![]() |
က်ဴးဘားသမၼတနဲ႔ အေမရိကန္သမၼတတို႔ ေတြ႔ဆံုခဲ့ၾကစဥ္။ (ဧၿပီ ၁၁၊ ၂၀၁၅) |
အာဂ်င္တီးနားနုိင္ငံကို မသြားခင္ က်ဴးဘားနုိင္ငံကို မတ္လ ၂၁ ရက္နဲ႔ ၂၂ ရက္မွာ အိုဘားမား သြားေရာက္ဖို႔ စီစဥ္ထားတယ္္လို႔ CNN သတင္းဌာနကေျပာပါတယ္။ အိုဘားမားရဲ ႔ သမၼတ သက္တမ္းကုန္ဆုံးမယ့္ ဇန္နဝါရီလ ၂၀၁၇ မတိုင္ခင္ က်ဴးဘားနုိင္ငံနဲ႔ ဆက္ဆံေရး တိုးတက္ဖို႔ အတတ္နုိင္ဆုံး ႀကိဳးပမ္းတဲ႔အေနနဲ႔ က်ဴးဘားကို သြားေရာက္လိမ္႔မယ္ဆိုၿပီး အရင္ကတည္းက ခန္႔မွန္းမႈေတြ ရွိေနတာပါ။
ၿပီးခဲ႔တဲ႔ႏွစ္က က်ဴးဘားနုိင္ငံမွာ အေမရိကန္ သံရုံးျပန္လည္ ဖြင္႔လွစ္ၿ႔ပီးတဲ႔ေနာက္ အိုဘားမားရဲ႕ ခရီးစဥ္ျဖစ္ေပၚလာတာလည္းျဖစ္ပါတယ္။ အေမရိကန္္နဲ႔ က်ဴးလားျပည္သူေတြ စီးပြါးေရးအရေျပးဆြဲတဲ႔ ပုံမွန္ ေလယာဥ္ခရီးစဥ္နဲ႔ အျပန္အလွန္ ခရီးသြားလာနိုင္ေတာ႔မွာျဖစ္တယ္လို ၿပီးခဲ႔တဲ႔ သီတင္းပတ္ကပဲ အေမရိကန္အရာရွိေတြက ေၾကညာခဲ႔ပါတယ္။
ခုလိုေလယာဥ္ ပ်ံသန္းေရးသေဘာတူညီမႈဟာ ႏွစ္နုိင္ငံၾကာ သံတမန္ ဆက္ဆံေရးျပန္လည္စတင္ဖို႔ အိုဘားမားရဲ ႔ ၂၀၁၄ခုႏွစ္တြင္းက ႀကိဳးပမ္းမႈရဲ႕ တစိတ္တပိုင္းလည္း ျဖစ္ပါတယ္။ အိုဘားမားဟာ က်ဴးဘားနုိင္ငံကို ၁၀ စုႏွစ္ေတြ အတြင္း လက္ရွိသမၼတ ရာထူးနဲ႔ သြားေရာက္တဲ႔ ပထမဆုံး ပုဂၢိဳလ္လည္းျဖစ္လာပါလိမ္႔မယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
....................................
ကျူးဘားသမ္မတနဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံခဲ့ကြစဉ်။ (ဧပြီ ၁၁၊ ၂၀၁၅)
စစ်အေးကာလ ရန်ဘက်နိုင်ငံတွေဖြစ်ခဲ့ကြတဲ့ အမေရိကန်နဲ့ ကျုးဘားနိုင်ငံတို့ကြား အဓိကကျတဲ့ ဆက်သွယ်ရေးခြေလှမ်းတရပ်ပြန်လည်တည်ဆောက်တဲ့အနေနဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ ကျုးဘားနိုငံကို နောက်လတွင်း သွားရောက် လည်ပတ်လိမ့်မယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။ အိုဘားမားရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကြာသပတေးနေ့မှာ တရားဝင်သတင်းထုတ်ပြန်မှာဖြစ်သလို ဒါဟာ သမ္မတ အိုဘားမားရဲ ့ လက်တင်အမေရိက ခရီးစဉ်ရဲ ့ တစိတ်တပိုင်းဖြစ် တယ်လို့ အဆင့်မြင့်အရာရှိတယောက်ကပြောပါတယ်။
အာဂျင်တီးနားနိုင်ငံကို မသွားခင် ကျူးဘားနိုင်ငံကို မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်မှာ အိုဘားမား သွားရောက်ဖို့ စီစဉ်ထားတယ််လို့ CNN သတင်းဌာနကပြောပါတယ်။ အိုဘားမားရဲ ့ သမ္မတ သက်တမ်းကုန်ဆုံးမယ့် ဇန်နဝါရီလ ၂၀၁၇ မတိုင်ခင် ကျူးဘားနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းတဲ့အနေနဲ့ ကျူးဘားကို သွားရောက်လိမ့်မယ်ဆိုပြီး အရင်ကတည်းက ခန့်မှန်းမှုတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့နှစ်က ကျူးဘားနိုင်ငံမှာ အမေရိကန် သံရုံးပြန်လည် ဖွင့်လှစ်ြ့ပီးတဲ့နောက် အိုဘားမားရဲ့ ခရီးစဉ်ဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။ အမေရိကန််နဲ့ ကျူးလားပြည်သူတွေ စီးပွါးရေးအရပြေးဆွဲတဲ့ ပုံမှန် လေယာဉ်ခရီးစဉ်နဲ့ အပြန်အလှန် ခရီးသွားလာနိုင်တော့မှာဖြစ်တယ်လို ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန်အရာရှိတွေက ကြေညာခဲ့ပါတယ်။
ခုလိုလေယာဉ် ပျံသန်းရေးသဘောတူညီမှုဟာ နှစ်နိုင်ငံကြာ သံတမန် ဆက်ဆံရေးပြန်လည်စတင်ဖို့ အိုဘားမားရဲ ့ ၂၀၁၄ခုနှစ်တွင်းက ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ အိုဘားမားဟာ ကျူးဘားနိုင်ငံကို ၁၀ စုနှစ်တွေ အတွင်း လက်ရှိသမ္မတ ရာထူးနဲ့ သွားရောက်တဲ့ ပထမဆုံး ပုဂ္ဂိုလ်လည်းဖြစ်လာပါလိမ့်မယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment