ေတာင္ကိုရီးယား စစ္ဘက္ရဟတ္ယာဥ္ပ်က္က် တပ္ဖြဲ႔ဝင္သံုးဦးေသဆံုး
ဆိုးလ္ ေဖေဖာ္ဝါရီ ၁၅
ေဖေဖာ္ဝါရီ ၁၅ ရက္ နံနက္က ေတာင္ကုိရီးယားႏုိင္ငံအေရွ႕ပုိင္း ခ်မ္ခြန္ၿမိဳ႕ေတာ္ရွိ လူေနရပ္ကြက္တစ္ခုအနီးတြင္ ေတာင္ကိုရီးယားတပ္မေတာ္မွ ရဟတ္ယာဥ္တစ္စင္း စမ္းသပ္ပ်ံသန္းမႈတစ္ခုအတြင္း ပ်က္က်ခဲ့ရာ တပ္ဖြဲ႕ဝင္သံုးဦးေသဆံုးခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားသည္။
ရဟတ္ယာဥ္ေပၚပါ အမႈထမ္းေလးဦးစလံုး ဒဏ္ရာျပင္းထန္စြာရရွိခဲ့ၿပီး ၄င္းတို႔အနက္သံုးဦးမွာ ေဆး႐ုံ၌ေသဆံုးသြားခဲ့ေၾကာင္း အဆိုပါဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့သည္။
UH-1H Iroquois စစ္ရဟတ္ယာဥ္သည္ ဌာနခ်ဳပ္ တည္ရွိရာအရပ္မွ စတင္ထြက္ခြာၿပီးမၾကာမီ ပ်က္က်ခဲ့ေၾကာင္း ေတာင္ကုိရီးယားအေျခစုိက္ ယြန္ဟပ္သတင္း ဌာနကဆုိသည္။ ရဟတ္ယာဥ္ပ်က္က်မႈမွာ ဆိုးလ္ၿမိဳ႕ေတာ္ မွ ကီလိုမီတာ ၁၁ဝ (၆၈ မိုင္) ခန္႔ကြာေဝးေသာ ႏုိင္ငံအေရွ႕ ပိုင္းရွိ ခ်မ္ခြန္ၿမိဳ႕ေတာ္၌ ေဖေဖာ္ဝါရီ ၁၅ ရက္ နံနက္ ၁ဝ နာရီ ဝန္းက်င္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ရဟတ္ယာဥ္ပ်က္က်ရသည့္ အေၾကာင္းရင္းကို တာဝန္ရွိသူမ်ားက စံုစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။
႐ုိက္တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
..........................................................
ဆိုးလ် ဖေဖော်ဝါရီ ၁၅
ဖေဖော်ဝါရီ ၁၅ ရက် နံနက်က တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ချမ်ခွန်မြို့တော်ရှိ လူနေရပ်ကွက်တစ်ခုအနီးတွင် တောင်ကိုရီးယားတပ်မတော်မှ ရဟတ်ယာဉ်တစ်စင်း စမ်းသပ်ပျံသန်းမှုတစ်ခုအတွင်း ပျက်ကျခဲ့ရာ တပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ရဟတ်ယာဉ်ပေါ်ပါ အမှုထမ်းလေးဦးစလုံး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၄င်းတို့အနက်သုံးဦးမှာ ဆေးရုံ၌သေဆုံးသွားခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
UH-1H Iroquois စစ်ရဟတ်ယာဉ်သည် ဌာနချုပ် တည်ရှိရာအရပ်မှ စတင်ထွက်ခွာပြီးမကြာမီ ပျက်ကျခဲ့ကြောင်း တောင်ကိုရီးယားအခြေစိုက် ယွန်ဟပ်သတင်း ဌာနကဆိုသည်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ ဆိုးလ်မြို့တော် မှ ကီလိုမီတာ ၁၁ဝ (၆၈ မိုင်) ခန့်ကွာဝေးသော နိုင်ငံအရှေ့ ပိုင်းရှိ ချမ်ခွန်မြို့တော်၌ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁ဝ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
0 comments:
Post a Comment