ကန္သမၼတေလာင္း ပဏာမေရြးခ်ယ္ပြဲမ်ား ကလင္တန္နဲ႔ ထရမ့္မ္ အသာရဆဲ


ကန္သမၼတေလာင္း ပဏာမေရြးခ်ယ္ပြဲမ်ား Donald Trump နဲ႔ Hillary Clinton အသာရဆဲ
အေမရိကန္ ျပည္ေထာင္စုက ျပည္နယ္ ငါးခုတို႔မွာ မေန႔ စေနေန႔က ဒီမိုကရက္တစ္နဲ႔ ရီပတ္ဘလီကန္ ပါတီႀကီး ႏွစ္ရပ္ရဲ႕ သမၼေလာင္း ေရြးခ်ယ္ပြဲေတြကို က်င္းပခဲ႔ၾကပါတယ္။ လာမယ့္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ပါတီကိုယ္စားျပဳ သမၼတေလာင္းေတြကို ေရြးခ်ယ္ေနၾကတာ ျဖစ္ပါတယ္။ ျပည္နယ္ ေလးခုမွာ က်င္းပတဲ႔ ရီပတ္ဘလီကန္ ပါတီတြင္း သမၼတေလာင္း ေရြးခ်ယ္ပြဲမွာေတာ့ လက္ရွိအခ်ိန္ထိ ေထာက္ခံမႈ အမ်ားဆံုး ရထားတဲ႔ Donald Trump က လူ၀ီစီယားနားနဲ႔ ကန္တပ္ကီ ျပည္နယ္ ႏွစ္ခုမွာ အႏုိင္ရပါတယ္။ အထက္လႊတ္ေတာ္အမတ္ Ted Cruz ကေတာ့ မိန္းနဲ႔ ကန္းဆက္စ္ ျပည္နယ္ ႏွစ္ခုမွာ အႏုိင္ရရွိထားပါတယ္။ အထက္လႊတ္ေတာ္ အမတ္ Marco Rubio နဲ႔ အိုဟိုင္းယိုးျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး John Kasich တို႔ကေတာ႔ ျပည္နယ္ ေလးခုစလံုး ဘယ္္မွာမွ အႏုိင္ရတာ မရွိဘဲ ေနာက္ကေန လိုက္ေနပါတယ္။

တနဂၤေႏြေန႔ အထိ ရလဒ္ေတြ အရေတာ့ ရီပတ္ဘလီကန္ ပါတီဘက္မွာ Donald Trump က ပါတီညီလာခံ ကိုယ္စားလွယ္ ၃၇၈ ဦးနဲ႔ ေရွ႕ဆံုးက ဦးေဆာင္ေနဆဲ ျဖစ္ၿပီး Ted Cruz က ပါတီ ညီလာခံ ကိုယ္စားလွယ္ ၂၉၅ ဦး ရရွိထားပါတယ္။ မေန႔ စေနေန႔ ေရြးေကာက္ပြဲမွာေတာ့ Ted Cruz က Donald Trump ထက္ ကိုယ္စားလွယ္အေရအတြက္ ပိုၿပီး ရရွိခဲ႔တာ ျဖစ္ပါတယ္။

ဒီမိုကရက္တစ္ ပါတီဘက္မွာေတာ့ အထက္လႊတ္ေတာ္ အမတ္ Bernie Sanders က ကန္းဆက္စ္နဲ႔ နီဘရားစကား ျပည္နယ္ေတြမွာ အႏုိင္ရၿပီး ႏုိင္ငံျခားေရး ၀န္ႀကီးေဟာင္း Hillary Clinton က လူ၀ီစီယားနား ျပည္နယ္ ေရြးေကာက္ပြဲမွာ အျပတ္အသတ္ အႏုိင္ရသြားပါတယ္။ Hillary Clinton က ၿပိဳင္ဘက္ Bernie Sanders ထက္ ေရြးေကာက္ပြဲ ကိုယ္စားလွယ္ အေရအတြက္ ပိုအႏုိင္ရထားၿပီး ျပတ္ျပတ္သားသား ဦးေဆာင္ေနဆဲ ျဖစ္ပါတယ္။ Hillary Clinton က ပါတီညီလာခံ ကိုယ္စားလွယ္ ၁,၁၂၁ ဦး ရရွိထားၿပီး Bernie Sanders က ပါတီညီလာခံ ကိုယ္စားလွယ္ ၄၇၉ ဦးဘဲ ရရွိထားတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........

ကန်သမ္မတလောင်း ပဏာမရွေးချယ်ပွဲများ Donald Trump နဲ့ Hillary Clinton အသာရဆဲ
အမေရိကန် ပြည်ထောင်စုက ပြည်နယ် ငါးခုတို့မှာ မနေ့ စနေနေ့က ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီကြီး နှစ်ရပ်ရဲ့ သမ္မလောင်း ရွေးချယ်ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီကိုယ်စားပြု သမ္မတလောင်းတွေကို ရွေးချယ်နေကြတာ ဖြစ်ပါတယ်။ ပြည်နယ် လေးခုမှာ ကျင်းပတဲ့ ရီပတ်ဘလီကန် ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲမှာတော့ လက်ရှိအချိန်ထိ ထောက်ခံမှု အများဆုံး ရထားတဲ့ Donald Trump က လူဝီစီယားနားနဲ့ ကန်တပ်ကီ ပြည်နယ် နှစ်ခုမှာ အနိုင်ရပါတယ်။ အထက်လွှတ်တော်အမတ် Ted Cruz ကတော့ မိန်းနဲ့ ကန်းဆက်စ် ပြည်နယ် နှစ်ခုမှာ အနိုင်ရရှိထားပါတယ်။ အထက်လွှတ်တော် အမတ် Marco Rubio နဲ့ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့ကတော့ ပြည်နယ် လေးခုစလုံး ဘယ််မှာမှ အနိုင်ရတာ မရှိဘဲ နောက်ကနေ လိုက်နေပါတယ်။

တနင်္ဂနွေနေ့ အထိ ရလဒ်တွေ အရတော့ ရီပတ်ဘလီကန် ပါတီဘက်မှာ Donald Trump က ပါတီညီလာခံ ကိုယ်စားလှယ် ၃၇၈ ဦးနဲ့ ရှေ့ဆုံးက ဦးဆောင်နေဆဲ ဖြစ်ပြီး Ted Cruz က ပါတီ ညီလာခံ ကိုယ်စားလှယ် ၂၉၅ ဦး ရရှိထားပါတယ်။ မနေ့ စနေနေ့ ရွေးကောက်ပွဲမှာတော့ Ted Cruz က Donald Trump ထက် ကိုယ်စားလှယ်အရေအတွက် ပိုပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ် ပါတီဘက်မှာတော့ အထက်လွှတ်တော် အမတ် Bernie Sanders က ကန်းဆက်စ်နဲ့ နီဘရားစကား ပြည်နယ်တွေမှာ အနိုင်ရပြီး နိုင်ငံခြားရေး ၀န်ကြီးဟောင်း Hillary Clinton က လူဝီစီယားနား ပြည်နယ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရသွားပါတယ်။ Hillary Clinton က ပြိုင်ဘက် Bernie Sanders ထက် ရွေးကောက်ပွဲ ကိုယ်စားလှယ် အရေအတွက် ပိုအနိုင်ရထားပြီး ပြတ်ပြတ်သားသား ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ Hillary Clinton က ပါတီညီလာခံ ကိုယ်စားလှယ် ၁,၁၂၁ ဦး ရရှိထားပြီး Bernie Sanders က ပါတီညီလာခံ ကိုယ်စားလှယ် ၄၇၉ ဦးဘဲ ရရှိထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment