အင်ဒိုနီးရှားက ဆူမားတြားကျွန်းရဲ့ တချို့နေရာတွေမှာ ဗုဒ္ဓဟူးနေ့က ပြင်းအား ၇.၈ ရှိတဲ့ အားပြင်း မြေတိမ်ငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် ဆူနာမီသတိပေးချက်တွေ ချက်ခြင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အန္တရာယ်ကျရောက်နိုင်တဲ့ အဆင့် လွန်မြောက်သွားခဲ့ချိန်အထိ သိသာထင်ရှားတဲ့ ပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ပါဘူး။
လူတချို့ သေဆုံးမှု ရှိတယ်လို့ ဆိုပေမဲ့ ဂျကာတာ အမျိုးသား ကယ်ဆယ်ရှာဖွေရေး အေဂျင်စီက အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပေမဲ့ ဆူမားတြားအနောက်ဘက် ကမ်းတလျှောက် ညအချိန်ရောက်နေတဲ့အတွက် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
..............
အင်ဒိုနီးရှားက ဆူမားတြားကျွန််းရဲ့ တချို့နေရာတွေမှာ ဗုဒ္ဓဟူးနေ့က ပြင်းအား ရ.၈ ရှိတဲ့ အားပြင်း မြေတိမ်ငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် ဆူနာမီသတိပေးချက်တွေ ချက်ခြင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့့ အန္တရာယ်ကျရောက်နိုင်တဲ့ အဆင့့် လွန်မြောက်သွားခဲ့ချိန်အထိ သိသာထင်ရှားတဲ့ ပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ပါဘူး။
လူတချို့ သေဆုံးမှု ရှိတယ်လို့ ဆိုပေမဲ့့ ဂျကာတာ အမျိုးသား ကယ်ဆယ်ရှာဖွေရေး အေဂျင်စီက အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပေမဲ့့ ဆူမားတြားအနောက်ဘက် ကမ်းတလျှောက် ညအချိန်ရောက်နေတဲ့အတွက် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ငလျင်ကြောင့် ပဒန်းမြို့နဲ့ တခြားဒေသတွေမှာ ဒေသခံတွေ ထိတ်လန့်တကြား နေအိမ်တွေကနေ ထွက်ပြေးကြပေမဲ့့ ညအချိန်ရောက်တာနဲ့ တဖြေးဖြေး ပြန်ပြီး တည်ငြိမ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပဒန်းမြို့ဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ငလျင်ကြောင့် ရာနဲ့ချီ ထိခိုက်သေဆုံးမှု ဖြစ်ခဲ့တဲ့ဒဏ်ကို ခံခဲ့ရတာပါ။
ဗုဒ္ဓဟူးနေ့က ပြင်းအား ရ.၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသအများစုဟာ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတုန်းက အိန္ဒိယသမုဒ္ဒရာ ဆူနာမီရေလှိုင်းတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့နေရာတွေ ဖြစ်ပါတယ်။ အဲဒီ ဆူနာမီဒဏ်ကြောင့် နိုင်ငံပေါင်း တဒါဇင်လောက်မှာ လူပေါင်း ၂ သိန်းခွဲလောက် သေဆုံးခဲ့ရတာပါ။ လှုပ်ခတ်ခဲ့တဲ့ ငလျင်က ပြင်းအားပိုများပြီး ပြင်းအားက ၉.၁ ရှိပါတယ်။
အင်ဒိုနီးရှားမှာ ငလျင်လှုပ်တဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ ၅၀ က ဆူနာမီသတိပေးချက် ချက်ခြင်းပဲ ထုတ်ပြန်ခဲ့ရပြီး နောက်နာရီ အတော်ကြာမှာတော့ ပြန်ပြီး ဖျက်သိမ်းပေးခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment