ရုရွားတြင္ ဓါတ္ေငြ႔ ေပါက္ကြဲမႈ ေၾကာင့္ လူေန အေဆာက္အအံု ၿပိဳက်ကာ လူ ၃၉ ဦး ပိတ္မိေန
ေမာ္စကို၊ ေဖေဖာ္ဝါရီ ၁၆ ရက္ (ဆင္ဟြာ)
ရုရွားႏိုင္ငံ Yaroslavl ၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႕ နံနက္ပိုင္းက သဘာဝ ဓါတ္ေငြ႕ ေပါက္ကြဲမႈ တစ္ခု ျဖစ္ပြားခဲ့ၿပီး လူေန အေဆာက္အအံု တစ္လံုး ၿပိဳက်ခဲ့ကာ အပ်က္အစီးမ်ား ၾကားတြင္ လူအမ်ားအျပား ပိတ္မိ ေနေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။
ကနဦး သတင္း အခ်က္အလက္မ်ား အရ လူေန အေဆာက္အအံု တိုက္တန္းမ်ား အနက္ တိုက္တစ္တိုက္၏ စုစုေပါင္း တိုက္ခန္း ၁၀ ခန္းရွိသည့္ ၁ ထပ္မွ ၅ ထပ္ေျမာက္သည္ ေပါက္ကြဲမႈေၾကာင့္ ၿပိဳက်ခဲ့ေၾကာင္း ရုရွားႏိုင္ငံ အေရးေပၚ အေျခအေနမ်ားဆိုင္ရာ ဝန္ႀကီးဌာနက ၄င္း၏ အင္တာနက္ စာမ်က္ႏွာ၌ ေဖာ္ျပခဲ့သည္။
လူ ၃၉ ဦးေက်ာ္သည္ အပ်က္အစီး အက်ဳိးအပဲ့မ်ား ေအာက္တြင္ ပိတ္မိေနသည္ဟု ခန္႕မွန္းရေၾကာင္း ႏွင့္ ေဒသ စံေတာ္ခ်ိန္ ၄း၂၀ နာရီ (ဂရင္းနစ္ စံေတာ္ခ်ိန္ 0120) တြင္ သတိေပးခ်က္ ရရွိၿပီးေနာက္ မီးသတ္ဝန္ထမ္း မ်ားသည္ ယင္းေနရာသုိ႕ အလ်င္အျမန္ သြားေရာက္ကာ ကယ္ဆယ္ေရးႏွင့္ ရွာေဖြေရး လုပ္ငန္းမ်ားအား လုပ္ေဆာင္ေနေၾကာင္း အဆိုပါ စာမ်က္ႏွာတြင္ ေရးသားခဲ့သည္။
ေပါက္ကြဲမႈေၾကာင့္ မီးေလာင္မႈ ႀကီးႀကီးမားမား မရွိခဲ့ေသာ္လည္း အေဆာက္အအံုသည္ ထပ္မံ ၿပိဳက်ႏိုင္ေသး ေၾကာင္း အာဏာပိုင္မ်ားက သတိေပး ေျပာၾကားခဲ့သည္။
(Xinhua)
http://www.xinhuamyanmar.com
......
မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Yaroslavl မြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက သဘာဝ ဓါတ်ငွေ့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လူနေ အဆောက်အအုံ တစ်လုံး ပြိုကျခဲ့ကာ အပျက်အစီးများ ကြားတွင် လူအများအပြား ပိတ်မိ နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ကနဦး သတင်း အချက်အလက်များ အရ လူနေ အဆောက်အအုံ တိုက်တန်းများ အနက် တိုက်တစ်တိုက်၏ စုစုပေါင်း တိုက်ခန်း ၁၀ ခန်းရှိသည့် ၁ ထပ်မှ ၅ ထပ်မြောက်သည် ပေါက်ကွဲမှုကြောင့် ပြိုကျခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက ၄င်း၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြခဲ့သည်။
လူ ၃၉ ဦးကျော်သည် အပျက်အစီး အကျိုးအပဲ့များ အောက်တွင် ပိတ်မိနေသည်ဟု ခန့်မှန်းရကြောင်း နှင့် ဒေသ စံတော်ချိန် ၄း၂၀ နာရီ (ဂရင်းနစ် စံတော်ချိန် 0120) တွင် သတိပေးချက် ရရှိပြီးနောက် မီးသတ်ဝန်ထမ်း များသည် ယင်းနေရာသို့ အလျင်အမြန် သွားရောက်ကာ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများအား လုပ်ဆောင်နေကြောင်း အဆိုပါ စာမျက်နှာတွင် ရေးသားခဲ့သည်။
ပေါက်ကွဲမှုကြောင့် မီးလောင်မှု ကြီးကြီးမားမား မရှိခဲ့သော်လည်း အဆောက်အအုံသည် ထပ်မံ ပြိုကျနိုင်သေး ကြောင်း အာဏာပိုင်များက သတိပေး ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment