Madison အလယ္တန္း/ အထက္တန္းေက်ာင္းတြင္ ေသနတ္ပစ္ခတ္မႈ ျဖစ္ပြားၿပီးေနာက္ ေတြ႕ရစဥ္ (ဓာတ္ပုံ-အင္တာနက္) |
အိုဟိုင္းအိုးျပည္နယ္ရွိ ေက်ာင္း စားေသာက္ဆိုင္တစ္ခု၌ ေဖေဖာ္ဝါရီလ ၂၉ ရက္က အသက္ ၁၄ ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ႔မႈေၾကာင့္ ေက်ာင္းသား ၄ ဦး ဒဏ္ရာရခဲ႔ေၾကာင္း ေဒသခံ မီဒီယာ၏ သတင္းတင္ျပခ်က္အရ သိရသည္။
အေမရိကန္ တီဗီြနက္ခ္ဝပ္ ABC သတင္း႒ာနအရ အိုဟိုင္းအိုး ျပည္နယ္ Middletown ၿမိဳ႕ရွိ Madison အလယ္ တန္း/ အထက္တန္းေက်ာင္းက ေက်ာင္းသားႏွစ္ဦးကို ေသနတ္ ပစ္ခတ္မိျခင္း ျဖစ္ၿပီး က်န္ ႏွစ္ဦးမွာ ေသနတ္ က်ည္ဆံအစမ်ား ထိမွန္ခဲ႔ေသာေၾကာင့္ ဒဏ္ရာရျခင္းျဖစ္ေၾကာင္း သိရသည္။ ဒဏ္ရာရသူမ်ားအားလံုးမွာ မစိုးရိမ္ရေၾကာင္း သတင္း ၌ ေဖာ္ျပထားသည္။
ေဒသအုပ္ခ်ဳပ္ေရးမွဴး ရွာရစ္ဖ္ ရစ္ခ်က္ ဂ်ံဳး (Sheriff Richard Jones) က ေသနတ္ပစ္ခတ္သူမွာ ေသနတ္ကို ပစ္ခ်၍ ထြက္ေျပးသြားခဲ႔ေသာ္လည္း ေက်ာင္းဝင္းအတြင္းမွာပင္ ျပန္လည္ ဖမ္းမိခဲ႔ေၾကာင္း သတင္းစာရွင္းလင္း ပြဲ၌ ေျပာခဲ႔သည္။
ေသနတ္ပစ္ခတ္ခဲ႔ျခင္း အေၾကာင္းအား ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္းႏွင့္ ေသနတ္ပစ္ခတ္သူက ေသ နတ္ရရွိခဲ႔သည့္ အေၾကာင္းအား တာဝန္ရွိသူမ်ားက စံုစမ္းေနဆဲ ျဖစ္ေၾကာင္း ဂ်ံဳးက ေျပာသည္။
(Xinhua)
http://www.xinhuamyanmar.com
............
Madison အလယ်တန်း/ အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)
အိုဟိုင်းအိုးပြည်နယ်ရှိ ကျောင်း စားသောက်ဆိုင်တစ်ခု၌ ဖေဖော်ဝါရီလ ၂၉ ရက်က အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျောင်းသား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ မီဒီယာ၏ သတင်းတင်ပြချက်အရ သိရသည်။
အမေရိကန် တီဗွီနက်ခ်ဝပ် ABC သတင်းဋ္ဌာနအရ အိုဟိုင်းအိုး ပြည်နယ် Middletown မြို့ရှိ Madison အလယ် တန်း/ အထက်တန်းကျောင်းက ကျောင်းသားနှစ်ဦးကို သေနတ် ပစ်ခတ်မိခြင်း ဖြစ်ပြီး ကျန် နှစ်ဦးမှာ သေနတ် ကျည်ဆံအစများ ထိမှန်ခဲ့သောကြောင့် ဒဏ်ရာရခြင်းဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူများအားလုံးမှာ မစိုးရိမ်ရကြောင်း သတင်း ၌ ဖော်ပြထားသည်။
ဒေသအုပ်ချုပ်ရေးမှူး ရှာရစ်ဖ် ရစ်ချက် ဂျုံး (Sheriff Richard Jones) က သေနတ်ပစ်ခတ်သူမှာ သေနတ်ကို ပစ်ချ၍ ထွက်ပြေးသွားခဲ့သော်လည်း ကျောင်းဝင်းအတွင်းမှာပင် ပြန်လည် ဖမ်းမိခဲ့ကြောင်း သတင်းစာရှင်းလင်း ပွဲ၌ ပြောခဲ့သည်။
သေနတ်ပစ်ခတ်ခဲ့ခြင်း အကြောင်းအား ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် သေနတ်ပစ်ခတ်သူက သေ နတ်ရရှိခဲ့သည့် အကြောင်းအား တာဝန်ရှိသူများက စုံစမ်းနေဆဲ ဖြစ်ကြောင်း ဂျံုးက ပြောသည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment