ISIS က အမ်ိဳးသမီးဂ်ီဟက္ မ်ားအား လစ္ဗ်ား၌ ျဖန္႔ၾကက္ (ISIS က အမျိုးသမီးဂျီဟက် များအား လစ်ဗျား၌ ဖြန့်ကြက် )


လန္ဒန္ ၊ ၄-၃-၂၀၁၆

ISIS စစ္ေသြးၾကြ မ်ားသည္ ပထမဆံုး အႀကိမ္အျဖစ္ ၄င္းတို႔၏၄အမ်ဳိးသမီး ဂ်ီဟက္ အဖြဲ႕ဝင္ မ်ားကို လစ္ဗ်ားႏုိင္ငံ အေနာက္ပိုင္း တြင္ ျဖန္႔ၾကက္ လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။

ISIS စစ္ေသြးၾကြ မ်ားသည္ အဆုိပါ အမ်ဳိးသမီး ဂ်ီဟက္မ်ားကို လစ္ဗ်ားႏုိင္ငံ အတြင္း အေသခံ ဗံုးခြဲ တုိက္ခိုက္မႈမ်ား ျပဳလုပ္ရန္ ေစခိုင္းသြား မည္ျဖစ္ေၾကာင္း ISIS အဖြဲ႕၏ စစ္ေကာင္စီ အႀကီးအကဲ တာဟာအယ္လ္ ဂါရာဘီ က ၿဗိတိန္ သတင္းစာႀကီး တစ္ေစာင္ ျဖစ္သည့္ The Time သတင္းစာအား ေျပာၾကား ထားသည္။

အမ်ဳိးသမီး ဂ်ီဟက္ မ်ားသည္ ယခုအခါ အမ်ဳိးသား စစ္ေသြးၾကြ မ်ားႏွင့္ ရင္ေပါင္တန္း၍ လစ္ဗ်ား အစိုးရတပ္ မ်ားအား တုိက္ခိုက္လ်က္ ရွိေၾကာင္း၊ လြန္ခဲ့သည့္ ရက္သတၱပတ္ အတြင္းက ဆာဘရာသာၿမိဳ႕ ၌ ျဖစ္ပြားခဲ့ေသာ တုိက္ခိုက္မႈ မ်ားတြင္ အမ်ဳိးသမီး ဂ်ီဟက္ သံုးဦး ေသဆံုးခဲ့ၿပီး တျခား ခုနစ္ဦးမွာ တူနီးရွားႏုိင္ငံ အတြင္း ဖမ္းဆီးခံထား ရသည္ဟု ယူဆရေၾကာင္း အယ္လ္ဂါရာဘီ က ထပ္ေလာင္း ေျပာၾကားသည္။

အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရာတြင္ ISIS စစ္ေသြးၾကြ မ်ားက အမ်ဳိးသမီး ဂ်ီဟက္ မ်ားကို အသံုးျပဳ လာျခင္းသည္ လစ္ဗ်ား အစိုးရ အတြက္ စိုးရိမ္မႈကို ျဖစ္ေပၚ ေစခဲ့ေၾကာင္း သိရသည္။

PyiChitThar
http://www.pyichitthar.com
.............


လန်ဒန် ၊ ၄-၃-၂၀၁၆

ISIS စစ်သွေးကြွ များသည် ပထမဆုံး အကြိမ်အဖြစ် ၄င်းတို့၏၄အမျိုးသမီး ဂျီဟက် အဖွဲ့ဝင် များကို လစ်ဗျားနိုင်ငံ အနောက်ပိုင်း တွင် ဖြန့်ကြက် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ အမျိုးသမီး ဂျီဟက်များကို လစ်ဗျားနိုင်ငံ အတွင်း အသေခံ ဗုံးခွဲ တိုက်ခိုက်မှုများ ပြုလုပ်ရန် စေခိုင်းသွား မည်ဖြစ်ကြောင်း ISIS အဖွဲ့၏ စစ်ကောင်စီ အကြီးအကဲ တာဟာအယ်လ် ဂါရာဘီ က ဗြိတိန် သတင်းစာကြီး တစ်စောင် ဖြစ်သည့် The Time သတင်းစာအား ပြောကြား ထားသည်။

အမျိုးသမီး ဂျီဟက် များသည် ယခုအခါ အမျိုးသား စစ်သွေးကြွ များနှင့် ရင်ပေါင်တန်း၍ လစ်ဗျား အစိုးရတပ် များအား တိုက်ခိုက်လျက် ရှိကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက ဆာဘရာသာမြို့ ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု များတွင် အမျိုးသမီး ဂျီဟက် သုံးဦး သေဆုံးခဲ့ပြီး တခြား ခုနစ်ဦးမှာ တူနီးရှားနိုင်ငံ အတွင်း ဖမ်းဆီးခံထား ရသည်ဟု ယူဆရကြောင်း အယ်လ်ဂါရာဘီ က ထပ်လောင်း ပြောကြားသည်။

အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ISIS စစ်သွေးကြွ များက အမျိုးသမီး ဂျီဟက် များကို အသုံးပြု လာခြင်းသည် လစ်ဗျား အစိုးရ အတွက် စိုးရိမ်မှုကို ဖြစ်ပေါ် စေခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment