တစ္ျဖည္းျဖည္းလူသံုးမ်ားလာတဲ့ လူမႈကြန္ရက္ LinkedIn ရဲ ႔ အမႈေဆာင္အရာရွိခ်ဳပ္ Jeff Weiner ဟာ ကုမၼဏီ ရဲ ႔ ေလ်ာ့က်လာတဲ့ စေတာ့ တန္ဖိုးေတြကို ေလ်ာ္ေၾကးေပးဖို႔အတြက္ ၀န္ထမ္းေတြကို ေဒၚလာ ၁၄ သန္းတန္ေၾကးရွိတဲ့ သူ႔ရဲ ႔ကိုယ္ပိုင္ စေတာ့ ရွယ္ယာမ်ား ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။
Mashable သတင္းဌာန ရဲ ႔ ေဖာ္ျပခ်က္အရေတာ့ LinkedIn ရဲ ႔ အျမတ္ေငြတင္ျပခ်က္ေတြဟာ ရင္းႏွီးျမႈပ္ႏွံသူေတြကို စိတ္ေက်နပ္မႈ မေပးစြမ္းႏိုင္ခဲ့ပဲ အျခားေရြးခ်ယ္စရာေတြကို ရွာေဖြေစဖို႔ ျဖစ္လာခဲ့ပါတယ္။
ရလဒ္အေနနဲ႔ကေတာ့ LinkedIn လူမႈကြန္ရက္ ရဲ ႔ ေစ်းကြက္ တန္ဖိုးေတြဟာ ၁၉၂ ေဒၚလာ ခန္႔ကေန ၁၀၈ ေဒၚလာ ခန္႔အထိ ထိုးက်သြားခဲ့တယ္လို႔ Yahoo! သတင္းက ေဖာ္ျပထားပါတယ္။ ထို ရွယ္ယာတန္ဖိုး က်ဆင္းလာမႈ ဟာ ၀န္ထမ္းေတြ ပိုင္ဆိုင္တဲ့ ရွယ္ယာေတြမွာပါ ထိခိုက္သြားခဲ့ၿပီး မႏွစ္ကမွ အလုပ္စ၀င္တဲ့ ၀န္ထမ္းေတြအေပၚ အဓိက သက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။
ဒါေၾကာင့္ ပထမဆံုးအေနနဲ႔ LinkedIn ရဲ ႔ အမႈေဆာင္အရာရွိခ်ဳပ္ Jeff Weiner ဟာ သူ႔ရဲ ႔ ကိုယ္ပိုင္ရွယ္ယာအခ်ိဳ႕ကို ၀န္ထမ္းေတြအတြက္ ေလ်ာ္ေၾကးေပးတဲ့အေနနဲ႔ ရွယ္ယာ အပိုဆု သေဘာမ်ိဳး ေပးအပ္ခဲ့တာပဲ ျဖစ္ပါတယ္။
( Mario )
#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com
Ref : UPI
...........................................................
LinkedIn ရဲ ့ CEO က ၀န်ထမ်းတွေကို ကိုယ်ပိုင် ရှယ်ယာအချို ့ လျော်ကြေးပေး
တစ်ဖြည်းဖြည်းလူသုံးများလာတဲ့ လူမှုကွန်ရက် LinkedIn ရဲ ့ အမှုဆောင်အရာရှိချုပ် Jeff Weiner ဟာ ကုမ္မဏီ ရဲ ့ လျော့ကျလာတဲ့ စတော့ တန်ဖိုးတွေကို လျော်ကြေးပေးဖို့အတွက် ၀န်ထမ်းတွေကို ဒေါ်လာ ၁၄ သန်းတန်ကြေးရှိတဲ့ သူ့ရဲ ့ကိုယ်ပိုင် စတော့ ရှယ်ယာများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Mashable သတင်းဌာန ရဲ ့ ဖော်ပြချက်အရတော့ LinkedIn ရဲ ့ အမြတ်ငွေတင်ပြချက်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ကျေနပ်မှု မပေးစွမ်းနိုင်ခဲ့ပဲ အခြားရွေးချယ်စရာတွေကို ရှာဖွေစေဖို့ ဖြစ်လာခဲ့ပါတယ်။
ရလဒ်အနေနဲ့ကတော့ LinkedIn လူမှုကွန်ရက် ရဲ ့ စျေးကွက် တန်ဖိုးတွေဟာ ၁၉၂ ဒေါ်လာ ခန့်ကနေ ၁၀၈ ဒေါ်လာ ခန့်အထိ ထိုးကျသွားခဲ့တယ်လို့ Yahoo! သတင်းက ဖော်ပြထားပါတယ်။ ထို ရှယ်ယာတန်ဖိုး ကျဆင်းလာမှု ဟာ ၀န်ထမ်းတွေ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေမှာပါ ထိခိုက်သွားခဲ့ပြီး မနှစ်ကမှ အလုပ်စဝင်တဲ့ ၀န်ထမ်းတွေအပေါ် အဓိက သက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ပထမဆုံးအနေနဲ့ LinkedIn ရဲ ့ အမှုဆောင်အရာရှိချုပ် Jeff Weiner ဟာ သူ့ရဲ ့ ကိုယ်ပိုင်ရှယ်ယာအချို့ကို ၀န်ထမ်းတွေအတွက် လျော်ကြေးပေးတဲ့အနေနဲ့ ရှယ်ယာ အပိုဆု သဘောမျိုး ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : UPI
0 comments:
Post a Comment