစ်ကထက် ၄ ဆ ပိုများပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားစစ်သည် သုံးသိန်းပါဝင်ကာ အမေရိကန် ရဟတ်ယာဉ်တွေအပြင် နျူကလီယားအင်အားသုံး USS North Carolina ရေငုပ်သဘောင်္နဲ့ နျူကလီးယားအင်အားသုံး USS John C. Stennis ခေါ် လေယာဉ်တင်သင်္ဘောတို့လည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြပါတယ်။

မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးကော်မရှင်က အခုလို ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးအတွက် တရားသောစစ် ဆင်နွဲဖို့ အဆင်သင့်ရှိတယ်လို့ တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment